အလုပ်မှာပျော်ကြတဲ့သူတွေဟာ ဝါသနာနဲ့ အလုပ်နဲ့ ထပ်တူကျတဲ့သူတွေများပါတယ်။ ဒါကြောင့်လည်း လူတော်တော်များများက ကိုယ်ဝါသနာမပါတဲ့အလုပ်တစ်ခုမှာ ကြာကြာမနေနိုင်ပဲ မကြာခဏအလုပ်ပြောင်းတာတွေ လုပ်နေကြတာပါ။ ဒီနေ့ပြောပြမယ့်အချက်လေးတွေကတော့ ဘယ်အလုပ်ခွင်ပဲရောက်ရောက် လက်ရှိအလုပ်မှာ စိတ်ချမ်းသာဖို့ ပျော်ရဖို့ ဘယ်လိုနေသင့်လဲဆိုတဲ့ အကြံပြုချက်လေးတွေပါ။

(၁) ခိုင်မာတဲ့ရည်မှန်းချက်ရှိပါစေ

Source : Freepik

ကိုယ့်ဘဝအတွက် ခိုင်မာတဲ့ရည်မှန်းချက်တစ်ခုထားရှိသူတွေဟာ ဘယ်အလုပ်ပဲရောက်ရောက်ပျော်ရွှင်ရစေပါတယ်။ အဓိကကိုယ့်ဘဝရဲ့ ရည်မှန်းချက်ကို အမြဲ ခေါင်းထဲထည့်ထားမယ်ဆိုရင် ရည်မှန်းချက်ပြည့်ဝဖို့ တက်တက်ကြွကြွအလုပ်လုပ်နေမိမှာပါ။ ဒါကြောင့် ကိုယ့်ဘဝအတွက်အရေပါတဲ့ ရည်မှန်းချက်တစ်ခုကိုချမှတ်ပြီး ရည်မှန်းချက်အတိုင်း လုပ်ဆောင်ပါ။

(၂) အလုပ်တာဝန်ကျေအောင်လုပ်ပါ

Source : Shutterstock

အလုပ်မှာတာဝန်ကျေခြင်းကလည်း ပျော်ရွှင်မှုကိုခံစားရစေနိုင်ပါတယ်။ ကိုယ်အနေနဲ့ ဘာပဲလုပ်လုပ် အချိန်မဆွဲပဲ တာဝန်တွေကိုကျေပွန်အောင်ဆောင်ရွက်ပါ။ စေတနာလေးထားပြီးလုပ်ဆောင်ပါ။ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပါ။ ဒါဆိုသင်ရဲ့အလုပ်ခွင်က ပျော်ရွှင်တဲ့အလုပ်ခွင်ဖြစ်လာပါလိမ့်မယ်။

(၃) ကိုယ့်ကိုယ်ကိုဆုချပါ

Source : Medium

ကြိုးစားမှုအတွက် ထိုက်တန်တဲ့ ဂုဏ်ပြုခြင်းဆိုတာ ရှိကိုရှိသင့်ပါတယ်။ ကိုယ်ရဲ့ကြိုးစားမှုအတွက် ဘယ်သူမှဂုဏ်မပြုရင်တောင် ကိုယ်ကိုယ်ကိုဂုဏ်ပြုသင့်ပါတယ်။ အသေးအမွှားကိစ္စလေးတွေကအစ ကိုယ့်ရဲ့လုပ်ဆောင်မှုအတွက် ကိုယ့်ကိုယ်ကိုချီးကျူးပါ။ ဆုချပါ။

(၄) ပေါင်းသင်းဆက်ဆံရေးချဲ့ထွင်ပါ

Source : Nature World News

လူတစ်ယောက်မှာပေါင်းသင်းဆက်ဆံရေးကလည်း အရမ်းကိုအရေးကြီးပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်နေသူတစ်ယောက်အတွက် ဘယ်လိုအလုပ်ခွင်ကိုပဲရောက်ရောက်ပျော်ရွှင်ရမှာပါ။ ဒါကြောင့် အလုပ်ခွင်ကလုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဆွေဖွဲ့ပါ။ ကိုယ်ရဲ့ ပေါင်းသင်းဆက်ဆံရေးစွမ်းရည်ကိုမြှင့်တင်ပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေအောင်နေပါ။