ကွီးတို့ရဲ့ ချစ်သူကောင်မလေးက မကြာခဏစိတ်ကောက်တက်တဲ့သူတစ်ယောက်လား။ သူမ လုံးဝမကြိုက်တဲ့အရာတစ်ခုကိုလုပ်မိလို့ဖြစ်စေ အရေးကြီးတဲ့နေ့စွဲတွေကို မေ့နေမိလို့ဖြစ်စေ တခြားကောင်မလေးကိုကြည့်မိလို့ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် သူမစိတ်ကောက်သွားပြီဆိုရင်တော့ အခုပြောပြမယ့်နည်းလမ်းလေးတွေက အသုံးတည့်စေမှာသေချာပါတယ်။ ဒါဆိုစိတ်ကောက်နေတဲ့ချစ်သူကို ဘယ်လိုပြန်ချော့မလဲဆိုတာလေ့လာကြည့်ရအောင်။
(၁) တောင်းပန်ပါ
Source : Adobe Stock
တောင်ပန်းခြင်းက ချစ်သူနှစ်ဦးကြားက အငြင်းပွားမှုတွေကိုရပ်တန့်ပေးနိုင်မယ့်အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ကိုယ့်ရဲ့အမှားတစ်စုံတစ်ရာကြောင့်သူမစိတ်ကောက်နေတယ်ဆိုရင်တော့ ကိုယ့်ရဲ့ အမှားကိုဝန်ခံပြီး ကျေနပ်တဲ့အထိ သေချာလေးတောင်းပန်လိုက်ပါ။
(၂) စာရေးပါ
Source : The Advocate
သူမရဲ့ဒေါသစိတ်ကြောင့် လက်တလောမှာ သင်ကိုတွေ့ခွင့်မပေးဘူး သို့မဟုတ် သင်ရဲ့စကားတွေကို နားထောင်ပေးဖို့အခွင့်အရေးမရှိသေးဘူးဆိုရင်တော့ စာတစောင်ရေးပြီးတောင်းပန်တာက အကောင်းဆုံးရွေးချယ်မှုဖြစ်စေမှာပါ။ စာထဲမှာသူမကိုဘယ်လောက်ချစ်ကြောင်း သူမဝမ်းနည်းအောင်လုပ်မိတဲ့အတွက်စိတ်မကောင်းကြောင်း သူမဆီကနေခွင့်လွတ်မှုကိုလိုချင်ကြောင်း စသည်ဖြင့် သူမစိတ်ကောင်ပြေစေမယ့် အကြောင်းအရာလေးတွေရေးပြီးသူမထံပို့ပေးလိုက်ပါ။
(၃) နားထောင်ပေးပါ
Source : Expertrain
ယောက်ျားလေးအများစုသတိမထားမိတာတစ်ခုက ချစ်သူကောင်မလေးစိတ်ကောက်အမြန်ဆုံးပြေဖို့ ကိုယ်ဘက်စကားတွေ တတွတ်တွတ်ပြောပြီး ဆက်တိုက်ချော့နေပေမယ့် သူမရဲ့ခံစားချက်စကားတွေကို နားထောင်ပေးဖို့တော့မေ့နေတက်တာဖြစ်ပါတယ်။ လက်ရှိအဖြစ်အပျက်နဲ့ပတ်သတ်ပြီး ပြောချင်တဲ့ သူမရဲ့ရင်တွင်းစကားတွေ သူမရင်ထဲမှာ ခံစားချက်တွေကို အချိန်ပေးပြီးနားထောင်ပေးဖို့လည်းလိုပါတယ်။ းသူမရဲ့မကျေနပ်ခြင်းတွေကိုထုတ်ဖော်ခွင့်ပေးလိုက်မှလည်း စိတ်ဆိုးပြေမှာဖြစ်ပါတယ်။
(၄) စိတ်ရှည်သည်းခံပါ
Source : Daubao.cOm
စိတ်ကောက်နေတဲ့ချစ်သူကို အခုချော့အခုစိတ်ပြေချင်လို့တော့မရပါဘူး။ သူမရဲ့စိတ်တွေတည်ငြိမ်ဖို့ ဒေါသစိတ်တွေလျော့ကျသွားစေဖို့ အချိန်နည်းနည်းလိုအပ်ပါတယ်။ဒါကြောင့် သူမကိုအချိန်ပေးပြီး စိတ်ရှည်ရှည်နဲ့ ချော့ပါ။ သူမရဲ့ဒေါသစိတ်တွေကိုနားလည်သည်းခံပေးလိုက်ပါ။ စိတ်ရှည်ရှည်နဲ့ ချော့ရင် ဘယ်မိန်းကလေးဖြစ်ဖြစ် စိတ်ကောက်ပြေပါတယ်။ ဒါကြောင့် ကိုယ့်ချစ်သူစိတ်ဆိုးနေချိန်မှာကြင်ကြင်နာနာနဲ့ စိတ်ရှည်စွာချော့ဖို့အကြံပြုချင်ပါတယ်။