လေ့လာမှူတစ်ခုအရ ပုံမှန်ဆေးလိပ်သောက်သူဦးရေရဲ့ ၃ ပုံ ၂ ပုံဟာ ဆေးလိပ်ဖြတ်ချင်ပေမယ်တကယ်တမ်း ဆေးလိပ်ဖြတ်ဖို့ ကြိုးစားသူဟာ ၃၀% ကနေ ၄၀% လောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။ ဆေးလိပ်စွဲသွားရင် ဖြတ်ဖို့ ခက်ခဲတာ မှန်ပေမယ့် ဆေးလိပ်ပြတ်ချင်သူတစ်ယောက်ဆိုရင်တော့ အခုပြောမယ့် နည်းလမ်း ၄ မျိုးနဲ့ ဆေးလိပ်ပြတ်အောင် ဖြတ်လို့ ရပါတယ်။

(၁) အားကစားလုပ်ခြင်း

Source : Shutterstock

အားကစားဟာ ဆေးလိပ်ဖြတ်ချင်သူတွေအတွက် အဖော်မွန်ပါပဲ။ ဆေးလိပ်ဖြတ်ချင်တယ်ဆိုရင် ဘောလုံးကစားတာ ၊ လက်ဝှေ့ လေ့ကျင့်တာ ၊ Gym ကစားတာတွေ လုပ်သင့်ပါတယ်။ ချွေးထွက်များလေလေ လူရဲ့ စိတ်ခံစားချက် ပိုကောင်းလာပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်မှူ ပိုမြင့်လာမှာပါ။

(၂) ဆေးလိပ်ဖြတ်တော့မယ့် အကြောင်းကြေညာပါ

Source : Freepik

အသိအကျွမ်းတွေ ကိုယ့်အပေါင်းအသင်းတွေကို ဆေးလိပ်ဖြတ်ပြီလို့ ပြောထားပါ။ အဲသလို ပြောပြီး ဆေးလိပ်ကို ရှောင်တဲ့သူတွေက ပိုပြီး ဆေးလိပ်ပြတ်တာ မြန်ပါတယ်။ နောက်တစ်ခုက ကိုယ့်ပတ်ဝန်းကျင်မှာ ဆေးလိပ်သောက်သူတွေ မရှိရင် ပိုပြီး ကောင်းပါတယ်။

(၃) အသီးအနှံစားပါ

Source : Shutterstock

ဆေးလိပ်ပြတ်ချင်ရင် သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားပေးပါ။ အမျှင်ဓါတ် မြင့်တဲ့ အစားအစာတွေ စားပေးခြင်းအားဖြင့် ဆေးလိပ်သောက်ချင်စိတ်နည်းသွားပါလိမ့်မယ်။

(၄) နွားနို့ သောက်ပါ

Source : youworkforthem.com

နွားနို့ ဟာ ဆေးလိပ်သမားတွေအတွက်ရန်သူဖြစ်ပြီး ဆေးလိပ်ဖြတ်မယ့်သူတွေအတွက် အဖော်မွန်ပါ။ နွားနို့ သောက်ခြင်းကြောင့် ခံတွင်းချဉ်ပြီး ဆေးလိပ်သောက်ချင်တဲ့ စိတ်နည်း စေပါတယ်။

အရေးကြီးဆုံးကဆေးလိပ်ဖြတ်တော့မယ်လို့ ဆုံးဖြတ်ချိန်ကစပြီးကိုယ့်ဆုံးဖြတ်ချက်ကို ကာကွယ်နေဖို့လိုပါတယ်။ဒါမှသာ ဆေးလိပ်ပြတ်ဖို့ မြန်မှာ ဖြစ်ပါတယ်။နောက်ဆုံးတစ်ချက်ကတော့ ဆေးလိပ်ပြတ်ပြီးတာနဲ့ ဘယ်တော့မှ နောက်တစ်ကြိမ်ပြန်စမ်းဖို့ မကြိုးစားဖို့ပါပဲ။