ကျွန်တော်တို့လူငယ်တွေဆိုတာ ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်တွေ ရည်မှန်းချက်တွေ အလုံးအရင်းနဲ့ပါ။ စိတ်ကူးအိပ်မက်တွေ လက်တွေ့အကောင်အထည် ဖော်နိုင်ဖို့ရာ ခိုင်မာတဲ့ခံယူချက် စိတ်ဓာတ်တွေနဲ့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။

တိုးတက်အောင်မြင်ပြီး အနာဂတ် ရည်မှန်းချက်တွေ ပြည့်ဝတဲ့ လူငယ်တစ်ယောက်ဖြစ်ဖို့ဆိုရင် အခုပြောပြမယ့် အချက်တွေ ကိုယ့်ကိုယ်ကို ရင်းနှီးမြုပ်နှံဖို့ လိုပါလိမ့်မယ်။

(၁) အတွေ့အကြုံ

 Group of men working together at the office

Photo: Freepik

ကျွန်တော်တို့ လူငယ်တွေအတွက် ​Experience ကသိပ်အရေးကြီးပါတယ်။ အတွေ့အကြုံတွေက ဘဝအတွက် တန်ဖိုးဖြတ်လို့မရတဲ့ သင်ခန်းစာတွေ ကျွမ်းကျင်တက်မြောက်နိုင်မှုတွေကို ပေးစွမ်းတာပါ။ ဒီတော့လူငယ်ဘဝမှာ ငွေနောက်လိုက်တာထက် အတွေ့အကြုံများများရစေမယ့် အလုပ်ခွင်တွေ နယ်ပယ်တွေမှာ ကိုယ့်ကိုယ်ကို ရင်းနှီးမြုပ်နှံသင့်ပါတယ်။

(၂) ကျွမ်းကျင်မှု

 Online Learning Man

Photo: iStock

သင့်ရဲ့ကျွမ်းကျင်မှုက ဘာဖြစ်မလဲ? ပေါင်းသင်းဆက်ဆံရေးမှာကျွမ်းကျင်လား ၊ ဆောင်းခေါင်မှုပိုင်းကျွမ်းကျင်လား ၊ စျေးကွက်ရှာဖွေမှုပိုင်းမှာကျွမ်းကျင်လား ၊ ဖန်တီးမှုစွမ်းရည်ပါတဲ့အလုပ်တွေမှာကျွမ်းကျင်လား စသဖြင့် ကိုယ်ကျွမ်းကျင်ပိုင်နိုင်တဲ့ အရာတွေကို ပိုမိုကောင်းမွန်အောင် အချိန်ပေး လုပ်ကိုင်သင့်ပါတယ်။ ဝါသနာကိုအရင်းခံပြီး ကျွမ်းကျင်မှုရှိတဲ့အလုပ်တွေ လုပ်ကိုင်ခြင်းက ရှေ့ရေးအတွက်ကောင်းမွန်တဲ့ အခြေခံ အုတ်မြစ်ချမှု ဖြစ်လာနိုင်ပါတယ်။

(၃) လေ့လာမှု

man learning online from laptop

Photo: Freepik

လူငယ်ဘဝမှာ ​လေ့လာစရာတွေက အရမ်းကိုများပါတယ်။ တက်တက်ကြွကြွနဲ့ ဉီးနှောက် Fresh ဖြစ်နေတဲ့ လူငယ်အရွယ်မှာ သင်ယူ​လေ့လာလို့ရတဲ့အရာတွေအတွက်ဘအချိန်ပေး ရင်းနှီးမြုပ်နှံ ဖို့လိုမှာပါ။ ကိုယ်ဝါသနာပါတဲ့အရာတွေ ​​လေ့လာနိုင်သလို အလုပ်အကိုင်တွေလိုအပ်လာမယ့် Skills တွေ အသစ်သစ်သောပညာရပ်တွေအတွက် ရင်းနှီးမြုပ်နှံပါ။

(၄) ကျန်းမာရေး

man Ready for workout in gym

Photo: Muscle & Fitness

ကျွန်တော်တို့လူငယ်တွေဟာ များသောအားဖြင့် ကျန်းမာဖြတ်လပ်ကျသူတွေပါ။ သို့သော် လူငယ်တစ်ယောက်ဖြစ်နေသည်တိုင် ကျန်းမာရေးဆိုတာလျစ်လျူရှု့ထားလို့မရပြန်ပါဘူး။ ငယ်စဉ်ကတည်းက ကျန်းမာရေးကိုအလေးမထားမိဘူးဆိုရင် သူများတွေနဲ့တန်းတူအလုပ်လုပ်နိုင်မှာမဟုတ်သလို နောင်တချိန်မှာနောင်တရစရာတွေဖြစ်လာပါလိမ့်မယ်။

ဒါ့ကြောင့် ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်တာ အစားအသောက်ထိန်းသိမ်းတာ စိတ်ရောကိုယ်ပါကျန်းမာဖို့ ဂရုတစိုက်နေထိုင်တာမျိုးတွေပြုလုပ်ပြီး ကျန်းမာရေးကိုရင်းနှီးမြုပ်နှံဖို့လိုပါတယ်။

Featured Photo:  Freepik