ကြွယ်ဝချမ်းသာခြင်းကို သင် ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုပါသလဲ။

ချမ်းသာခြင်းသည် မိမိမှာ ပိုင်ဆိုင်ထားတဲ့ ငွေပမာဏနဲ့ မသက်ဆိုင်ဘဲနဲ့ မိမိရဲ့စိတ်နဲ့သာ သက်ဆိုင်ပါတယ်။ ချမ်းသာသော သူသည်လည်း ဆင်းရဲသူ ဖြစ်နိုင်သလို ဆင်းရဲသူသည်လည်း ချမ်းသာတဲ့သူတစ်ယောက်ဖြစ်နိုင်ပါတယ်။

ဥပမာဆိုရသော် ဆင်းရဲသော နိုင်ငံတစ်နိုင်ငံတွင် မိသားစုတစ်စုသည် သူတို့အတွက် စားစရာအစားအစာ လုံလုံလောက်လောက်ရှိခြင်းကို သူတို့စိတ်ထဲတွင် ချမ်းသာသည်ဟု ယူဆကြပေမယ့် တိုက်နဲ့ကားနဲ့ နေရသူများသည် သူတို့ကိုယ်သူတို့ သူဌေးတွေလို့ မမှတ်ယူဘဲ နောက်ထပ် ပိုက်ဆံတွေအများကြီး ထပ်ရှာချင်ကြပါသေးတယ်။

သင့်အနေနဲ့ မိမိရှိပြီးသား ငွေပမာဏနဲ့ ရောင့်ရင့်တင်းတိမ်တဲ့အချိန်မျိုးလည်း ရှိနိုင်သလို ပိုက်ဆံအများကြီး ထပ်ရှာချင်တဲ့အချိန်လည်း ရှိပါလိမ့်မယ်။

ပိုက်ဆံအများကြီး စုမိဆောင်းမိပြီးတော့ ကြွယ်ဝချမ်းသာလာအောင် ဘယ်လိုလုပ်ဆောင်ရမလဲ။

ကိုယ်ကိုယ်တိုင်က ထုတ်လုပ်သူဖြစ်အောင် လုပ်ပါ

useful tips for men

ပိုက်ဆံတွေအများကြီး စုဆောင်းချင်တယ်ဆိုရင် သင်ကိုယ်တိုင် စားသုံးသူကနေ ထုတ်လုပ်သူဖြစ်အောင် ပြောင်းလဲရပါမယ်။ ဥပမာ စားသုံးသူများသည် ပီဇာကို စားပြီး ထုတ်လုပ်သူများကတော့ ပီဇာကို ပြုလုပ်ပါတယ်။ စားသုံးသူက ပိုက်ဆံပေးရပြီးတော့ ထုတ်လုပ်သူက အမြတ်ကို ယူပါတယ်။ သူဌေးဖြစ်ချင်တယ်ဆိုရင် အလုပ်အကိုင်ရှာဖွေနေသည့် အလုပ်သမားဖြစ်မယ့်အစား အလုပ်အကိုင် ထောက်ပံ့ပေးတဲ့ အလုပ်ရှင်ဖြစ်အောင် ကြိုးစားရပါမယ်။ သန်းကြွယ်သူဌေးတိုင်းက ထုတ်လုပ်သူတွေပဲဖြစ်ပြီး ထိုထုတ်လုပ်သူတွေပဲ ကြီးပွားချမ်းသာလာတာပါ။

ဝင်ငွေများကို တိုးပွားလာအောင် ကြိုးစားပါ

useful tips for men

သင့်ရဲ့တစ်နေ့လုပ်အားက ဘယ်လောက်ရှိပါသလဲ။ သင်က တစ်နေ့ကို တစ်သောင်းရတယ်ဆိုရင် ထိုတစ်သောင်းကို နှစ်ဆဖြစ်အောင် ပွားပါ။ ထိုနှစ်သောင်းကနေ သုံးသောင်း၊ လေးသောင်းစသည်ဖြင့် ပွားများလာအောင် လုပ်ဆောင်ရပါမယ်။

အရဲစွန့်ပါ

useful tips for men

လုပ်ငန်းရှင်တွေရဲ့ စိတ်ထဲမှာ သေရင် မြေကြီး၊ ရှင်ရင် ရွှေထီးဆိုတဲ့ စိတ်နဲ့ စိတ်ဒုန်းဒုန်းချပြီး အရဲစွန့် လုပ်ဆောင်တတ်ကြပါတယ်။ ဒါပေမဲ့ သာမန်ဝန်ထမ်းတစ်ယောက်အဖို့ စွန့်စားလိုက်တဲ့အခါ မိမိမှာစုထားတဲ့ ချွေးနည်းစာတွေအားလုံး ဆုံးရှုံးသွားမှာကို ကြောက်ရွံ့တတ်ကြပါတယ်။ ဒါဆိုရင် ဘယ်လိုစွန့်စားရမလဲ။

မိမိစုဆောင်းထားတဲ့ ချွေးနည်းစာထဲက ဆယ်ပုံတစ်ပုံကိုသာ ရင်းနှီးမြှုပ်နှံပါ။ ကံအကြောင်းမလှလို့ ဆုံးရှုံးသွားခဲ့ရင်တောင်မှ ဖြေသိမ့်လို့ရနိုင်ပါသေးတယ်။

မိမိရဲ့အားသာချက်က သေသေချာချာအသုံးချပါ

useful tips for men

လူတိုင်းမှာ မွေးရာပါအရည်အချင်းတစ်ခုစီ ရှိကြပါတယ်။ မိမိရဲ့မွေးရာပါအရည်အချင်းကို သေသေချာချာသိရှိနားလည်အောင် ကြိုးစားပြီးနောက် သေသေချာချာအသုံးချတတ်ဖို့လိုပါတယ်။ မိမိရဲ့အရည်အချင်းကို အကျိုးရှိရှိ အသုံးချပြီး ထုတ်လုပ်သူဖြစ်အောင် ကြိုးစားကာ ကိုယ်ပိုင်စီးပွားရေး ထူထောင်ပါ။

ဒါဆိုရင်တော့ သင်က ငွေကြေးချမ်းသာသူတစ်ယောက်ဖြစ်လာမှာ အမှန်ပါပဲ။

Source: Businessinsider.com