ယနေ့ခေတ်မှာ ဆိုရှယ်မီဒီယာအသုံးမပြုတဲ့သူဆိုတာ ခပ်ရှားရှားရယ်ပါ။ နည်းပညာတိုးတက်ပြီး လူတိုင်းလိုလို ဖုန်းကိုင်လာနိုင်တာနဲ့ အမျှ လူတစ်ယောက်စီမှာ အနည်းဆုံး ဖေ့ဘွတ်ခ်အကောင့် တစ်ခုစီတော့ရှိကြပါတယ်။အားလပ်ချိန်တွေမှာ စိတ်အပန်းဖြေဖို့ ဖေ့စ်ဘွတ်ခ်ကို အသုံးပြုကြတာဖြစ်တာကြောင့် ကိုယ့်ကိုစိတ်အနှောက်ယှက်ဖြစ်စေမယ့် လူတွေကိုတော့ Unfollow လုပ်ထားဖို့ လိုပါလိမ့်မယ်။

(၁) အဆိုးမြင်စိတ်များသူ

Source : Freepik

လောကမှာ အဆိုးမြင်ဝါဒီသမားတွေက ဝေးဝေးရှောင်သင့်တဲ့အထဲမှာပါပါတယ်။ကိုယ်တိုင်လည်းဘယ်အရာ ကိုမှစိတ်အလိုကျတယ်ဆိုတာမရှိသလို ကိုယ့်ပတ်ဝန်း ကျင်ကလူတွေကိုလည်း အပူတွေကူးစက်တက်စေတဲ့ လူမျိုးတွေပါ။ဒါကြောင့် အဆိုးမြင်စိတ်များတဲ့သူတွေ ဟာ ဖေ့ဘွတ်ခ်မှာ Unfollow လုပ်ထားရုံသာမက ပြင်ပလောကမှာလည်း Black List ထဲထည့်ထားသင့်ပါတယ်။

(၂) Status တင်လွန်းသူ

Source : Stalker Tools

ကိုယ့်ရဲ့ ဖေ့ဘွတ်ခ်အကောင့်မှာ ကိုယ်စိတ်ကြိုက်ရေး ချင်တာရေးခွင့်ရှိပါတယ်။သို့သော်လည်း ဖေ့ဘွတ်ခ် ဆိုတာ ကိုယ်တစ်ယောက်ထဲအတွက် သီးသန့်ပြုလုပ်ပေးထားတဲ့ ဒိုင်ယာရီစာအုပ်တစ်အုပ်တော့မဟုတ်ပါဘူး။ဒါကြောင့်ကိုယ်ရဲ့ခံစားချက်တိုင်း စိတ်ထဲရှိသမျှ အရာတိုင်းကို ၅ မိနစ်တစ်ခါ Status တင်နေလို့ မသင့် တော်ပါဘူး။ဒါပေမယ့်လဲထမင်းစားသောက်ကအစ အားနေရင် status တင်တက်တဲ့သူတွေရှိတာကြောင့် ဒီလိုလူတွေကိုလည်း Unfollow လုပ်ထားသင့်ပါတယ်။

(၃) လူအထင်ကြီးခံချင်သူ

Source : Otterwize

ဆိုရှယ်မီဒီယာပေါ်မှာ လူအထင်ကြီးတာခံရပြီး Like တွေအများကြီးရတာကို လူအများစုနှစ်သက်ကြပါတယ်။တန်ဖိုးကြီးရတနာပစ္စည်းတွေ ကားတွေ ဟိုတယ်အကောင်းစားတွေ Bar တွေ Club တွေသွားတဲ့ဓာတ်ပုံတွေစသည်ဖြင့် လူအထင်ကြီးစေမယ့် အကြွား Post တွေတင်နေခြင်းကလည်း အားကျသူတွေအဖို့ အားကျနိုင်ပေမယ့် အများစုကတော့ နှစ်သက်သဘော ကျလေ့မရှိကြပါဘူး။ဒီလိုလူတွေအကောင့်ကနေကိုယ့် အတွက်ဗဟုသုတရစရာဘာတစ်ခုမှ Sharing လုပ်ပေး တာမရှိတဲ့အတွက် Unfollow လုပ်ထားတာအကောင်းဆုံးပါ။

(၄) အွန်လိုင်းရှော့ပင်းလုပ်သူ

Source : Freepik

အွန်လိုင်းပေါ်မှာစီးပွားရှာတာဟာ အပြစ်တစ်ခုတော့ မဟုတ်ပါဘူး။အွန်လိုင်းရှော့ပင်း လုပ်သူတိုင်းကိုမရည်ညွှန်းပေမယ့် အွန်လိုင်းပေါ်မှာ ပစ္စည်း တစ်ခုရောင်းတိုင်း ကိုယ်နဲ့သိသိမသိသိ Tag တွဲပြီး ရောင်းနေတဲ့ အွန်လိုင်းရှော့ပင်းလုပ်သူတွေကတော့ တကယ့်ကို စိတ်အနှောက်ယှက်ဖြစ်စေရမှာသေချာပါတယ်။ဒါကြောင့် ဒီလို ethic မရှိတဲ့ အကောင့်ပိုင်ရှင်တွေကိုလည်း Unfollow လုပ်ထားသင့်ပါတယ်။