ကျွန်တော်တို့အားလုံးဟာ ဘဝဆိုတဲ့အနိမ့်အမြင့်အတက်အကျအလိုက် စီးဆင်းနေတဲ့ ခရီးရှည်ကြီးတစ်ခုကို ဖြတ်သန်းနေကြရတဲ့ သူတွေပါ။ ဘဝဆိုတာ ပျော်ရွှင်ရတဲ့အချိန်တွေရှိသလို နာကျင်ရတဲ့အချိန်တွေလည်း ရှိစမြဲပဲမဟုတ်လား။ သို့သော်လည်း အတက်နိုင်ဆုံး ဘဝကိုပျော်ရွှင်စွာဖြတ်သန်းသွားချင်တယ်ဆိုရင်တော့ အခုပြောပြမယ့်အရာလေးတွေက သင့်ကိုအကူညီဖြစ်စေမှာပါ။

(၁) ကျေးဇူးတင်ပါ

 Thankful Young Man Keeping Hands On Chest

 

Photo : Freepik

ဘဝမှာပျော်ရွှင်ချင်ရင် ကျေးဇူးတင်တက်တဲ့ စိတ်ကိုမွေးမြူဖို့လိုပါတယ်။ သင့်ဘဝမှာရရှိလာတဲ့ ကောင်းမွန်တဲ့အရာအတွက် ကျေးဇူးတင်ပါ။ သင့်ပတ်ဝန်းကျင်က မိတ်ကောင်းဆွေကောင်းတွေကို ကျေးဇူးတင်ပါတယ်။ သင့်ကို ကူညီဖူးသူတွေကို ကျေးဇူးတင်ပါ။ ကျေးဇူးတင်တက်တဲ့စိတ်က ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။

(၂) အပြုသဘောဆောင်တဲ့စိတ်မွေးပါ

Happy Man

Photo : Westend61

တစ်ခါတစ်လေဘဝမှာ ရွေးချယ်ခွင့်မရှိတဲ့အရာတွေကြုံလာတဲ့အခါ အပြုသဘောဆောင်တဲ့စိတ်က အကောင်းဆုံးတုန့်ပြန့်မှု ဖြစ်ပါတယ်။ အပြုသဘောဆောင်တဲ့အတွေး အပြုသဘောဆောင်တဲ့လက်ခံပေးမှုတွေက သင့်ဘဝကိုအေးချမ်းစေပြီး ပျော်ရွှင်ရစေမှာပါ။

(၃) ပျော်ရွှင်မှုကိုရှာပါ

Relaxed happy man lying in grass

Photo : Westend61

သင့်ကိုဘယ်အရာတွေက အမှန်တကယ်ပျော်ရွှင်မှုပေးနိုင်လဲဆိုတာ ရှာဖွေဆန်းစစ်ဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကို တကယ်ပဲပျော်ရွှင်မှုပေးနိုင်တဲ့အရာတွေကိုလုပ်ဆောင်မှသာ ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းသွားနိုင်မှာပါ။ ဒါကြောင့် သင့်ကိုပျော်ရွှင်စေတဲ့အရာတွေကို ရှာဖွေလိုက်ပါ။

(၄) ယုံကြည်ရာကိုလုပ်ပါ

Happy Man Working With Laptop

Photo : The Christian Broadcasting Network

ဘဝမှာ ကိုယ်ယုံကြည်တဲ့အရာ စိတ်ဆန္ဒပြင်းပြတဲ့အရာတွေ လုပ်ဆောင်ရတာ ပျော်စရာ အကောင်းဆုံးပါပဲ။ ကိုယ်နဲ့မကိုက်ညီတဲ့ ပုံစံခွက်တစ်ခုထဲမှာရှင်သန်ရတာထက် ကိုယ်တကယ်ဖြစ်ချင်တဲ့ဘဝ ၊ လုပ်ချင်တဲ့အလုပ်တွေလုပ်ကိုင်ရင်း အိမ်မက်တွေနောက်လိုက်ရတာ ကျေနပ်ပြည့်စုံတဲ့ ဘဝခံစားမှုကိုရစေမှာပါ။

Featured Photo Source : Le Quotidien