Detox Water ဆိုတာ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် ၊ သစ်သီးတွေကို ရေစိမ်သောက်ရတဲ့ ဖျော်ရည်တစ်မျိုးဖြစ်ပြီး ကျန်းမာရေးအကျိုးကျေးဇူးတွေများစွာရှိပါတယ်။ ခန္ဓာကိုယ်ဇီဝဖြစ်ပျက်မှုကို တိုးတက်ကောင်းမွန်စေပြီး ကိုယ်တွင်းအဆိပ်အတောက်တွေကိုဖယ်ရှားပေးတာကြောင့် ကျန်းမာရေးလိုက်စားသူအများစု သောက်သုံးလာကြတာဖြစ်ပါတယ်။ ဒီနေ့တော့ Detox Water သောက်ခြင်းကပေးတဲ့ ကျန်းမာရေးကောင်းကျိုးတွေ အကြောင်းပြောပြချင်ပါတယ်။

(၁) ဝိတ်ကျစေတယ်

 Lemon, Mint & Cucumber Water

Photo : Freepik

Detox Water ဟာ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်နဲ့ အဆီပိုတွေကို ဖယ်ရှားသန့်စင်ပေးပြီး ကိုယ်အလေးအချိန်ကျစေဖို့ များစွာအထောက်အကူဖြစ်စေတဲ့ဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။ အစားအသောက်ထိန်းခြင်းနဲ့လေ့ကျင့်ခန််းကို ပုံမှန်လေးလုပ်ပြီး Detox Water သောက်ပေးမယ်ဆိုရင် သိသိသာသာဝိတ်ကျလာမှာပါ။

(၂) အစာခြေစနစ်ကို ကောင်းစေတယ်

 Detox Water

Photo : Freepik

Detox ဖျော်ရည်က အစာခြေဖျက်မှုစနစ်ကိုကောင်းမွန်စေပြီး အသည်းရဲ့လုပ်ဆောင်ချက် ပိုမိုကောင်းမွန်အောင်လည်း ကူညီပေးပါတယ်။ Detox ပါဝင်တဲ့ သံပရိုသီးက ascorbic acid ကိုထောက်ပံ့ပေးပြီး၎င်းအက်စစ်ဓာတ်က အစာခြေခြင်းကိုကောင်းမွန်စေကာ အူလမ်းကြောင်းတစ်လျောက်က အညစ်အကြေးတွေကိုလည်းဖယ်ရှားသန့်စင်ပေးပါတယ်။

(၃) စွမ်းအင်တိုးစေတယ်

 Water with lemon and cucumber in a glass.detox drink

Photo : Freepik

Detox Water မှာ ဗီတာမင်ဓာတ်တွေ သတ္တုဓာတ်တွေ နဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အခြားအာဟာရဓာတ်တွေများစွာပါဝင်ပါတယ်။ ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေပြီး ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို‌ ကောင်းစွာအလုပ်လုပ်စေနိုင်တဲ့အတွက် စိတ်ရောကိုယ်ပါ ကျန်းမာတက်ကြွကာ နေ့စဉ်ဘဝအတွက် လိုအပ်တဲ့ စွမ်းအင်တွေကိုရရှိစေမှာ ဖြစ်ပါတယ်။

(၄) ရောင်ရမ်းနာကျင်မှုတွေ သက်သာစေတယ်

detox drink

Photo : Freepik

Detox Water မှာ ဗီတာမင်ဓာတ်များ ဓာတ်တိုးဆန့်ကျင်အာနိသင်များပါဝင်တာကြောင့် အရေပြားဆဲလ်တွေကို ကျန်းမာစေပြီး အသားအရေတင်းရင်းစေတဲ့အပြင် ရောင်လောင်ဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့အသားအရေရောင်ရမ်းနာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။ ဗီတာမင် A နဲ့ ဗီတာမင် B ဓာတ်တွေက အရေပြားအိုမင်းရင့်ရော်မှုကိုနှေးကွေးစေပြီး ကျန်းမာနုပြေစေမှာဖြစ်ပါတယ်။