လူသစ်တွေ သူစိမ်းတွေနဲ့တွေ့ဆုံတဲ့အချိန်မှာ First Impression ကောင်းနေဖို့ အလွန်အရေးကြီးပါတယ်။ First Impression ကောင်းရင် ပြောဆိုဆက်ဆံရတာ အဆင်ပြေသလို စီးပွားရေးလုပ်ငန်းတွေမှာလည်း အဆင်ပြေစေပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာပြောပြပေးမှာကတော့ First Impression ကောင်းစေမယ့် နည်းလမ်းတွေဖြစ်ပါတယ်။
အကြာကြီး မျက်လုံးချင်းမဆုံမိပါစေနဲ့
Photo : Brightside
စကားပြောချိန်မှာ မျက်လုံးချင်း စုံအောင်ကြည့်ပေးဖို့လည်း လိုအပ်ပါတယ်။ ဒါပေမယ့် အခြားအမျိုးသားတစ်ယောက်ရဲ့ မျက်လုံးကိုအချိန်အကြာကြီး စိုက်ကြည့်နေတာက ရန်လိုမှုကို ပြရာရောက်ပါတယ်။ ကျွမ်းကျင်သူတွေ အကြံပေးချက်အရ စကားပြောချိန်ရဲ့ (၆၀) ရာခိုင်နှုန်းကို မျက်လုံးချင်းစုံအောင် ကြည့်ပြီး (၄၀) ရာခိုင်နှုန်းကို အခြားနေရာတွေပေါ်မှာ အာရုံစိုက်ပေးသင့်ပါတယ်။ ဒီစည်းမျဉ်းက အမျိုးသားချင်းတွေမှာသာမက အမျိုးသားနဲ့အမျိုးသမီး ကြားတွေမှာလည်း အကျုံးဝင်ပါတယ်။
စက္ကန့်အနည်းငယ်ကြာမှ ပြုံးပါ
Photo : Brightside
အပြုံးဟာ ပြောဆိုဆက်ဆံရာမှာ အရေးကြီးတယ်ဆိုတာ လူတိုင်းနီးပါးနားလည်ထားကြတယ်။ ဒါပေမယ့် ပြုံးချင်တိုင်းပြုံနေမယ့်အစား စနစ်တကျပြုံးတာက ပိုပြီးထိရောက်မူရှိပါတယ်။ ကျွမ်းကျင်သူတွေပြောပြချက်အရ ပထမဆုံး ကိုယ်နဲ့စကားပြောနေတဲ့လူရဲ့ မျက်နှာကို ကြည့်ပြီး စက္ကန့်အနည်းငယ်ကြာမှ ပြုံးတာဟာ ပိုပြီး ဟန်ဆောင်မှုကင်းတဲ့ ပုံပေါ်စေပါတယ်။
စိတ်ဝင်စားကြောင်းပြပါ
Photo : Brightside
သူစိမ်းတွေနဲ့ တွေ့ရတဲ့အချိန်မှာ လူတိုင်းဆီမှာ အတွေး (၂) ခုရှိပါတယ်။ ဒါကတော့ “ငါသူတို့ကို သဘောကျလာ” နဲ့ “သူတို့ ငါ့ကို သဘောကျလာ” ဆိုတာပါပဲ။ impression ကောင်းချင်တယ်ဆိုရင် ကိုယ်နဲ့ စကားပြောနေတဲ့လူကို စိတ်ဝင်စားမူရှိရပါတယ်။ သူပြောနေတဲ့အကြောင်းအရာတွေကို သေချာဂရုစိုက်ပြီး နားထောင်ပေးဖို့ လိုအပ်ပါတယ်။
ဒီလိုမှ မဟုတ်ရင် မာနကြီးတယ်လို့ အထင်ခံရနိုင်ပါတယ်။ အကောင်းဆုံးကတော့ ပြုံးပြတာ၊ တစ်ကိုယ်လုံးကို စကားပြောနေတဲ့လူဖက်လှည့်ထားတာ စသဖြင့် စိတ်ဝင်စားမှု ပြဖို့လိုအပ်ပါတယ်။
ကိုယ်နေဟန်ထားကို ဂရုစိုက်ပါ
Photo : Brightside
အောင်မြင်တဲ့အားကစားသမားတွေ နိူင်ငံရေးသမားတွေကို ကြည့်လိုက်ပါ။ သူတို့ဟာ ဘယ်တော့မှာ ပခုံးတွေကို (သို့) မျက်လုံး တွေကို အောက်ချလေ့မရှိပါဘူး။ သူတို့တွေဟာ အမြဲတမ်း ကိုယ်နေဟန်ထားမှန်မှန်နဲ့ အပြုံးပန်းဆင်နေလေ့ရှိပါတယ်။ သူတို့တွေဟာ မိမိကိုယ်ကိုယုံကြည်မှုရှိကြောင်း ပြပြီး အခြားလူတွေရဲ့ သဘောကျမှုကို ခံယူလေ့ရှိပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အကြံပြုချက်အရ impression ကောင်းကောင်းလေးလိုချင်ရင် သူတို့တွေကို အတုယူသင့်ပါတယ်။
Featured Photo : Small Business Charter