ဒေါသကြီးတယ်ဆိုတာအဘက်ဘက်က ဘယ်လိုပဲကြည့်ကြည့် ပျက်စီးရာပျက်စီးကြောင်းကိုပဲ ကဖြစ်စေတာပါ။ဒေါသစိတ်ကြောင့်မဖြစ်သင့်တာတွေဖြစ်တယ် မလုပ်သင့်တာတွေလုပ်မိတယ် နောက်ဆုံးတခြားအရာတွေအပေါ်ပေါက်ကွဲခြင်းမရှိဘူးဆိုရင်တောင် ကိုယ့်ကိုယ့်ကို စိတ်ဒုက္ခပြန်ပေးနေတဲ့အရာမျိုးဖြစ်ပါတယ်။ဒါကြောင့်စာဖတ်သူဟာ ဒေါသကြီးသူတစ်ယောက်ဆိုရင်တော့အခုပြောပြမယ့်နည်းလမ်းလေးတွေနဲ့ မိမိရဲ့ ဒေါသစိတ်ကိုထိန်းချုပ်ဖို့အကြံပြုချင်ပါတယ်။
(၁) နံပါတ်စဉ်ရေတွက်ပါ
Source : Main Line Health
ဒေါသအရမ်းဖြစ်လာတဲ့အချိန်မှာ စိတ်ကိုတည်ငြိမ်အောင်လုပ် နိုင်မယ့်နည်းလမ်းတစ်ခုက တစ်ကနေတစ်ဆယ်အထိ နံပါတ်စဉ်တွေကို ဖြေးဖြေးချင်းရေတွက်တဲ့နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ဒေါသထွက်နေတဲ့ စိတ်ကိုတဖြေးဖြေးချင်းလျော့ကျစေပြီး မိမိရဲ့ ဒေါသစိတ်ကို အမြန်ဆုံးထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ဒီလိုတစ်ကနေတစ်ဆယ်အထိရေတွက်နေချိန်မှာလည်း အသက်ကိုခပ်မှန်မှန်လေးရှုပြီး စိတ်ကိုလျော့ချထားဖို့လိုအပ်ပါတယ်။
(၂) စာရွှက်မှာရေးပါ
Source : The Ethics of Writing
ကိုယ့်ကိုဒေါသဖြစ်စေတဲ့အကြောင်းအရာတွေအားလုံးကို စာရွှက်အလွတ်တစ်ခုမှာ ချရေးပါ။ဒီလိုစာရွှက်မှာရေးချလိုက်ခြင်းအားဖြင့် ဒေါသဖြစ်တဲ့စိတ်တွေက လျော့ကျသွားပြီး တစ်ဦး တစ်ယောက်ကိုရင်ဖွင့်လိုက်ရသလို ကိုယ့်ရဲ့ ခံစားချက်တွေကို ဖြေလျော့လိုက်တာနဲ့ တူပါတယ်။စာရွှက်မှာရေးပြီးပြီဆိုရင်တော့ ရေးထားတဲ့စာရွှက်ကိုစုတ်ပြဲပြီးအမှိုက်ပုံးထဲပစ်လိုက်ပါ။
(၃) လှုပ်လှုပ်ရှားရှားနေပါ
Source : Esquire
ဒေါသထွက်နေချိန် တစ်နေရာထဲမှာပဲ ငြိမ်ငြိမ်လေးထိုင်မနေပါနဲ့။ လမ်းမြန်မြန်လျောက်တာ ပြေးတာမျိုးပြုလုပ်ပြီး ခန္ဓာကိုယ် ကိုလှုပ်လှုပ်ရှားရှားဖြစ်အောင်ပြုလုပ်ပေးသင့်ပါတယ်။ဒေါသ စိတ်တွေဖုံးလွမ်းနေချိန်မှာ အတွေးပေါင်းများစွာနဲ့ကိုယ့်ရဲ့ စိတ်ကိုထပ်ထပ်ပြီး ဖိအားပေးမယ့်အစား ဒေါသစိတ်အမြန်ဆုံး ပြေလျော့သွားစေဖို့ ခန္ဓာကိုယ်ကိုလှုပ်ရှားမှုတစ်ခုခုလုပ်ပေးဖို့ အကြံပြုချင်ပါတယ်။
(၄) သီချင်းအော်ဆိုပါ
Source : Science ABC
သီချင်းတွေက စိတ်ဖိစီးမှုနဲ့ ဒေါသစိတ်ကိုအမြန်လျော့ကျနိုင်စွမ်းရှိပါတယ်။ဒေါသထွက်နေချိန်မှာပေါက်ကွဲလို့ကောင်းမယ့် ခပ်ကြမ်းကြမ်း Rock သီချင်းတစ်ပုဒ်နားထောင်ပြီး စိတ်လွတ် ကိုယ်လွတ်လိုက်အော်ဆိုကြည့်ပါ။ဒီလိုသီချင်းနဲ့လိုက်စီးမြောပြီး အသံကုန်အော်ဟစ်လိုက်ခြင်းက သင့်ရဲ့ ဒေါသစိတ်ကိုအမြန်ဆုံးလျော့ကျသွားစေမယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။




