အလုပ်ခွင်မှာနေ့ရက်တိုင်းကို အားအင်ပြည့်ဝစွာဖြတ်သန်းပြီး တက်ကြွတဲ့ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်ချင်ပါသလား။ အလုပ်မှာပျော်ဖို့ဆိုတာဝန်ထမ်းတိုင်းဖြစ်ချင်တဲ့ဆန္ဒတစ်ခုပါပဲ။ လုပ်ငန်းခွင်မှာနေ့ရက်တိုင်းကိုပျော်ရွှင်စွာဖြတ်သန်းနိုင်မှသာလျှင် ပိုမိုတိုးတက်အောင်မြင်တဲ့နေရာသစ်တစ်ခုကိုရောက်နိုင် မှာဖြစ်သလိုစိတ်ဖိစီးမှုကင်းကင်းနဲ့ အလုပ်တာဝန်တွေပြီးဆုံးအောင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။သင့်အနေနဲ့ နေ့ရက်တိုင်းမှာ ပျော်ရွှင်စွာအလုပ်လုပ်ဆောင်ချင်တယ်ဆိုရင်တော့သိထားသင့်တဲ့အချက်လေးတွေကိုလည်းပြောပြပေးချင်ပါတယ်။
Source : Freepik
လူမှုပေါင်းသင်းဆက်ဆံရေးကလည်းယနေ့ခေတ်မှာအရမ်းကိုအရေးပါလာပါပြီ။အလုပ်ခွင်မှာသာမက အလုပ်ခွင်ပြင်ပမှာပါ ပေါင်းသင်းဆက်ဆံရေးဝင်ဆံ့သူတစ်ယောက်ဖြစ်ဖို့လွန်စွာအရေးကြီးပါတယ်။လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေချင်းကလည်းအလုပ်မှာပျော်ရွှင်စေတဲ့လျို့ဝှက်ချက်တစ်ခုပါပဲ။ဒါကြောင့် ပေါင်းသင်းဆက်ဆံရေးကောင်းသူတစ်ယောက်ဖြစ်အောင်ကြိုးစားပါ။
အလုပ်အကြွေးဆိုတာ အလုပ်မှာပိုက်ဆံချေးတာကိုဆိုလိုတာ မဟုတ်ပါဘူး။ကိုယ်လုပ်ဆောင်ရမယ့်လုပ်ငန်းတာဝန်တွေကို အချိန်မှီပြီးဆုံးအောင်လုပ်ဆောင်တက်သူတစ်ယောက်ဖြစ်အောင်နေထိုင်ဖို့ဆိုလိုခြင်းဖြစ်ပါတယ်။ကိုယ့်ရဲ့အလုပ်တွေကို နေ့ရွေ့ညရွေ့လုပ်နေမယ်ဆိုရင် တစ်နေ့ထက်တစ်နေ့အလုပ်တွေပိုမိုပိလာပြီးစိတ်ဖိစီးမှုတွေနဲ့အလုပ်ခွင်ဟာပျော်ဖို့ကောင်းတော့မှာမဟုတ်ပါဘူး။ဒါကြောင့်ကိုယ်လုပ်ဆောင်ရမယ့်တာဝန်တွေကိုအချိန်တစ်ခုအတွင်းပြီးပြတ်အောင်လုပ်ဆောင်ပါ။
ယနေ့ခေတ်လုပ်ငန်းခွင်တိုင်းလိုလိုမှာကြားနေရတဲ့စကားတစ်ခုက Team Work နဲ့အလုပ်လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ အများနဲ့ပူးပေါင်းဆောင်ရွှက်တက်ခြင်းက အလုပ်ပြီးမြောက်မှု ြ်မန်ဆန်သလိုတိကျသေချာမှုရာခိုင်နှုန်းကလည်းပိုများပါတယ်။ပြဿနာတွေဖြေရှင်းရာမှာလည်းလူအများရဲ့ဦးနှောက်တွေနဲ့ ဝိုင်းဝန်းစဉ်းစားကြတဲ့အခါ ပိုကောင်းတဲ့ရလဒ်အဖြေတစ်ခုရရှိနိုင်သလို အောင်မြင်မှုရဖို့လည်းပိုသေချာသလောက်ရှိပါတယ်။အဖွဲ့အစည်းပူးပေါင်းဆောင်ရွှက်တက်ခြင်းက ပျော် စရာလည်းကောင်းသလို ပေါင်းသင်းဆက်ဆံရေးကိုလည်း အထောက်အပံ့ဖြစ်စေတာကြောင့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပူးပေါင်းလုပ်ဆောင်တက်သူတစ်ယောက်ဖြစ်အောင်လေ့ကျင့်ယူပါ။
Source : Freepik
အလုပ်ခွင်မှာအခက်ခဲတွေအတားအဆီးတွေဆိုတာတော့ရှိကြစမြဲပါပဲ။ဒါပေမယ့်အခက်အခဲအတားအဆီးတွေနဲ့ ကြုံလာတိုင်းစိတ်ဓာတ်ကျအားငယ်နေမယ်ဆိုရင်တော့ အလုပ်ခွင်ကသင့်အတွက်ပျော်စရာကောင်းမှာမဟုတ်တော့ပါဘူး။သင့်အနေနဲ့ ကိုယ်မသိသေးတဲ့အရာတွေကို စီနီယာတွေထံမှလေ့လာပါ။သင်ယူပါ။အမှားတွေလုပ်မိခဲ့ရင်လည်းအမှားကနေပြန်ပြီးသင်ခန်းစာယူပါ။ဒါဆိုရင်တော့တစ်ဖြေးဖြေးနဲ့ အမှားနည်းပြီးစွမ်းဆောင်ရည်မြင့်မားတဲ့ ဝန်ထမ်းတစ်ယောက်အဖြစ်ပျော်ရွှင်စွာအလုပ်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။