ဒေါသစိတ်ဆိုတာ ပေါက်ကွဲလွယ်တဲ့ မိုင်းဗုံးတစ်လုံးနဲ့ သဏ္ဍန်တူပါတယ်။အချိန်မှီမထိန်းချုပ်နိုင်ရင် သင်ရဲ့စိတ်ရောခန္ဓာကိုယ်ပါ ဒုက္ခဖြစ်စေနိုင်ပါတယ်။ဒါကြောင့် ဒီနေ့မှာတော့ ဒေါသစိတ်ကို ထိန်းချုပ်လို့ ရနိုင်တဲ့နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

(၁) အချိန်ခဏယူပါ

Source : Dissolve

စိတ်ဖိစီးစရာ ဒေါသထွက်စရာကိစ္စတစ်ခုကြုံလာရတိုင်း စိတ်ကိုအပြောင်းအလဲဖြစ်စေဖို့ အချိန်ခေတ္တခဏအနားယူဖို့လိုအပ်ပါတယ်။ ကိစ္စတိုင်းကိုဒေါသစိတ်နဲ့ ဖြေရှင်းတာက အမှားပါနိုင်တာကြောင့် အချိန်ခဏတဖြုတ်တော့ယူပါ။ တိတ်ဆိတ်ငြိမ်သက်မှုရှိတဲ့နေရာတစ်ခုခုမှာ သွားနေလိုက်ပါ။ ဒေါသစိတ်ပြေဖို့ အသက်ခပ်ပြင်းပြင်းရှုခြင်း ၁ ကနေ ၁၀ အထိဂဏန်းတွေကို နောက်ပြန်ရေတွက်ခြင်း စတဲ့အရာလေးတွေလုပ်ဆောင်ကြည့်ပါ။

(၂) ခွင့်လွှတ်လိုက်ပါ

Source : GoodTherapy

ခွင့်လွှတ်ခြင်းသည် ဒေါသစိတ်နဲ့ တခြားသောအပျက်သဘောဆောင်တဲ့ ခံစားချက်များကို အပြတ်ရှင်းထုတ်ပေးနိုင်တဲ့ အစွမ်းထက်လက်နက်တစ်ခုဖြစ်ပါတယ်။ သင့်ကိုဒေါသစိတ်ဖြစ်စေတဲ့ တစ်စုံတစ်ဦးအပေါ် သည်းခံခွင့်လွှတ်ပေးလိုက်ခြင်းက ရှုပ်ထွေးနေတဲ့ စိတ်အခြေအနေကနေ လွတ်မြောက်နိုင်တဲ့နည်းလမ်းတစ်ခုဖြစ်သလို တဖက်လူအပေါ်လည်း ပညာသားပါပါအနိုင်ယူလိုက်နိုင်ခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။

(၃) ရယ်မောလိုက်ပါ

Source : Forbes

ရယ်မောခြင်းက မွန်းကြပ်နေတဲ့စိတ်အတွက် ထွက်ပေါက်တစ်ခုဖြစ်သလို ဒေါသစိတ်တွေကို အလျင်အမြန်ဆုံး ချုပ်ငြိမ်းသွားစေနိုင်တဲ့ အပြုအမူတစ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့်ဒေါသထွက်စရာကိစ္စတွေကြုံလာပြီဆိုရင် အတက်နိုင်ဆုံးအကောင်းမြင်စိတ်ကိုမွေးပြီး ရယ်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုကိုတွေးလိုက်ပါ။ ကိုယ့်အနီးအနားက လူတွေနဲ့ ရယ်စရာဟာသတစ်ခုခုပြောပြီး အားရပါးရရယ်မောလိုက်ပါ။

(၄) လေ့ကျင့်ခန်းတစ်ခုခုလုပ်ပါ

Source : Stockfresh

ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုပြုလုပ်ခြင်းက စိတ်ဖိစီးမှုနှင့် အမြတ်ဒေါသတွေကို ပျောက်ကင်းသက်သာစေနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သင်ရဲ့တစ်နေ့တာမှာ ဒေါသဖြစ်စရာတစ်ခုခုဖြစ်ပေါ်လာတယ်ဆိုရင် ၁၅ မိနစ်လောက် ခပ်သွက်သွက်လမ်းလျောက်လိုက်တာမျိုး လှေကားထစ်တွေအပေါ်ပြေးတက်လိုက်တာမျိုး အခန်းတွင်းမှာပဲ သွေးပူလေ့ကျင့်ခန်းပြုလုပ်တာမျိုးလုပ်ဆောင်သင့်ပါတယ်။ ဒီနည်းလမ်းဟာ သင့်ရဲ့ဒေါသစိတ်တွေကို အမြန်ဆုံးထိန်းချုပ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။