ဘဝဆိုတာ အနည်းနဲ့အများတော့ အခက်အခဲတွေ ရှိကြစမြဲပါပဲ။ တစ်ခါတစ်ရံမှာ ထင်မှတ်မထားလောက်အောင် ကိုင်တွယ်ရခက်ခဲတဲ့အခြေအနေတွေ ၊ ဆုံးရှုံးမှုတွေ ၊ အဆိုးဆုံးဆိုတဲ့ ပြဿနာတွေနဲ့လည်း ရင်ဆိုင်ရတက်ပြန်ပါတယ်။ ဒီလိုဘဝရဲ့အကျဘက်ကို ရောက်နေတဲ့ခက်ခဲတဲ့အချိန်တွေမှာ စိတ်ဓာတ်ကျအားငယ်ခြင်းတွေနဲ့ လက်မြောက်အရှုံးပေးမယ့်အစား ရဲရဲရင့်ရင့်နဲ့ ကြံ့ကြံ့ခိုင်ကျော်ဖြတ်နိုင်ဖို့ အကြံပြုချက်တစ်ချို့ကို ပြောပြပေးချင်ပါတယ်။

(၁) အမြဲမဟုတ်ဘူးဆိုတာ နားလည်ထားပါ

 man thinking hand close up puzzled shirt businessman
Photo : FreeJPG

ဘဝကဒီရေလိုပဲ အနိမ့်အမြင့်အတက်အကျအမြဲရှိတယ်ဆိုတာကို လက်ခံဖို့လိုပါတယ်။ အမြဲတမ်းအကောင်းဆုံးတွေပဲ မပိုင်ဆိုင်နိုင်သလို အဆိုးဆုံးအချိန်တွေကလည်း အခိုက်အတန့်တစ်ခုသာ ဖြစ်ပါတယ်။ လက်ရှိ အဆိုးဆုံးဆိုတဲ့အခြေအနေတွေက အမြဲမဟုတ်ဘူးဆိုတာကို နားလည်လက်ခံပြီး အကောင်းဆုံးကျော်ဖြတ်ပါ။

(၂) သင်ယူပါ

 concept-of-planning-and-strategy-in-business

Photo : Pxfuel

ဒီနေ့ ရုန်းကန်ရခြင်းက မနက်ဖြန်အတွက် ခွန်အားတွေပါပဲ။ အခက်အခဲပြဿနာတွေဆိုတာ ယူတက်ရင် အကောင်းဆုံးဘဝရဲ့သင်ခန်းစာတွေ ဖြစ်ပါတယ်။ အမှားတွေ ပြဿနာတွေကို ခွဲခြားသိမြင်ဖို့ဆိုတာ ဘယ်တော့မှ မလွယ်ပေမယ့် အဲဒီအမှားတွေကို ကောင်းစွာသိနားလည်လိုက်ပြီဆိုတာနဲ့ သင်ကြုံတွေ့နေရတဲ့ ရုန်းကန်မှုတွေကနေ ပိုမိုကောင်းမွန်တဲ့ ပြောင်းလဲမှုတွေကို လုပ်နိုင်မှာပါ။

(၃) အကူညီရယူပါ

 Helping Someone Get Up

Photo : Relevant Magazine

တစ်ချို့ပြဿနာတွေဟာ ကိုယ်တစ်ယောက်တည်း အဖြေရှာလို့မရနိုင်တဲ့ အခြေအနေမျိုးတွေရှိပါတယ်။ တက်ကျွမ်းနားလည်သူတွေ ၊ အတွေ့အကြုံရင့်သန်သူတွေရဲ့ အကြံပေးချက်တွေ အကူညီတွေကိုလည်း ရယူဖို့လိုမှာပါ။ ကိုယ့်ပြဿနာတွေကို အချိန်တိုင်း အကူညီလိုက်တောင်းနေဖို့ မဆိုလိုပေမယ့် လိုအပ်ရင်လိုအပ်သလို အကူညီ ၊ အကြံဉာဏ်ကောင်းတွေ ရယူဖို့အကြံပြုချင်ပါတယ်။

(၄) စိတ်စွမ်းအားကို ယုံကြည်ပါ

man playing chess
Photo : 123RF

စိတ်စွမ်းအားက သိပ်ကိုတန်ခိုးကြီးပါတယ်။ စိတ်ရဲ့ စွမ်းအားပေါ်အခြေခံပြီး ဘဝမှာ အောင်မြင်နိုင်မှုကြီးကြီးတွေရယူနိုင်သလို အခက်အခဲဆုံးအချိန်တွေကိုလည်း အကောင်းဆုံးကျော်ဖြတ်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ အဓိက ကိုယ့်ကိုယ်ကို ယုံကြည်ထားပါ။ အဆိုးဆုံးအခြေအနေတွေ ငါကျော်ဖြတ်နိုင်တဲ့ဆိုတဲ့ စိတ်ကိုပဲ နှလုံးသွင်းထားဖို့အရေးကြီးတာပါ။

Featured Photo : The Dawn Rehab Thailand