အမျိုးသားအများစုဟာ အသားအရေထိန်းသိမ်းခြင်းနဲ့ပတ်သတ်ပြီး အားနည်းကြပါတယ်။ ဒါကြောင့်လည်း အမျိုးသားတွေဟာ အမျိုးသမီးတွေထက်ပိုပြီး ရုပ်ရင့်လွယ်တာ အသားအရေးပျက်စီးလွယ်တာမျိုးတွေ အဖြစ်များတာပါ။ ဒီတော့ အမျိုးသားတွေအနေနဲ့ အသားအရေမပျက်စီးအောင် ဘယ်လိုထိန်းသိမ်းကာကွယ်ရမလဲဆိုတဲ့ နည်းလမ်းကောင်းတချို့ကို ပြောပြပေးမှာပါ။

(၁) နေရောင်ထိတွေ့မှုလျော့ချပါ

man taking sunscreen

Photo : Curious Keeda

နေကထုတ်လွင့်တဲ့ ခရမ်းလွန်ရောင်ခြည်ဟာ အသားအရေကိုဆိုးဆိုးရွားရွားပျက်စီးစေတဲ့ အကြောင်းအရင်းတစ်ရပ်ပါ။ အရေးအကြောင်းများ တင်းတိပ် အစက်အပျောက်များ အမဲစက်များနှင့် အရေပြားကင်ဆာဖြစ်စေနိုင်တဲ့အထိ အန္တရာယ်ကြီးပါတယ်။ ဒါကြောင့် တက်နိုင်သလောက်နေပူထဲအကာကွယ်မဲ့ သွားလာတာမျိုးရှောင်ကြဉ်ပါ။ မဖြစ်မနေ နေပူထဲထွက်ရတော့မယ်ဆိုရင် အပေါ်ထပ်အင်္ကျီ ထီး ဦးထုပ်ခေါင်းတာမျိုး ၊ နေလောင်ကာခရင်မ်လိမ်းတာမျိုး မဖြစ်မနေလုပ်သင့်ပါတယ်။

(၂) ရေဓာတ်ဖြည့်ပါ

a young african man drinking water out of glass during coffee break at cafe

Photo : Storyblocks

ရေဟာ ခန္ဓာကိုယ်ရဲ့ အထွေထွေကျန်းမာရေးအတွက် လိုအပ်ချက်တစ်ခုဖြစ်သလို အရေပြားအစိုဓာတ်ကိုထိန်းပေးပြီး အသားအရေကျန်းမာအောင်လည်း ကူညီပေးပါတယ်။ အသားအရေ ရေဓာတ်ပြည့်ဝပြီး ကျန်းမာနေဖို့ရာ ရေဓာတ်လုံလုံလောက်လောက် သောက်သုံးပေးဖို့လိုပါတယ်။ သင့်အသားအရေဟာ ရေဓာတ်ပြည့်ဝပြီး စိုပြေနေမယ်ဆိုရင် အသားပတ်တာ ၊ အရေပြားအက်ကွဲတာ ၊ အသားခြောက်တာတွေမဖြစ်တော့ပဲ နုပျိုလန်းဆန်းတဲ့ အသွင်ကိုရစေမှာပါ။

(၃) သင့်အရေပြားကိုအမြဲ Check လုပ်ပါ

man in Bathroom look at the mirror

Photo : The Man.style

ကိုယ့်အသားအရေနဲ့ပတ်သတ်ပြီး အမြဲစစ်ဆေးဖို့ကိုလည်း အကြံပြုချင်ပါတယ်။ တစ်ခါတစ်လေမှာ ရာသီဥတုဒဏ်ကြောင့်ဖြစ်စေ ၊ မတည့်တဲ့အစားအစာတွေကြောင့်ဖြစ်စေ ၊ မသန့်စင်တဲ့ ရေသုံးမိလို့ဖြစ်စေ အကြောင်းကြောင်းကြောင့် အရေပြားရောင်ရမ်းတာ ယားနာခြင်း နီမြန်းတာမျိုးတွေဖြစ်တက်ပါတယ်။ ဒီလိုတွေဖြစ်လာရင် ပေါ့ပေါ့ဆဆမနေပဲ အသားအရေဆိုင်ရာကျွမ်းကျင်သူတွေနဲ့ ပြသပြီး ဆေးကုသမှုခံယူသင့်ပါတယ်။ ကိုယ်က ထိရှလွယ်တဲ့အသားအရေးပိုင်ရှင်မျိုးဆို ကိုယ့်အရေပြားကပြတဲ့ လက္ခဏာတွေကို အမြဲ Check လုပ်သင့်ပါတယ်။

(၄) အခြေခံ Skin Care အဆင့်တွေလုပ်ပေးပါ

A men's skincare routine

Photo : The Man.style

အသားအရေမပျက်စီးဖို့ဆိုရင် အခြေခံကျတဲ့အသားအရေထိန်းသိမ်းခြင်းလုပ်ငန်းစဉ်တွေကို သေချာလေးလုပ်ဆောင်ပေးဖို့လိုမှာပါ။ ပထမဆုံးအနေနဲ့ တစ်နေ့ကို နှစ်ကြိမ် မျက်နှာသန့်စင်ပေးဖို့လိုအပ်ပါတယ်။ မျက်နှာသန့်စင်တဲ့အခါ သင့်အသားအရေနဲ့ ကိုက်ညီတဲ့ အပျော့စား သန့်စင်ဆေးကိုသုံးပါ။ မျက်နှာသစ်တဲ့အခါ လက်ချောင်းတွေနဲ့ စက်ဝိုင်းပုံစံ ညင်သာစွာနှိပ်နယ်ပေးရမှာဖြစ်ပြီး အများဆုံး ၂မိနစ်ခန့်သာ ပွတ်တိုက်နှိပ်နယ်ဆေးကြောပေးပါ။ ထို့နောက်မျက်နှာပေါ်က ဆပ်ပြာတွေနဲ့အညစ်ကြေးတွေပြောင်စင်တဲ့အထိ ရေများများနဲ့မျက်နှာသစ်ပေးရပါမယ်။ ပြီးရင်တော့ နူးညံ့ခြောက်သွေ့တဲ့ ပုဝါနဲ့ ညင်သာစွာသုတ်ပေးရမှာပါ။ ပြီးရင်တော့ moisturizer လိမ်းပေးရပါမယ်။

အသားအရေမပျက်စီးအောင်ထိန်းသိမ်းတော့မယ်ဆိုရင် ကျန်းမာတဲ့လူနေမှုပုံစံကိုလည်း ပုံဖော်ဖို့လိုပါလိမ့်မယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်တာ ၊ အိပ်ရေးဝဝအိပ်စက်တာ ၊ အပူအစပ်တွေရှောင်တာ ၊ စိတ်ဖိစီးမှုလျော့ချတာ စသည်ဖြင့်ပေါ့။ အခုပြောတဲ့အချက်တွေသေချာလိုက်နာမယ်ဆို ရင် အသားအရေပျက်စီးမှုကင်းဝေးပြီး ကျန်းမာနုပျိုတဲ့ အမျိုးသားတစ်ယောက်အသွင်ကိုရစေမှာပါ။

Featured Photo : Medium