ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ဖို့ ခက်တယ်ဆိုတာမှန်ပါတယ်။ ဒါပေမယ့် လက်ရှိကမ္ဘာပေါ်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ချမ်းသာအောင်မြင်နေတဲ့ ဘီလီယံနာတွေရှိတယ်ဆိုတာလည်း မမေ့ပါနဲ့။ အောင်မြင်ဖို့ဆိုတာ အသက်အရွယ်အရအရေးပါတယ်ဆိုပေမယ့် ခံယူချက် ၊ ကြိုးစားမှု ၊ ဇွဲ့လုံလထက်သန်ရင် အောင်မြင်လာနိုင်မှာဖြစ်ပါတယ်။ ဒါဆို ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ ဘာတွေလုပ်ရမလဲဆိုတာ ပြောပြပေးပါမယ်။

(၁) စိတ်ဝင်စားတဲ့အရာကိုလုပ်ပါ


Photo : Unsplash

ကိုယ်တကယ်စိတ်အားထက်သန်မှုရှိတဲ့ အလုပ်ကို လုပ်ကိုင်ခြင်းဟာ ကျေနပ်ပျော်ရွှင်စရာကောင်းသလို အောင်မြင်ဖို့လည်း ရာခိုင်နှုန်းပိုများပါတယ်။ ကိုယ်ဘယ်အရာတွေကို ဝါသနာပါလဲ ၊ ဘယ်အရာအပေါ်စိတ်ဝင်စားမှုရှိလဲဆိုတာ ဆန်းစစ်ပြီး ကိုယ်စိတ်ဝင်စားတဲ့လမ်းကြောင်းကို လျောက်ပါ။

(၂) အောင်မြင်သူတွေကိုချည်းကပ်ပါ

Photo : Center for Creative Leadership

အောင်မြင်သူတွေဆီကနေ အတွေ့အကြုံကောင်းတွေ ၊ သင်ခန်းစာတွေများစွာရနိုင်ပါတယ်။ သူတို့လမ်းကြောင်းကို သင်လိုက်လျောက်ဖို့ဆိုတာထက် သူတို့ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ အဆိုးအကောင်းအကျိုးကြောင်းတွေကို လေ့လာသင်ယူပြီး သင့်ဘဝအတွက် လိုအပ်မယ့်အရာတွေကို အကောင်းဆုံးကြိုတင်ပြင်ဆင်သွားနိုင်မှာဖြစ်ပါတယ်။

(၃) ဇွဲသန်မှုရှိပါစေ

Photo : iProperty

အောင်မြင်မှုကို နေ့ချင်းညချင်းလိုချင်တောင်းတလို့မရသလို ဒီနေ့စိတ်အားထက်သန်ပြီး မနက်ဖန်မှာ စိတ်မပါလို့ရပ်နေတာမျိုးလည်း လုပ်လို့မရပါဘူး။ အမှန်တကယ် အောင်မြင်ချင်ရှိ ဇွဲသန်မှုရှိရမယ် ၊ တစိုက်မတ်မတ်ကြိုးစားလုပ်ဆောင်သွားရမှာဖြစ်ပါတယ်။

(၄) အကောင်းဆုံးကြိုးစားပါ

Photo : Medium

အောင်မြင်မှုဆိုတဲ့ ရလဒ်ကိုလိုချင်ရင် အကောင်းဆုံး သင်စွမ်းနိုင်သမျှ အစွမ်းကုန် ကြိုးစားအားထုတ်သွားရမှာဖြစ်ပါတယ်။ ကြိုးစားမှုဟာ ပိုတယ်မရှိပါဘူး။ သင်အကောင်းဆုံးကြိုးစားရင် အကောင်းရလဒ်တွေပိုင်ဆိုင်ရမှာဖြစ်ပါတယ်။

Featured Photo : Ashton College