အမျိုးသမီးတွေသဘောကျဖို့ ဝတ်ကောင်းစားလှတွေ ကားအကောင်းစားတွေပိုင်ဆိုင်ရုံနဲ့ မလုံလောက်ပါဘူး။ အမျိုးသမီးအများစုက ခံစားချက်စိတ်နေစိတ်ထားပေါ်မူတည်ပြီး သူတို့ရဲ့ လက်တွဲဖော်အဖြစ်ရွေးချယ်တတ်ကြတာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ အမျိုးသမီးအများစု သဘောမကျတဲ့ စိတ်နေစိတ်ထားလေးတွေကို သိထားဖို့တော့လိုပါမယ်။

(၁) တစ်ကိုယ်ကောင်းဆန်ခြင်း

Source : beginningstreatment.com

အမျိုးသမီးအများစုဟာ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ထားရှိသူတွေကို ဘယ်နည်းနဲ့မှ သဘောမကျတတ်ကြပါဘူး။ လက်တွဲဖော်အဖြစ် ရွေးချယ်ဖို့ဆိုရင် ပိုတောင်ဖြစ်နိုင်ချေနည်းပါးပါ သေးတယ်။ အဓိကအားဖြင့် တစ်ယောက်နဲ့ တစ်ယောက် တိုင်တိုင်ပင်ပင်ရှိပြီး ကိစ္စတိုင်းကို တစ်ကိုယ်ကောင်းဆန်စွာဆုံးဖြတ်ခြင်းမရှိတဲ့သူတွေကသာ အမျိုးသမီးတွေ သဘောကျရတဲ့ ပုံစံမျိုးဖြစ်ပါတယ်။

(၂) ဆုံးဖြတ်ချက်မပြတ်သားခြင်း

Source : The Christian Broadcasting Network

ကိုယ့်ရဲ့ လက်တွဲဖော်နဲ့ ပတ်သက်လာရင် အမျိုးသမီးတွေဟာ နောက်လိုက်ကောင်းတွေပဲ ဖြစ်ချင်ကြတာပါ။ သူတို့ကို ဦးစီးဦးဆောင်နိုင်ပြီး ဆုံးဖြတ်ချက်ပြတ်ပြတ်သားသား ချမှတ်ပေးနိုင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်လို အရည်အချင်းရှိသူတွေကိုသာ သဘောကျတတ်ကြတာဖြစ်ပါတယ်။ တွေဝေနေတဲ့သူမျိုး ဆုံးဖြတ်ချက်ချဖို့ တွန့်ဆုတ်နေသူတွေဟာ အမျိုးသမီးတွေရဲ့ စိတ်အာရုံကိုဖမ်းစားနိုင်ဖို့ အင်မတန်ခက်ခဲလှပါတယ်။

(၃) ယုံကြည်မှုကင်းမဲ့နေခြင်း

Source : suebrazee.com

အမျိုးသမီးတွေဟာ စိတ်နှလုံးနူးညံ့သိမ့်မွေ့သူတွေကို အများက လက်ခံထားကြပေမယ့် တစ်ခါတစ်လေမှာတော့ အမျိုးသားတွေထက် ပိုပြီး သတ္တိရှိတက်ကြပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုကောင်းကောင်း တည်ဆောက်နိုင်သူတွေဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ကွယ်နေသူတွေ အရာရာကို ကြောက်ရွံ့နေသူတွေကို သဘောမကျတတ်ပါဘူး။ သူတို့အရှေ့မှာ ယုံကြည်မှုအပြည့်နဲ့ မားမားမတ်မတ် ရပ်တည်ပေးနိုင်သူတွေကိုသာ လက်တွဲဖော်အဖြစ် ရွေးချယ်ချင်ကြတာပါ။

(၄) လှေနံနှစ်ဖက်နင်းတတ်ခြင်း

Source : Live Love Raw

ဒီအချက်က အမျိုးသမီးအားလုံးလိုလို သဘောမကျတဲ့အချက် တစ်ချက်ဖြစ်ပါတယ်။ ယောကျာ်းလေးတစ်ယောက် အရင်က ရည်းစားများခဲ့တာ နားလည်ပေးနိုင်ပေမယ့် လှေနံနှစ်ဖက်နင်းတတ်တဲ့ အကျင့်မျိုးတော့ လုံးဝလက်ခံမပေးနိုင်ကြပါဘူး။ အမျိုးသမီးတွေဟာ အချစ်ထက် သစ္စာတရားကို ပိုပြီးမြတ်နိုးယုံကြည်ကြလို့ပဲဖြစ်ပါတယ်။