လူတိုင်းလူတိုင်း ကိုယ်ချစ်သူရဲ့ အချစ်တွေအားလုံးကို ကိုယ်တစ်ယောက်တည်းပိုင်ဆိုင်ချင်ကြတာသဘာဝပါ။အချိန်တွေကြာလာတဲ့အထိ သူမရဲ့ အချစ်တွေလျော့မသွားပဲ အမြဲတမ်းပိုချစ်ခံရစေချင်တယ်ဆိုရင် နည်းလမ်းကောင်းတစ်ချို့ကိုပြောပြပေးချင်ပါတယ်။ ဒီနည်းလမ်းလေးတွေကိုလက်တွေ့ကျင်သုံးပြီးကွီးတို့ရဲ့ အချစ်ရေးကို ပိုမိုပျော်ရွှင်ဖွယ်ကောင်းတဲ့အခြေအနေတစ်ခုရအောင်တည်ဆောက်လိုက်ပါ။
(၁) အမှတ်ရစေမယ့်အရာလေးတွေဖန်တီးပေးပါ
Source : Dissolve
မိန်းကလေးအများစုဟာ အမှတ်တရဖြစ်စေတဲ့အရာလေးတွေကို အင်မတန်သဘောကျကြပါတယ်။ ဈေးကြီးပေးဝယ်ရတဲ့ လက်ဆောင်ပစ္စည်းတွေပေးတာထက် သူမကြိုက်တက်တဲ့အစားအသောက်လေးတွေ ကိုယ်တိုင်ချက်ကျွေးတာမျိုး သူမအတွက် ကဗျာလေးတွေရေးစပ်ပေးတာမျိုး သူမရဲ့ ပုံတူပန်းချီလေးတွေရေးဆွဲပေးတာမျိုး စသည့်ဖြင့် သူမအတွက်အမှတ်တရဖြစ်စေမယ့် အရာလေးတွေကို ပိုပြီးတန်ဖိုးထား သဘောကျတက်ကြပါတယ်။
(၂) ဦးစားပေးပါ
Source : Pxfuel
ကိုယ့်ချစ်သူရဲ့ ဦးစားပေးခြင်းခံရတဲ့ လူတစ်ယောက်ဖြစ်ကြတာ မိန်းကလေးတိုင်းရဲ့ ဆန္ဒပါ။ ဒါကြောင့် သူမကိုအတက်နိုင်ဆုံး ဦးစားပေးပါ။ ဘယ်ကိစ္စမဆို ကိုယ်တစ်ယောက်တည်းရဲ့ သဘောဆန္ဒအတိုင်း မဆုံးဖြတ်ပဲ အရင်ဆုံး သူမနဲ့ ဆွေးနွေးတိုင်ပင်ကြည့်ပါ။ သူမရဲ့ ဆုံးဖြတ်ချက်ကိုထည့်စဉ်းစားပေးပါ။ သူမနဲ့တိုင်ပင်ပြီး အကြံဉာဏ်တွေတောင်းပါ။ ဒါဟာသူမကိုဦးစားပေးကြောင်း တန်ဖိုးထားကြောင်းပြသရာရောက်စေတဲ့ သွယ်ဝိုက်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။
(၃) သူမအတွက်ရှိနေပေးပါ
Source : Unsplash
မိန်းကလေးတွေဟာ လူတစ်ယောက်အပေါ်ချစ်မိသွားပြီဆိုရင် ချစ်တာထက်ပိုတဲ့ အားကိုးမှု တွယ်တာမှု အလေးထားခံရမှုစတဲ့ခံစားချက်တွေပါ ထားရှိတက်ကြပါတယ်။ သူမအားငယ်နေချိန်မှာ ဆုပ်ကိုင်ထားပေးမယ့်လက်တစ်စုံ သူမဝမ်းနည်းနေချိန်မှာ ငိုကြွေးစရာရင်ခွင်တစ်ခု လိုချင်ကြတာဖြစ်ပါတယ်။ ဒါကြောင့်သူမရဲ့ အချစ်တွေပြည့်ပြည့်ဝဝ လိုချင်တယ်ဆိုရင် သူမအားငယ်တဲ့အခါ အားပေးစကားလေးတွေပြောပြပေးပါ နှစ်သိမ့်ပေးပါ အချိန်တိုင်းအတွက်မဟုတ်ရင်တောင် တက်နိုင်သလောက် သူမအတွက်နွေးထွေးတဲ့ ရင်ခွင်တစ်ခုအဖြစ် ရှိနေပေးဖို့တော့လိုပါလိမ့်မယ်။
(၄) လူကြီးဆန်ပေးလိုက်ပါ
Source : Pixabay
ချစ်သူစုံတွဲတွေ စကားများရန်ဖြစ်ကြတဲ့အခါ တစ်ယောက်တစ်ခွန်းအပြန်အလှန်ပြောဆိုမိခြင်းက ပြဿနာကိုတစ်စထက်တစ်စပိုမိုကြီးထွားလာစေပါတယ်။ ဒီလိုအဖြစ်အပျက်က ရန်ဖြစ်စကားများတိုင်းကြုံနေရမယ်ဆိုရင် တစ်ယောက်ကိုတစ်ယောက စိတ်ပျက်သွားနိုင်ပါတယ်။ ဒါကြောင့်ကိုယ်ကပဲ လူကြီးဆန်စွာနဲ့ သူမကိုအလျော့ပေးလိုက်ပါ။ ရန်ဖြစ်ပြီး စိတ်မပြေသေးတဲ့အချိန်မှာတောင် သူမကိုဂရုစိုက်တဲ့အမူအရာလေးတွေပြပေးပါ။ ဥပမာ ကားလမ်းကူးရင်လက်ကိုကိုင်ပြီး ကူးတာမျိုးပါ။ဒီလိုအရာလေးတွေက သင့်ကိုလုံးဝကြွေစေပြီး အချစ်တွေအများကြီးပိုရစေနိုင်ပါတယ်။