ပုံရိုးရိုး စတိုင်ရိုးရိုးဆိုရင် ရုပ်ရှိပေမယ့် လူတွေအကြားမှာ ထင်ပေါ်မှာ မဟုတ်ပါဘူး။ ကိုယ်ဟာ ထူးခြားတဲ့သူဖြစ်ကြောင်း မြင်သူတိုင်း လက်ခံစေဖို့ဆိုရင် ဖက်ရှင်ပြောင်းရတော့မှာပါ။

(၁) အပေါ်ထပ်ဝတ်ပါ

Source: pexels

ကုတ်ဖြစ်ဖြစ် ထပ်အင်္ကျီဖြစ်ဖြစ် ဝတ်ထားတာဟာ တီရှပ်နဲ့ ဂျင်းအတွဲထက် ပိုပြီး စိတ်ဝင်စားစရာပါ။ တီရှပ်တစ်ထည်နဲ့ ဂျင်းဘောင်းဘီလောက်ပဲ ဝတ်ထားရင် လူတွေဟာ သိပ်အကြာကြီး စိုက်မကြည့်တတ်ပါဘူး။ သူတို့အတွက် စိတ်ဝင်စားစရာလည်း မဟုတ်ပါဘူး။ တကယ်လို့ တီရှပ်အပေါ်ကနေ ကုတ်အပါးဖြစ်ဖြစ် အပေါ်ထပ်ဆွယ်တာပါး တစ်ထည်ဖြစ်ဖြစ် ဝတ်ထားပြီး ဘောင်းဘီအိတ်ထဲ လက်ထည့်ထားတဲ့သူကိုတော့ နှစ်ခါလောက် ပြန်ကြည့်တတ်ပါတယ်။

(၂) အသံနေအသံထား ဂရုစိုက်ပါ

Source: pixabay

ဝတ်တတ်စားတတ်တာကို လူတွေက သတိပြုမိတတ်ပြီး စကားအပြောအဆို ညက်ညောတာကိုတော့ အမှတ်ရနေတတ်ပါတယ်။ စကားပြောရာမှာ တည်တည်ငြိမ်ငြိမ် အေးအေးဆေးနဲ့ တစ်လုံးချင်း ရှင်းအောင်ပြောဖို့ လိုပါတယ်။

(၃) ရယ်ဒီမိတ်တွေချည်း မဝတ်ပါနဲ့

Source: pixabay

တစ်ခါတစ်လေမှာ ငွေပိုအကုန်ခံပြီး အင်္ကျီကို ပရော်ဖက်ရှင်နယ် Tailor နဲ့ သွားအပ်သင့်ပါတယ်။ ပွဲလမ်းသဘင်ပဲ သွားသွား ပေါ့ပေါ့ပါးပါးပဲ ဝတ်ဝတ် ကိုယ်နဲ့ ကွက်တိ တိုင်းချုပ်ထားတဲ့ အဝတ်အစားဟာ ကိုယ့်အတွက် ပိုအဆင်ပြေပါတယ်။ ဒါဟာ လူရဲ့ စတိုင်မိမှုအတွက် အရေးပါတဲ့ အချက်တစ်ခု ဖြစ်ပြီး ကိုယ့်ကိုယ်ကို ပိုပြီး ယုံကြည်မှု ရှိစေပါတယ်။

(၄) အဝတ်အစားတစ်မျိုးတည်း ဝတ်တာ ရှောင်ပါ

Source: unsplash

အိုင်ဒီအနေနဲ့ လူတွေ မှတ်မိချင်ရုံနဲ့ တီရှပ်ချည်းပဲ ထည်လဲ မဝတ်ပါနဲ့။ ဂျက်ကတ်နဲ့ တွဲဝတ်တာ ၊ ဂျာကင်နဲ့ လမ်းလျှောက်ထွက်တာ ပြောင်းကြည့်ပါ။ ဖက်ရှင်အပြောင်းအလဲဟာ နေ့စဉ် မြင်နေကျ ပုံစံထက် ပိုပြီး ဆွဲဆောင်မှုရှိသလို လူရဲ့ စိတ်ကိုလည်း တစ်မျိုး တစ်မည် ထူးခြားစေပါတယ်။