ကျွန်တော်တို့အများစုဟာ ဘဝမှာအကောင်းဆုံးတွေပဲဖြစ်ချင်ကြတာ မဟုတ်လား။ တစ်နေ့ထက်တစ်နေ့ ပိုကောင်းတဲ့လူတစ်ယောက်အဖြစ် ရှင်သန်နေထိုင်ရင်း ကိုယ့်ဘဝကို မြင့်သထက်မြင့်အောင် မြှင့်တင်ချင်ကြတာပါ။ ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာဖို့ အကောင်းဆုံးနည်းလမ်းက ကျွန်တော်တို့ရဲ့အတွေးအမြင် တစ်ချို့ကိုပြောင်းလဲပစ်ဖို့ပါပဲ။ အခုပြောပြမယ့် စိတ်ပိုင်းဆိုင်ရာ အတွေးအမြင်တချို့ကို ပြောင်းလဲလိုက်တာနဲ့အမျှ ပိုမိုကောင်းမွန်တဲ့ ဘဝသစ်ကိုပိုင်ဆိုင်နိုင်ဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။

(၁) ကိုယ့်ကိုယ်ကို ချီးမွမ်းပါ

Man Looking In Mirror

Photo : iStock

တစ်နေ့တာ လုပ်ငန်းဆောင်တာတွေမစတင်ခင် မနက်ခင်းမှာ အချိန်အနည်းငယ်လောက်ပေးပြီး ကိုယ့်ကိုယ်ကို ချီးမွမ်းစကားဆိုကြည့်ပါ။ သင့်အကောင်းဆုံး လုပ်နိုင်ခဲ့တဲ့အရာတွေ ၊ အောင်မြင်မှုသေးသေးလေးတွေအပေါ် ချီးမွမ်းပါ။ ဒါဟာ သင့်စိတ်ခံစားမှုကို မြှင့်တင်ပေးရာရောက်ပြီး တစ်နေ့တာကိုအကောင်းဆုံး ကျော်ဖြတ်နိုင်ဖို့ ခွန်အားသစ်တွေရပါလိမ့်မယ်။

(၂) ဒေါသစိတ်တွေ လွှတ်ချလိုက်ပါ

young attractive man leaning desperate on window glass at business district home

Photo : 211 Palm Beach

သင်ဟာ ဒေါသကြီးသူ တစ်ယောက်လား။ မဟုတ်ရင်တောင် နေ့စဉ်ဘဝမှာ စိတ်ရှုပ်စရာ ဒေါသဖြစ်စရာတွေကအမြဲ ကြုံလာနိုင်တာပဲ မဟုတ်လား။ ဒေါသစိတ်ဖြစ်နေချိန်မှာ စိတ်ခံစားမှုက ပုံမှန်မဟုတ်တဲ့အတွက် ဆုံးဖြတ်ချက်အမှားတွေ သင့်ကိုဒုက္ခပေးမယ့်အရာတွေဖြစ်လာနိုင်ပါတယ်။ ဒီတော့ ဒေါသစိတ်တွေကိုလွှတ်ချထားလိုက်ပါ။ ဒေါသစိတ်ကို ရှေ့တန်းမတင်ရင် သင့်ရဲ့အတွေးတွေ ဆုံးဖြတ်ချက်တွေ ပိုမိုကောင်းမွန်မှန်ကန်လာပါလိမ့်မယ်။

(၃) ခွင့်လွှတ်တက်အောင် လေ့ကျင့်ပါ

Man sitting alone feel depressed

Photo : Medium

မကျေနပ်မှုတွေ နောင်တတွေနဲ့ အချိန်ကုန်ခြင်းထက် ခွင့်လွှတ်ပေးလိုက်ခြင်းက ပိုကောင်းတယ်ဆိုတာ နားလည်ထားသင့်ပါတယ်။ ခွင့်လွှတ်ခြင်းဟာ အကောင်းဘက်က ရှုမြင်ပေးနိုင်ခြင်းတစ်မျိုးပါ။ ကိုယ်ကိုယ့်ကိုဖြစ်စေ တခြားသူတွေအပေါ်မှာဖြစ်စေ ပြဿနာတစ်စုံတစ်ရာပေါ်လာတိုင်း ခွင့်လွှတ်ခြင်းနည်းကိုကျင့်သုံးမယ်ဆိုရင် စိတ်ချမ်းမြေ့ ပျော်ရွှင်စွာနဲ့ ပိုကောင်းတဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်မှာသေချာပါတယ်။

(၄) မျှဝေခံစားပါ

Man giving a helping hand

Photo : Freepik

တစ်ခါတစ်လေမှာ တစ်ကိုယ်ကောင်းဆန်မှုတွေကို ဘေးချိတ်ထားပြီး တခြားသူတွေနဲ့ အတူတူမျှဝေခံစားတက်ဖို့ လိုပါတယ်။ သင်ဟာဂစ်တာတီးတက်သူတစ်ယောက်ဆိုရင် တခြားသူတွေကိုလည်း ဂစ်တာတီးသင်ပေးလိုက်ပါ။ သင့်ရဲ့မျှဝေမှုဟာ သင်နဲ့သင့်ဘဝထဲမှာရှိတဲ့ လူတွေအားလုံးကို ပျော်ရွှင်ရစေပြီး ပိုမိုကောင်းမွန်တဲ့ဘဝရှင်သန်ခြင်းအဓိပ္ပါယ်ကို သင်ရှာတွေ့နိုင်ပါလိမ့်မယ်။

Featured Photo : Healthline