လူငယ်ဘဝဆိုတာ ပျော်စရာ ၊ အချိန်ကုန်စရာတွေက ခပ်များများရယ်ပါ။ ပြန်မရနိုင်တဲ့ လူငယ်ဘဝကို ပျော်ပျော်ပဲဖြတ်သန်းသင့်တယ်လို့ ပြောကြပေမယ့် ပေါ့ပေါ့နေလို့လည်း မရပြန်ပါဘူး။ သင်ဟာ အောင်မြင်တိုးတက်ချင်စိတ်ရှိတဲ့ လူငယ်တစ်ယောက်ဆိုရင်တော့ လူငယ်အရွယ်ကတည်းက ဘဝအောင်မြင်မှုအတွက် အုတ်မြစ်ကောင်းချခဲ့ဖို့ လိုပါတယ်။ ဒီဆောင်းပါးလေးမှာတော့ တချိန်မှာအောင်မြင်တိုးတက်သူတစ်ယောက်ဖြစ်ဖို့ လူငယ်ဘဝကတည်းက ပြင်ဆင်ထားသင့်တဲ့ အရာလေးတွေကိုပြောပြပေးချင်ပါတယ်။

(၁) စိန်ခေါ်မှုတွေနဲ့ ကျင့်သားရအောင် လေ့ကျင့်ပါ

man jumping on the road

Photo : SnackNation

စိန်ခေါ်မှုတွေနဲ့ ကျင့်သားရအောင် လေ့ကျင့်ထားခြင်းဟာ ဘဝအောင်မြင်ရေးအတွက် လိုအပ်တဲ့ အရည်အချင်းတစ်ခုပါပဲ။ အောင်မြင်မှုဆီ သွားရာလမ်းကြောင်းတစ်လျှောက်မှာ ခက်ခဲကြမ်းတမ်းမှုတွေ ၊ စိန်ခေါ်မှုတွေက အမြဲစောင့်ကြိုနေကြစမြဲပါ။ အခက်အခဲ အတားအဆီးနဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်မှသာ မျှော်မှန်းထားတဲ့ ပန်းတိုင်ကိုရောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်မှုတွေအမြဲ ချမှတ်ပြီး အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်တဲ့ သူတစ်ယောက်အဖြစ် လေ့ကျင့်ထားသင့်ပါတယ်။

(၂) အကျင့်ဆိုးတွေ ဖျောက်ဖျက်ပါ

Habits, Change
Photo : Anand Damani

လူတိုင်းမှာကောင်းမွန်တဲ့ အကျင့်တွေရှိသလို မကောင်းတဲ့ အကျင့်ဆိုးတွေလည်း ရှိတက်ကြတာပဲ မဟုတ်လား။ ကိုယ့်ကို ဘယ်အကျင့်တွေက ကောင်းမွန်အောင်ထောက်ပံ့နေပြီး ဘယ်အကျင့်တွေကတော့ ဖျက်စီးနေလဲဆိုတာ သေချာဆန်းစစ်ဖို့ လိုပါတယ်။ မကောင်းတဲ့အကျင့်ဆိုးတွေကို အနာဂတ်အထိသယ်မသွားပဲ ဖျောက်ဖျက်နိုင်မယ်ဆိုရင် ပိုပြီး တိုးတက်ကောင်းမွန်တဲ့ လူငယ်တစ်ယောက်ဖြစ်လာမှာ အသေအချာပါပဲ။

(၃) စိတ်ခံစားမှုကို ထိန်းချုပ်ပါ

man mental exhausted
Photo : Medical News Today

တကယ်တော့ စိတ်ခံစားမှုဆိုတာ သင့်ဘဝတစ်လျှောက်လုံးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုအနေနဲ့ အမြဲပါဝင်နေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အခြေအနေအရပ်ရပ်ပေါ်မူတည်ပြီး ကိုယ့်ရဲ့ စိတ်ကို ကောင်းစွာကိုယ်တွယ်ထိန်းချုပ်နိုင်စွမ်းရှိဖို့ အထူးလေ့ကျင့်ပေးထားရမှာ ပါ။ စိတ်ခံစားမှုတွေကို ထိန်းချုပ်ကိုင်တွယ်နိုင်လေ ဘဝရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းတိုးတက်လေဖြစ်ပြီး  ပိုမိုကောင်းမွန်တဲ့ တိုးတက်မှုအဖြေရလဒ်တွေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

(၄) ပေါင်းသင်းဆက်ဆံရေးချဲ့ထွင်ပါ

 two men handshake
Photo : Medium

အောင်မြင်နေတဲ့ ပုဂ္ဂိုလ်အများစုက ပေါင်းတက်သင်းတက် လူဆန့်ဝင်သူတွေ များပါတယ်။ ဟုတ်ပါတယ် ပေါင်းသင်းဆက်ဆံရေးစွမ်းရည်ဟာ ဘဝအောင်မြင်တိုးတက်မှုအတွက် တစ်စိတ်တစ်ပိုင်းအရေးပါပါတယ်။ ဆယ်ကျော်သက် လူငယ်ဘဝကတည်းကလူတွေနဲ့ ကောင်းကောင်း ပေါင်းတက်သင်းတက် မိတ်ဆွေဖွဲ့တက်ပြီး ပေါင်းသင်းဆက်ဆံရေးကို ချဲ့ထွင်နိုင်စွမ်းရှိမယ်ဆိုရင် တချိန်မှာပိုမိုကောင်းမွန်တဲ့ အနာဂတ်အခွင့် အလမ်းတွေနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ် သေချာပေါက်လျှောက်လှမ်းနိုင်ပါလိမ့်မယ်။

Featured Photo : Phelsuma Web