ခန္ဓာကိုယ်ပေါ်ကထွက်ပေါ်လာတဲ့ အနံ့အသက်တွေနဲ့ပတ်သတ်ပြီး ကိုယ်တိုင်အမှု့မဲ့အမှတ်မဲ့နေမိပေမယ့် ဘေးပတ်ဝန်းကျင်ကသူတွေအတွက်တော့ ကောင်းကောင်းသတိထားမိစေမှာအသေအချာပါပဲ။လူတစ်ယောက် ခန္ဓာကိုယ်ပေါ်ကထွက်ပေါ်လာတဲ့အနံ့အသက်တွေဟာ အဲ့ဒီလူရဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုဆိုင်ရာကိစ္စတွေနဲ့ အများကြီးသက်ဆိုင်နေတာကြောင့် လူအထင်သေးစရာအကြောင်းအရင်းတစ်ရပ်ဖြစ်စေမှာဖြစ်ပါတယ်။

ဒါကြောင့်ခန္ဓာကိုယ်ပေါ်က အနံ့သက်ဆိုးတွေနဲ့ အနံ့ဆိုးတွေထွက်ပေါ်စေနိုင်တဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို စာဖတ်သူပရိသတ်တွေသတိထားမိစေဖို့ ပြောပြပေးချင်ပါတယ်။

(၁) ဂျိုင်းချွေးနံ့ထွက်ခြင်း

Source : germguy.wordpress.com

လူအများကြား သွားလာလှုပ်ရှားနေရသူတွေအဖို့တော့ ချွေးနံ့ဆိုးထွက်ခြင်းက အရမ်းကိုစိတ်အနှောက်ယှက်ဖြစ်စေတဲ့အရာတစ်ခုပါ။ခန္ဓာကိုယ်ပေါ်ကချွေးနံ့ဆိုးတွေဟာ ပတ်ဝန်းကျင်ကလူတွေအနေနဲ့နှာခေါင်းရှုံ့ချင်စရာကိစ္စတစ်ခုဖြစ်သလို ကိုယ့်ကိုယ်ကိုလည်းယုံကြည်မှု လျော့ကျစေတဲ့ အဓိကအကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။ဒါကြောင့်ချွေးနံ့ဆိုးအဓိကထွက်စေတဲ့ ဂျိုင်းနဲ့ပေါင်ခြံလိုနေရာတွေကိုအဓိကထား ဂရုစိုက်သင့်ပါတယ်။

 

(၂) ခံတွင်းအနံ့ဆိုးထွက်ခြင်း

Source : lifealth.com

လူတစ်ယောက်နဲ့တစ်ယောက်စကားပြောဆိုရာမှာ ခံတွင်းရနံ့ကလည်း အရမ်းကိုအရေးကြီးပါတယ်။ကိုယ်တိုင်တော့သတိမထားမိပေမယ့် ကိုယ်နဲ့စကားပြောနေတဲ့တစ်ဖက်လူကတော့ သိသိသာသာ ခံတွင်းအနံ့ဆိုးတွေရနေမှာဖြစ်ပါတယ်။ခံတွင်းအနံ့ ဆိုးထွက်ခြင်းက တစ်ဖက်လူစိတ်ထဲအထင်သေးသွားစေမယ့် အဓိကအကြောင်းအရင်းတစ်ခုဖြစ်တာကြောင့် လူတိုင်းခံတွင်းသန့်ရှင်းရေးကိုဂရုစိုက်သင့်ပါတယ်။

 

(၃) ခေါင်းအနံ့ဆိုးထွက်ခြင်း

Source : ThriftyFun.com

ခန္ဓာကိုယ်အရေပြားပေါ်မှာပဲ ချွေးထွက်တက်တာမဟုတ်ပါဘူး။ဦးရေပြားမှာလည်း ချွေးထွက်ပါတယ်။ဦးခေါင်းဆိုတာကတော့ ခန္ဓာကိုယ်ပေါ်မှာ အကာကွယ်မဲ့တဲ့အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် ဖုန်မှုန့်နဲ့အညစ်အကြေးတွေစွဲကပ်လို့ အကောင်းဆုံးနေရာတစ်နေရာဖြစ်ပါတယ်။ဦးရေပြားကထွက်တဲ့ ချွေးတွေနဲ့ ပြင်ပကဖုန်တွေအညစ်အကြေးတွေရောထွေးပြီး ခေါင်းအနံ့ဆိုးတွေထွက်ပေါ်စေတာကြောင့် ဦးခေါင်းကလည်း အမြဲသတိထားရမယ့် ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

 

(၄) ခြေဆီအနံ့ထွက်ခြင်း

Source : iStock

ပတ်ဝန်းကျင်ကလူတွေ လုံးဝမခံနိုင်လောက်အောင် စိတ်အနှောက်အယှက်ဖြစ်စေတဲ့အနံ့ ဆိုးတစ်ခုက ခြေဆီအနံ့ပါ။အဓိကရှုးဖိနပ်၊သားရေဖိနပ်နဲ့ ကတီပါဖိနပ်စီးတက်တဲ့သူတွေအထူးဂရုစိုက်သင့်ပါတယ်။လေဝင်လေထွက်ကောင်းကောင်းမရတဲ့ဖိနပ်တွေ၊ လျော်ဖွတ်သန့်စင်ခြင်းမရှိတဲ့ခြေအိတ်တွေ၊ ရေစိုနေတဲ့ကတီပါဖိနပ်တွေစတဲ့အချက်တွေကြောင့် ခြေထောက်မှာဆိုးရွှားတဲ့ အနံ့အသက်တွေထွက်ပေါ်လာစေတာဖြစ်ပါတယ်။ဒါကြောင့် ခြေဆီနံ့ခပ်ဆိုးဆိုးတေထွက်တက်တဲ့ ခြေထောက်တွေကိုလည်း ခြောက်သွေ့သန့်ရှင်းပြီး အနံ့အသက်ကင်းစင်အောင်ဂရုစိုက်ပေးရပါမယ်။