မကြာခဏမေ့လျော့ခြင်း ကိစ္စတစ်ခုကိုအစဖော်မရအောင်စဉ်းစားလို့မရခြင်းစတဲ့အရာတွေ ဖြစ်နေတယ်ဆိုရင်တော့ သင့်အနေနဲ့ မှတ်ဉာဏ်စွမ်းရည်ကျဆင်းနေပြီဆိုတဲ့ လက္ခဏာတွေပြနေတာဖြစ်ပါတယ်။ များသောအားဖြင့် စိတ်ဖိစီးမှုများတဲ့သူတွေ အသက်အရွှယ်ကြီးရင့်သူတွေနှင့် မျိုးရိုးဗီဇအရ မှတ်ဉာဏ်စွမ်းရည်ကျဆင်းတဲ့ ပြဿနာတွေဖြစ်ပေါ်တက်ပါတယ်။ သင့်အနေနဲ့ ဒီလိုမှတ်ဉာဏ်စွမ်းရည်ကျဆင်းခြင်းကို ကာကွယ်ဖို့နှင့် အသက်ကြီးတဲ့အချိန်မှာမေ့မေ့လျောလျော့ဖြစ်တာမျိုးတွေမကြုံချင်ဘူးဆိုရင်တော့ အခုပြောပြမယ့် မှတ်ဉာဏ်စွမ်းရည်တိုးတက်စေမယ့် အလေ့အကျင့်ကောင်းတွေကို လိုက်နာဖို့အကြံပြုချင်ပါတယ်။
(၁) ဦးနှောက်လေ့ကျင့်ခန်းပြုလုပ်ပါ

Source : Mental Floss
ခန္ဓာကိုယ်ကြွက်သားများနည်းတူ ဦးနှောက်ကိုလည်း လေ့ကျင့်ခန်းပြုလုပ်ပေးဖို့လိုအပ်ပါတယ်။ လေ့လာမှုတွေအရ တစ်ရက်ရင် (၁၅) မိနစ် မိနစ် (၂၀) ခန့်လောက် စာအုပ်ဖတ်ခြင်း Crossword Jigsaw လို Puzzle ဂိမ်းတွေ ကစားပေးခြင်း Chess ထိုးခြင်းစတဲ့အရာတွေက ဦးနှောက်နှင့်မှတ်ဉာဏ်ဆိုင်ရာ စွမ်းဆောင်ရည်ကို သိသိသာသာတိုးတက်စေတယ်လို့ သုတေသနပညာရှင်တွေကဆိုပါတယ်။
(၂) တရားထိုင်ပါ

Source : Burlington Sports Therapy
တရားထိုင်ခြင်းက ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်အတွက်အကောင်းဆုံးအလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ သင့်အနေနဲ့ နေ့စဉ်ပုံမှန်တရားထိုင်မယ်ဆိုရင် မှတ်ဉာဏ်စွမ်းရည်တိုးတက်ကောင်းမွန်လာရုံသာမက စိတ်တည်ငြိမ်စေပြီး အာရုံစူးစိုက်မှုလည်းပိုမိုကောင်းလာမှာဖြစ်ပါတယ်။
(၃) အိပ်ရေးဝဝအိပ်ပါ

Source : A Healthier Michigan
ဦးနှောက်ကျန်းမာရေးအတွက် အိပ်စက်ခြင်းကအရမ်းကိုအရေးကြီးပါတယ်။ အရွှယ်ရောက်ပြီးသားလူတစ်ယောက်အနေနဲ့ တစ်ရက်ကို (၇) နာရီမှ (၉) နာရီကြား ပြည့်ပြည့်ဝဝအိပ်စက်ပေးမယ်ဆိုရင် ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကိုကောင်းမွန်စေဖို့ ထောက်ပံ့ပေးမှာဖြစ်ပြီး သဘာဝအတိုင်းမှတ်ဉာဏ်စွမ်းရည်တိုးတက်လာစေမှာဖြစ်ပါတယ်။
(၄) ဒိုင်ယာရီရေးတဲ့အကျင့်လုပ်ပါ

Source : Jobulo
ဒိုင်ယာရီရေးတဲ့အလေ့အကျင့်က ဦးနှောက်နှင့်မှတ်ဉာဏ်စွမ်းရည်တိုးတက်စေဖို့အတွက် အကောင်းဆုံးနည်းလမ်းတွေထဲကတစ်ခုဖြစ်ပါတယ်။ ညဘက် အိပ်ရာမဝင်ခင်အချိန်မှာ တစ်နေ့တာလုပ်ဆောင်တဲ့အရာတွေကို မှတ်တမ်းတစ်ခုအနေနဲ့ ပြန်လည်စဉ်းစားပြီး စာအုပ်မှာရေးမှတ်ကြည့်ပါ။ သင့်ရဲ့မှတ်ဉာဏ်စွမ်းကိုအမှန်တကယ်ပဲတိုးတက်ကောင်းမွန်လာစေမှာဖြစ်ပါတယ်။
