Relationship တစ်ခုတည်ဆောက်ကြပြီဆိုရင် အဆင်ပြေတာရှိသလို စိတ်ညစ်ရတဲ့အချိန်တွေလည်းရှိတက်တာ သဘာဝပါ။ ဒါပေမယ့် အခုပြောပြမယ့် စရိုက်လက္ခဏာရှိသူအမျိုးသမီးတွေနဲ့ ဆိုရင်တော့ တစ်သက်လုံးစိတ်ဆင်းရဲ့ရဖို့ သေချာသလောက်ရှိပါတယ်။

(၁) တစ်ကိုယ်ကောင်းဆန်သူ

Source : Shutterstock

လူနှစ်ယောက်လက်တွဲတဲ့ကိစ္စမှာ တစ်ဖက်လူက အရမ်းတစ်ကိုယ်ကောင်းဆန်နေရင် ဘယ်လိုမှသာယာပျော်ရွှင်နိုင်မှာမဟုတ်ပါဘူး။ ချစ်သူရယ်လို့ဖြစ်လာရင် နှစ်ဦးသားညှိနှိုင်းဆွေးနွေးတက်ရမယ် တစ်ယောက်ကိုတယောက်စိတ်နာစိတ်ထားရှိရမယ် နားလည်ပေးရမယ် စသည်ဖြင့်ပေါ့။ ဒီလိုမှမဟုတ်ဘဲ ကိုယ်ဘက်ပဲကိုယ်ကြည့်နေရင်တော့ ဘယ်လိုမှရေရှည်သာယာဖို့ မဖြစ်နိုင်ပါဘူး။

(၂) အဆိုးမြင်စိတ်များသူ

Source : Shutterstock

ကိုယ်ဘက်က ဘယ်လောက်ပဲကောင်းတဲ့အရာတွေလုပ်ဆောင်ပေးနေပါစေ အဆိုးမြင်စိတ်များတဲ့သူတစ်ယောက်ရဲ့ မျက်လုံးထဲမှာတော့ အဆိုးတွေကိုပဲ ကွက်ပြီးမြင်နေမှာဖြစ်ပါတယ်။ အချိန်တိုင်းအပြစ်တင်ပြီး ဘာလုပ်လုပ်အဆိုးတွေပဲမြင်နေရင် သင့်ရောဘယ်လောက်ထိချစ်ပြီးသည်းခံပေးနိုင်မှာလဲ။ ဒါကြောင့်ဒီလိုအဆိုးမြင်ဝါဒီသမားတွေကိုလည်း ဝေးဝေးကရှောင်သင့်ပါတယ်။

(၃) ဖောက်ပြန်တက်သူ

Source : Shutterstock

ေယောကျာ်းလေးတွေအများစုက ဖောက်ပြန်တယ်လို့ လူအများစုသိထားပေမယ့် မိန်းကလေးတွေထဲမှာလည်း ယောကျာ်းလေးတွေနဲ့ ထပ်တူဖောက်ပြန်ခြင်းတွေကို ကျူးလွန်တက်တဲ့သူတွေရှိပါတယ်။ ဖောက်ပြန်သူတွေရဲ့ အကျင့်က တစ်ချိန်တစ်ခါဖောက်ပြန်နဲ့ ပြီးသွားတာမျိုးမဟုတ်ပါဘူး။ အခွင့်အရေးရရင်ရသလို ဖောက်ပြန်ခြင်းတွေကိုကျူးလွန်နေမိတက်တာကြောင့် အချစ်ရေးမှာစိတ်ဆင်းရဲမခံချင်ရင် ဖောက်ပြန်တက်သူတွေကိုရှောင်ကျဉ်ပါ။

(၄) စော်ကားဖို့ဝန်မလေးသူ

Source : Shutterstock

ကိုယ်အနေနဲ့ သူမအပေါ်ဘယ်လောက်တန်ဖိုးထားပါစေ ပြဿနာဖြစ်လာချိန်မှာ ဆဲဆိုဖို့လည်းဝန်မလေးသလို စော်ကားဖို့လည်းဝန်မလေးဘူးဆိုရင် သာယာတဲ့အချစ်ရေးကိုဘယ်တော့မှမရနိုင်ပါဘူး။စိတ်ထဲကပါသည်ဖြစ်စေ မပါသည်ဖြစ်စေ စကားလုံးတွေကို စည်းလွတ်ဘောင်လွတ်မပြောသင့်ပါဘူး။ ဓားတွေ သေနတ်တွေက လူကိုတစ်ကြိမ်တစ်ခါပဲသေစေပေမယ့် စကားတွေကတော့ အကြိမ်ကြိမ်သေအောင်သတ်နိုင်တဲ့လက်နက်တွေဖြစ်ပါတယ်။