ဒီနေ့တစ်နေ့တာလုံး ဘာတွေလုပ်ခဲ့သလဲ။ အချိန်တွေ အလဟဿ ဖြုန်းတီးမိနေပြီလားဆိုတာကို ညအိပ်ရာဝင်ခါနီးတိုင်းမှာ ပြန်လည်တွေးတောဆင်ခြင်ကြည့်ရအောင်။ တစ်နေ့တစ်နေ့ Productive မဖြစ်ဘဲနဲ့ အချိန်တွေပဲ ထိုင်ဖြုန်းနေမိတယ်ဆိုရင်တော့ ထိုအကျင့်ဆိုးကို ဖျောက်ဖျက်သင့်ပါပြီ။

ထိုအကျင့်ဆိုးကို ဖျောက်ဖျက်နိုင်ဖို့ရန်အတွက် ကူညီပေးနိုင်တဲ့နည်းလမ်းကောင်းများ ရှိပါတယ်။

မိမိလုပ်ရမယ့်အရာများကို စာရင်းပြုစုထားပါ

to do list on notebook

ဒီနေ့အဖို့ စာဖတ်ရမယ်၊ အဝတ်လျှော်ရမယ်၊ မီးပူတိုက်ရမယ် စသည်ဖြင့် စာရင်းဇယားပြုလုပ်ထားပြီး လွယ်ကူတဲ့အရာကနေ စဖြိုကြည့်လိုက်ပါ။ ထိုစာရင်းက မိမိရဲ့တစ်နေ့တာလုံး ပြုလုပ်ရမယ့်အရာများကို အချိန်မှီ ပြီးစီးနိုင်အောင် ကူညီပေးပါလိမ့်မယ်။

အလုပ်ကြိုးစားရင်း မိမိကိုယ်ကို ချီးကျူးဖို့လည်း မမေ့ပါနဲ

happy and successful man

လုပ်ငန်းခွင်ထဲမှာဆိုရင်လည်း မိမိရဲ့အလုပ်စားပွဲမှာ မိနစ် ၉၀ ခန့် အာရုံစူးစိုက်ကာ မနားတမ်း အလုပ်လုပ်ကြည့်လိုက်ပါ။ မိနစ် ၉၀ ပြည့်တဲ့အခါ ၁၀ မိနစ်ခန့် အနားပေးရင်း မိမိကိုယ်ကို ချီးမွမ်းပါ။ ကော်ဖီလေးသောက်၊ မုန့်လေးစားရင် အနားယူပြီးတဲ့နောက်မှာ အလုပ်ထဲ ပြန်အာရုံစိုက်ကြည့်လိုက်ပါ။ တကယ်လို့ သင့်အနေနဲ့ မိနစ် ၉၀ က အရမ်းများတယ်ဆိုရင် မိနစ် အနည်းငယ် ထပ်လျော့ကြည့်နိုင်ပါတယ်။

အလုပ် နှစ်ခု၊ သုံးခုကို တစ်ပြိုင်နက်တည်း ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ပါ

man multitasking and focusing on his work

လေ့လာတွေ့ရှိချက်များအရ အလုပ်နှစ်ခု၊ သုံးခုကို တစ်ပြိုင်နက်တည်း ပြုလုပ်သူများက အလုပ်တစ်ခုတည်းအပေါ်မှာ အာရုံစိုက်သူများထက် အောင်မြင်နိုင်ချေ နည်းပါတယ်။ သင့်အနေနဲ့ ဘယ်လောက်ပဲ အရည်အချင်းရှိပြီး တော်နေပါစေ ကိစ္စအများကြီးကို တစ်ပြိုင်နက်တည်း လုပ်တဲ့အခါ အမှားပါနိုင်ပါတယ်။

ဒါ့ကြောင့် အလုပ်များများကို မြန်မြန်နဲ့ အောင်အောင်မြင်မြင် ပြီးမြောက်ချင်တယ်ဆိုရင် အလုပ်တစ်ခုတည်းကိုသာ တစ်ချိန်တည်းမှာ အာရုံစိုက်ရပါမယ်။

လုံးဝပြီးပြည့်စုံရမယ်ဆိုတဲ့စိတ်ကူးကို လွှင့်ပစ်လိုက်ပါ

လူသားတိုင်းမှာ အားနည်းချက်ကိုယ်စီ ပိုင်ဆိုင်ထားကြပါတယ်။ သင့်အနေနဲ့ ၁၀၀ ရာခိုင်နှုန်း ပြီးပြည့်စုံဖို့ ကြိုးစားခြင်းက အချည်းနှီးသက်သက်ပဲဖြစ်ပါတယ်။ ခြေကုန်လက်ပမ်းကျတာပဲ အဖတ်တင်ပါလိမ့်မယ်။ ရာနှုန်းပြည့် ပြီးပြည့်စုံရမယ်ဆိုတဲ့အတွေးထက် အရင်ကထက် ပိုကောင်းအောင် ကြိုးစာမယ်ဆိုတဲ့ အတွေးက ပိုလက်တွေ့ကျပြီး အောင်မြင်မှုပန်းတိုင်နဲ့ ပိုနီးစပ်ပါတယ်။

Source: Chadqbrown.medium.com