ကျွန်တော်တို့အများစုဟာ အချိန်အများစုကို ကိုယ့်စိတ်ထဲမှာ ကုန်ဆုံးကြတဲ့သူတွေ ဖြစ်ပါတယ်။ စိတ်ထဲမှာ တွေးတဲ့အတွေးတွေ အတော်များများကလည်း အဆိုးမြင်တဲ့ Negative အမြင်တွေ ဖြစ်ကြပါတယ်။ Negative အမြင်တွေဟာ စိတ်ကျန်းမာရေးကို ထိခိုက်စေတဲ့အရာတွေဖြစ်လို့ စိတ်ထဲမှာ ဝင်ရောက်လာတိုင်း အမြဲလှည်းကျင်းပေးဖို့ လိုပါလိမ့်မယ်။ ဒီအတွက် နည်းလမ်းလေးတွေလည်း မျှဝေချင်ပါတယ်။
(၁) တခြားသူ အမြင်ကနေ ကြည့်တတ်အောင် ကြိုးစားပါ

Photo: Freepik
ငါပဲ ဒုက္ခရောက်နေတယ်။ ပြဿနာဆို ငါ့ဆီချည်းလာတယ်လို့ မြင်နေရင် သူများတွေလည်း ဒီအတိုင်းပဲလို့ မြင်တတ်ပါစေ။ အခက်အခဲတွေကြုံလာပြီဆိုရင် ကိုယ်တစ်ယောက်တည်းမဟုတ်ဘူးဆိုတဲ့ စိတ်နဲ့ မာန်တင်းပါ။ မှောင်မည်းရှည်လျားလှတဲ့ ဥမင်ရဲ့ အဆုံးမှာ အလင်းရှိတယ်ဆိုတာ ယုံကြည်မှုထားပါ။
(၂) မိတ်ဆွေကောင်းတွေနဲ့ စကားပြောပါ

Photo: Freepik
အဆိုးမြင်နေတယ်ဆိုရင် အကောင်းဘက်က ကြည့်တဲ့ မိတ်ဆွေနဲ့ မိသားစုဝင်တွေဆီက အကြံတောင်းပါ။ သူတို့ ဘယ်လိုမြင်သလဲ ၊ ကိုယ့်အခြေအနေအတွက် ဘယ်လို အထောက်အကူပေးနိုင်မလဲဆိုတာ သူတို့ဆီက သင်ယူပါ။
(၃) ကျေးဇူးတင်တတ်တဲ့ အလေ့လုပ်ပါ

Photo: Freepik
တစ်ခုခုကို မကောင်းမြင်မိတဲ့အခါ အဆိုးမြင်နေတဲ့အတွေးတွေ ခဏရပ်ထားပြီး ကျေးဇူးတင်တတ်တဲ့ဘက်ကနေ ကြည့်တဲ့ အကျင့်လုပ်ကြည့်ပါ။ ကျေးဇူးတင်ခြင်း မှန်ပြောင်းဝနဲ့ လှမ်းကြည့်လိုက်တဲ့အခါ အရာရာဟာ လှပပြီး ချစ်စရာကောင်းသွားတော့မှာ ဖြစ်ပါတယ်။
(၄) အတွေးတွေကို ချိန်ကွက်ပြောင်းပါ

Photo: Freepik
အဆိုးမြင်ခြင်းဟာ ဘယ်တော့မှ ပရိုမိုးရှင်းမလုပ်သင့်တဲ့ သဘောထားလို့ ခံယူလိုက်ပါ။ ကိုယ့်အတွေးတွေရဲ့ ချိန်ကွက်ပြောင်းလိုက်ပါ။ အမြင်ပြောင်းသွားရင် သဘောထားတွေ ပြောင်းတတ်ပါတယ်။ ကောင်းတာတွေ များများတွေး ၊ ကောင်းတာပဲ များများလုပ် ၊ အဆိုးသဘောဆောင်တဲ့ အတားအဆီးတွေကို ကျော်ပြီး ကြည့်တတ်အောင် လုပ်ပါ။
