ယေဘုယျအားဖြင့် ကျေနပ်စရာကောင်းတဲ့ ဘဝနေထိုင်မှုပုံစံမျိုးကို Healthy Lifestyle လို့ ဆိုနိုင်ပါတယ်။ Healthy Lifestyle ဆိုတာ လူပေါ်လိုက်ပြီး အဓိပ္ပါယ်အမျိုးမျိုး ထွက်နိုင်ပါတယ်။ ဒါပေမယ့် ကျန်းကျန်းမာမာ နေနိုင်တယ် ၊ သူငယ်ချင်းမိတ်ဆွေကောင်းတွေ ရှိပြီးနေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုတွေကို ကျော်လွှားနိုင်တယ် ဆိုတဲ့သူဟာ Healthy Lifestyle ပိုင်ရှင်လို့ ဆိုနိုင်ပါတယ်။ ဒီလို ကျန်းမာတဲ့ လူမှုဘဝ ရဖို့အတွက် အခုပြောမယ့် နည်းလမ်းလေးတွေက အကူအညီပေးနိုင်ပါတယ်။
(၁) ကျန်းမာအောင် စားပါ

Photo: Freepik
Healthy Diet ဟာ Healthy Lifestyle အတွက် အရေးကြီးဆုံး အချက် ဖြစ်ပါတယ်။ ကာဗွန်ဟိုက်ဒရိတ် ၊ ပရိုတိန်းနဲ့ အဆီတွေ ညီညွတ်မျှတအောင် စားမယ်ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်နေတာလို့ ဆိုနိုင်ပါတယ်။ ခန္ဓာကိုယ်အတွက် ဘေးဖြစ်စေမယ့် အရက်သေစာ ၊ ဆေးလိပ်နဲ့ သကြားတွေ ရှောင်ရှားတာကလည်း Healthy Lifestyle ဖြစ်ဖို့ မရှိမဖြစ် အရေးပါပါတယ်။
(၂) လေ့ကျင့်ခန်း လုပ်ပါ

Photo: Freepik
ကံ ၊ စိတ် ၊ ဥတု ၊ အာဟာရ ဆိုတဲ့ သက်စောင့်တရားတွေထဲမှာ ကံဆိုတာကတော့ ကျန်းမာအောင် နေတာ ထိုင်တာကို ပြောတာပါ။ ကျန်းမာရေးကောင်းဖို့ ကိုယ်ကာယလေ့ကျင့်ခန်းတွေ မပျင်းမရိ လုပ်ဖို့ လိုပါတယ်။ အနည်းဆုံး လမ်းလေးဘာလေး လျှောက် ၊ စက်ဘီးစီး ၊ ရေကူးတာမျိုးလောက်တော့ လုပ်သင့်ပါတယ်။
(၃) စိတ်ကျန်းမာရေး ကောင်းအောင် လုပ်ပါ

Photo: Freepik
စိတ်ကျန်းမာရေးဟာ သင်ထင်ထားတာထက် အရေးကြီးပါတယ်။ စိတ်ကျန်းမာဖို့အတွက် မျှတတဲ့ စိတ်သဘောထားကို နေ့စဉ် မွေးမြူသင့်ပါတယ်။ အိပ်ရေးဝအောင် အိပ်ပါ။ သောကနည်းအောင် နေထိုင်ပါ။ ဘာသာရေးအဆုံးအမတွေကို လိုက်နာပြီး ငြိမ်းချမ်းတဲ့ စိတ်နဲ့ နေနိုင်အောင် လေ့ကျင့်သင့်ပါတယ်။
(၄) ကိုယ်ချစ်ရသူတွေအတွက် အချိန်ပေးပါ

Photo: Freepik
မိတ်ဆွေတွေ ရှိရင် ပိုပြီး ပျော်ရွှင်ရတဲ့ ဘဝကို ရပါမယ်။ မိသားစုနဲ့ ချစ်ချစ်ခင်ခင် နေနိုင်ရင် ဘဝဟာ ပိုပြီး ချမ်းမြေ့ပါမယ်။ အရေးကြီးတာက Healthy Lifestyle ဖြစ်ဖို့အတွက် ကိုယ်ကိုယ်တိုင်လည်း ပျော်ရွှင်ကျန်းမာစွာ နေနိုင်သလို မိသားစုနဲ့ လူ့အသိုင်းအဝိုင်းမှာပါ အဓိပ္ပါယ်တစ်စုံတစ်ရာ ဖြည့်ဆည်းနိုင်သူ ဖြစ်ဖို့ပါပဲ။
