တစ်ခါတစ်လေမှာ ချစ်သူကောင်မလေးကို ချစ်ကြောင်းတန်ဖိုးထားကြောင်းကို စကားလုံးတွေထက် ကိုယ့်ရဲ့အပြုအမူလေးတွေ လုပ်ရပ်လေးတွေနဲ့ သက်သေပြတာကပိုပြီး ထိရောက်မှုရှိတယ်ဆိုတာ သင်သိပါသလား။ သင်အနေနဲ့ သူမအပေါ်အမှန်တကယ်ချစ်မြတ်နိုးတယ် အလေးအနက်ထားချစ်တယ်ဆိုတာကို သူမသိအောင်ပြချင်တယ်ဆိုရင်အောက်ပါအချက်လေးတွေက အကူအညီဖြစ်စေမှာပါ။

(၁) အလျော့ပေးပါ

Source : ELLE

စုံတွဲတွေအနေနဲ့ ကတောက်ကဆဖြစ်မှုလေးတွေတော့ရှိတက်ကြတာပဲမဟုတ်လာ။ ဒီလို ရန်ဖြစ်စကားများကြတဲ့အခါ ကိုယ့်ဘက်ကစပြီးအလျော့ပေးလိုက်ပါ။ မာနတွေရှေ့တန်းမတင်ပဲ ပြေလည်ရာပြေလည်ကြောင်း အလျော့ပေးညှိနှိုင်းခြင်းက သူမကိုချစ်ကြောင်း အဆုံးအရှုံးမခံနိုင်ကြောင်း ဖော်ပြရာရောက်ပါတယ်။

(၂) နောက်မကျပါနဲ့

Source : LiveAbout

ချစ်သူကောင်မလေးနဲ့ ချိန်းတဲ့အခါ ကိုယ့်ဘက်က ချိန်းတဲ့အချိန်ထက် ၁၀ မိနစ်လောက်စောရောက်နေဖို့ သတိပြုစေချင်ပါတယ်။ သူမဘက်ကစောင့်ဆိုင်းနေရတာမျိုးမဖြစ်ပါစေနဲ့။ ဒါဟာ သူမနဲ့တွေ့ရဖို့ကို တက်ကြွကြောင်း သူမနဲ့တွေ့ချင်ကြောင်း ပြသရာရောက်ပါတယ်။

(၃) နားထောင်ပေးပါ

Source : Her Way

ချစ်သူနှစ်ဦးကြားမှာ နားထောင်ပေးတက်ခြင်းကလည်း မဖြစ်မနေလိုအပ်တဲ့ အရာတစ်ခုပါပဲ။ သူမရဲ့ ရင်ထဲကစကားတွေ အဆင်မပြေမှုတွေ ရင်ဖွင့်ချင်တာတွေ ကိုယ်နဲ့သူမကြားက ညှိနှိုင်းဆွေးနွေးရမယ့် အရာတွေကို သေချာဂရုတစိုက်နားထောင်ပေးပါ။ ကိုယ့်ချစ်သူရဲ့စကားတွေကိုစိတ်ရှည်လက်ရှည်နားထောင်ပေးတာကလဲ သူမကို အလေးအနက်ထားရာရောက်စေပါတယ်။

(၄) အကြံတောင်းပါ

Source : Assante Wealth Management

တချို့သောကိစ္စလေးတွေမှာ ကိုယ့်တစ်ယောက်တည်းရဲ့ သဘောဆန္ဒကိုရှေ့တန်းမတင်ပဲ သူမရဲ့အတွေးအမြင်လေးတွေကိုလည်း ထည့်သွင်းစဉ်းစားတက်ရပါမယ်။ သူမရဲ့ထင်မြင်ချက်ကို အလေးထားတယ်ဆိုတာ ပြသနိုင်ဖို့ရာ သူမဆီက အကြံတောင်းတာ သူမနဲ့ဆွေးနွေးတိုင်ပင်တာမျိုးတွေလုပ်သင့်ပါတယ်။ ဒါမှလည်း အဆင်ပြေတဲ့အချစ်ခရီးလမ်းကိုလျောက်လှမ်းနိုင်မှာပါ။