အလုပ်ခွင်မှာ ဖြစ်စေ အိမ်မှာနေရင်းဖြစ်စေ စိတ်ဖိစီးမှုဆိုတာ ကြုံတွေ့ရနိုင်ပါတယ်။ အချိန်နေရာမရွေး ဝင်လာနိုင်တဲ့ စိတ်ဖိစီးမှုတွေ တားဆီးဖို့ဆိုတာ မလွယ်ကူပေမယ့် စိတ်ဖိစီးမှုတွေလျော့ကျ သက်သာသွားအောင်တော့ သင်ကိုယ်တိုင်ပြုလုပ်လို့ရနိုင်ပါတယ်။ ဒီတစ်ခေါက်ပြောပြပေးမယ့် အကြောင်းအရာကတော့ အချိန်တိုအတွင်းမှာ စိတ်ဖိစီးမှုလျော့ကျစေမယ့် အထိရောက်ဆုံး နည်းလမ်းကောင်းလေးတွေပါ။

(၁) လှုပ်ရှားမှုတစ်စုံတစ်ရာပြုလုပ်ပါ

Source : Vital Magazin

စိတ်ဖိစီးမှုခံစားနေရချိန်မှာ ခန္ဓာကိုယ်ကိုအနည်းငယ်လှုပ်ရှားမှုပြုလုပ်ပေးရုံနဲ့ စိတ်ဖိစီးမှုတွေအတော်အသင့် လျော့ကျသွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ခဏတဖြုတ်လမ်းလျောက်ထွက်လိုက်တာမျိုး နေရာမှာတင် ထိုင်ထလေ့ကျင့်ခန်းပြုလုပ်တာမျိုးနဲ့ ခန္ဓာကိုယ်ကို ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုတစ်ခုခု လုပ်ဆောင်ပေးလိုက်ပါ။ စိတ်ဖိစီးမှုတွေလျော့ကျသွားတာကို ခံစားရပါလိမ့်မယ်။

(၂) တိတ်ဆိတ်တဲ့နေရာကိုသွားပါ

Source : Depositphotos

ပတ်ဝန်းကျင်ဆူညံ့သံတွေကင်းပြီး တိတ်ဆိတ်ငြိမ်သက်မှုရှိတဲ့ နေရာ (သို့) ဆူညံ့မှုကင်းတဲ့ အခန်းတစ်ခန်းထဲမှာ ၃ မိနစ်လောက်ငြိမ်ငြိမ်လေး သွားနေလိုက်ပါ။ သင့်စိတ်တွေ အတွေးတွေကို တက်နိုင်သလောက်ရပ်တန့်ထားပါ။ တိတ်ဆိတ််ငြိမ်သက်မှုရှိတဲ့ ပတ်ဝန်းကျင်က သင့်ရဲ့စိတ်ကိုအမြန်ဆုံး ပြန်လည်တည်ငြိမ်လာစေပြီး စိတ်ဖိစီးမှုတွေလျော့ကျ သက်သာစေမှာဖြစ်ပါတယ်။

(၃) အသက်ရှုလေ့ကျင့်ခန်းလုပ်ပါ

Source : Media Monkey Marketing

အသက်ရှုသွင်းရှုထုတ်လုပ်ပေးရုံနဲ့ သင်လက်ရှိခံစားနေရတဲ့ စိတ်ဖိစီးမှုဝေဒနာတွေကို မိနစ်ပိုင်းအတွင်းမှာတင် လျော့ကျစေနိုင်ပါတယ်။ လေကို နှာခေါင်းထိပ်ဖျားကနေတဆင့် ဝမ်းဗိုက်အထိရောက်အောင် ဖြည်းဖြည်းချင်းအာရုံစိုက်ပြီး ရှုသွင်းပါ။ထို့နောက် ရှုသွင်းထားတဲ့လေကို ပါးစပ်ကနေ ဖြည်းဖြည်းချင်းပြန် ရှုထုတ်ပေးပါ။ တခဏအချိန်အတွင်းမှာတင် သိသိသာသာ စိတ်ဖိစီးမှုတွေလျော့ကျလာပါလိမ့်မယ်။

(၄) သီချင်းနားထောင်ပါ

Source : Adblock Radio

တေးဂီတက နာကျင်မှုတွေကိုသက်သာစေနိုင်တယ် တင်းမာမှုတွေကိုပြေလျော့စေနိုင်တဲ့အကောင်းဆုံး ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေဖြစ်လာပြီး စိတ်ထဲမှာတင်းကျပ်နေတယ်ဆိုရင် နားကျပ်တပ် မျက်လုံးမှိတ်ထားပြီး သင့်အကြိုက်ဆုံးသီချင်းတစ်ပုဒ်ဖွင့်ကာ စီးမျောကြည့်လိုက်ပါ။ သီချင်းတစ်ပုဒ်မဆုံးခင်မှာပဲ စိတ်ဖိစီးမှုနှင့် တင်းကျပ်မှုတွေပြေလျော့သွားပါလိမ့်မယ်။