လေ့လာတွေ့ရှိချက်တွေအရ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်လေးစားမှုရှိတဲ့ ချစ်သူစုံတွဲတွေဟာ အချစ်ခရီးလမ်း ပိုမိုဖြောင့်တန်းကြပြီး ရေရှည်လက်တွဲနိုင်ကြတဲ့သူတွေဖြစ်ပါတယ်။ သာယာပျော်ရွှင်တဲ့အချစ်ရေးတစ်ခုနဲ့ ကိုယ့်ချစ်သူရဲ့လေးစားမှုရဖို့ဆိုရင် လိုက်နာစောင့်ထိန်းသင့်တဲ့ ကျင့်ဝတ်တွေ ပြုမူပြောဆိုသင့်တဲ့ အရာတွေကိုတော့ သိထားဖို့လိုပါတယ်။ ဒီလိုစည်းမျဉ်းတွေကို သေချာလိုက်နာမှသာ ကိုယ့်ချစ်သူရဲ့ လေးစားမှု ရရှိနိုင်မှာပါ။

(၁) စကားပြောတည်ကြည်ပါ

Source : stocksy.com

စကားပြောတည်ကြည်တယ်ဆိုတာ အချိန်တိုင်းရုပ်တည်ကြီးနဲ့ နေဖို့ကို ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ်ပြောလိုက်တဲ့စကား တစ်ခွန်းအပေါ် အပြည့်အဝတာဝန်ယူတတ်ရမှာဖြစ်ပြီး ရှေ့စကားနောက်စကားညီဖို့ကို ဆိုလိုခြင်းဖြစ်ပါတယ်။ အခုတစ်မျိုး တော်ကြာတစ်မျိုးနဲ့ ပေါ့ပေါ့ပျက်ပျက် စကားပြောဆိုမယ်ဆိုရင်တော့ သင့်ချစ်သူကောင်မလေးရဲ့ အထင်ကြီးလေးစားမှုကို ရနိုင်မှာမဟုတ်ပါဘူး။

(၂) လူကြီးလူကောင်းဆန်ပါ

Source : freepik.com

အသက်အရွယ်ဆိုတာတကယ်တော့ ကိန်းဂဏန်းတစ်ခုသာဖြစ်ပါတယ်။ မိန်းကလေးအများစုက သူတို့ထက် အသက်ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ လူကြီးလူကောင်းဆန်စွာ ပြုမူပြောဆို နေထိုင်တတ်တဲ့ ယောကျာင်္လေးတွေကို ပိုပြီး လေးစားသဘောကျကြပါတယ်။ လူကြီးလူကောင်းဆန်ခြင်းက အချစ်ရေးမှာတင်မကဘဲ တခြားသောနယ်ပယ်တွေမှာ အောင်မြင်မှုအတိုင်းအတာတစ်ခုရရှိနိုင်တာကြောင့် လူတိုင်းလိုက်နာသင့်တဲ့အချက်တစ်ခုပါ။

(၃) ပွင့်လင်းမှုရှိပါ

Source : Victoria Buzz

တစ်ယောက်နဲ့တစ်ယောက်ပွင့်လင်းမှုရှိပြီး ရင်းနှီးလွန်းသွားရင်လေးစားမှုပျောက်ကွယ် သွားတတ်တယ်လို့ တော်တော်များများထင်ကြပါတယ်။ တကယ်တော့ ပွင့်ပွင့်လင်းလင်းဆက်ဆံခြင်းက လေးစားမှုကို လျော့မသွားစေပါဘူး။ ပွင့်လင်းမှုက အရာရာကို လျို့ဝှက်ချက်တွေ လိမ်ညာမုသားတွေထက်တော့ ပိုပြီးတန်ဖိုးရှိစေမှာဖြစ်ပါတယ်။

(၄) ဦးဆောင်ပါ

Source : LoveBondings

ကိုယ့်ချစ်သူကို ဦးစီးဦးဆောင်လုပ်နိုင်တဲ့ အမျိုးသားတွေဟာ ကိုယ့်ချစ်သူကောင်မလေးရဲ့ လေးစားအားကိုးမှုကို ပိုခံကြရပါတယ်။ မိန်းကလေးအများစုကလည်း ဦးဆောင်နိုင်တဲ့ကောင်လေးတွေကို ပိုမိုသဘောကျတတ်ကြတာကြောင့် ဦးဆောင်နိုင်တဲ့အမျိုးသားတစ်ယောက်ဖြစ်အောင် လေ့ကျင့်ယူပါ။တစ်ခုသတိထားရမှာက ဦးဆောင်တာနဲ့ အမိန့်ပေးသလို အထက်စီးက ဆက်ဆံတာကိုတော့ ကွဲကွဲပြားပြားသိဖို့လိုပါမယ်။