အိပ်မက်တွေကဈေးကြီးတယ်လို့တစ်ချို့ကတော့ ပြောကြပါတယ်။ဟုတ်ပါတယ်။ ကိုယ်အိပ်မက်တွေက ဈေးကြီးလို့ လက်ပိုက်ပြီးပဲကြည့်နေမယ်ဆိုရင်တော့ ဘာမှရလာမှာမဟုတ်ပါဘူး။ တကယ်ဖြစ်ချင်တကယ်လုပ်ရမှာပါ။ဒီနေ့မှာတော့ အိပ်မက်တွေ လက်တွေ့အကောင်အထည် ဖော်နိုင်ဖို့ လိုက်နာရမယ့် အချက်တွေကို ပြောပြပေးချင်ပါတယ်။

(၁) ကျရှုံးမှုတွေကိုမကြောက်ပါနဲ့

man sitting on floor and looking away near papers

Photo : Freepik

ဘာမှမလုပ်ရသေးဘူးကြောက်စိတ်ဝင်နေမယ်ဆိုရင် ဒါဟာကျရှုံးမှုတစ်ခုပါပဲ။အောင်မြင်မှုရှိရင် ကျရှုံးမှုဆိုတာလည်း ရှိပါတယ်။ ဘဝမှာကျရံှုးခြင်းတွေကိုကြောက်လန့်နေလို့မရပါဘူး။အရံှုးတွေကိုသင်ခန်းစာယူပြီး အောင်မြင်မှုကိုရရှိအောင်ကြိုးပမ်းနိုင်ပါတယ်။ဒါကြောင့် ကျရှုံးမှာကြောက် မနေပါနဲ့။ အခုပဲကိုယ့်ရဲ့ အိပ်မက်တွေနောက်လိုက်ကြည့်ပါ။

(၂) ဝေခွဲမရမှုတွေရပ်တန့်ပါ

pensive installer touching face while thinking near windows

Photo : Freepik

ကိုယ့်ဘဝရဲ့ ရည်မှန်းချက်အိပ်မက်တွေပြည့်ဝဖို့ ဖုံးကွယ်နေတဲ့အရာတွေ ဝေခွဲမရခြင်းတွေကို ဖြိုခွဲဖို့ လိုအပ်ပါတယ်။ဒါမှလည်း ကိုယ်ဘာဖြစ်ချင်တာလည်း ကိုယ်ဘာလိုချင်တာလည်းဆိုတာသိမြင်ပြီး ကိုယ်ံရဲ့ အိပ်မက်တွေကိုထင်ထင်ရှားရှားသိလာစေမှာပါ။

(၃) ရည်မှန်းချက်ရှိပါ

man sitting at workplace in modern office

Photo : Freepik

ရည်မှန်းချက်ဆိုတာ plan တွေ လုပ်ဆောင်ရမယ့် deadline တွေနဲ့ တည်ဆောက်ထားတဲ့ အိပ်မက်တစ်ခုပါ။ သင့်ရဲ့ စိတ်ကူးအိပ်မက်တွေပြည့်ဝဖို့ ဘယ်အရာတွေကနေစတင်မယ်ဆိုတဲ့ Plan တွေ မဖြစ်မနေလုပ်ဆောင်ရမယ့်အရာတွေအကုန်လုံးကို စာရင်းပြုစုပြီး ကိုယ့်ရည်မှန်းချက်အတိုင်းလုပ်ဆောင်ပါ။ရည်မှန်းချက်ရှိရင် ပန်းတိုင်ဆိုတာ မဝေးပါဘူး။

 

(၄) ယုံကြည်ချက်မြင့်မြင့်ထားပါ

man with business paper looking away at office

Photo : Freepik

လူတစ်ယောက်မှာရှိတဲ့ ပါဝါက စိတ်ပါပဲ။စိတ်နဲ့ အရာရာကိုတည်ဆောက်လို့ ရသလို စိတ်နဲ့ အရာအရာကို အနိုင်ယူဖို့ရပါတယ်။ဒီအတွက်အရေးကြီးဆုံးက သင်ကိုယ်တိုင်သင့်ရဲ့ အိပ်မက်တွေကိုယုံကြည်ချက်အပြည့်အဝထားဖို့ပါပဲ။ ကိုယ့်ရဲ့ စိတ်စွမ်းအားနဲ့ ယုံကြည်ချက်ပေါင်းပြီး အိပ်မက်တွေတကယ်ဖြစ်လာနိုင်တယ်ဆိုတာ သတိရပါ။

Featured Photo : Freepik