iQOO ကတော့ Z7 စီးရီးရဲ့နောက်ဆုံးထွက် စမတ်ဖုန်းအသစ် iQOO Z7s ကို အိန္ဒိယနိုင်ငံမှာ တရားဝင် မိတ်ဆက်လာပါတယ်။ ဒီဖုန်းက မတ်လထဲမှာ ထွက်ရှိခဲ့တဲ့ iQOO Z7 5G ရဲ့အဆက်ဖြစ်ပြီး ၎င်းဖုန်းနှစ်လုံးကြား အဓိကကွာခြားချက်မှာ Chipset ဖြစ်ပါတယ်။ Z7s ဖုန်းအသစ်မှာ Snapdragon 695 ကိုမောင်းနှင်ထားပြီး Z7 5G မှာတော့ Mediatek Dimensity 920 ကိုအသုံးပြုထားပါတယ်။

iQOO Z7s

Photo : GSMArena.com

iQOO Z7s ဖုန်းမှာ ၆.၃၈ လက်မ FHD+ Resolution AMOLED မျက်နှာပြင်ကို တပ်ဆင်ပေးထားပြီး ၊ 90Hz Refresh Rate ၊ Built-in Fingerprint Scanner တို့ ပါဝင်ပါတယ်။ ကျောဘက်မှာ OIS ပါတဲ့ 64MP Main ကင်မရာကို 2MP Depth ကင်မရာနဲ့ တွဲဖက်တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာတော့ 16MP ဆယ်လ်ဖီကင်မရာကို Waterdrop Notch ထဲမှာ ထည့်သွင်းပေးထားပါတယ်။

Snapdragon 695 Chipset ကို 6/8GB RAM ၊ 128GB Storage နဲ့ တွဲဖက်ပေးထားပြီး microSD Card လည်း ထပ်စိုက်နိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီအနေနဲ့ 44W Fast Charging စနစ်ထောက်ပံ့ပေးထားတဲ့ 4,500 mAh ဘက်ထရီ ထပ်ဆင်ပေးထားပြီး Software ပိုင်းမှာတော့ Android 13 အခြေပြု Funtouch OS 13 အသုံးပြုပေးထားပါတယ်။ ရေဒဏ်ဖုန်ဒဏ် ခံ IP54 စံနှုန်းနဲ့ 3.5mm နားကြပ်ပေါက်တို့လည်း ပါဝင်ပါတယ်။

iQOO Z7s

Photo : GSMArena.com

iQOO Z7s ဖုန်း 6/128GB မော်ဒယ်အတွက် ရူပီး ၁၈,၉၉၉ (ဒေါ်လာ ၂၃၀) နဲ့ 8/128GB ဗားရှင်းအတွက် ရူပီး ၁၉,၉၉၉ ခန့်ကျသင့်မှာ ဖြစ်ပါတယ်။ အရောင်တွေအနေနဲ့ Pacific Night နဲ့ Norway Blue ဆိုပြီး အရောင် ၂ မျိုး ရွေးချယ်နိုင်မှာဖြစ်ပြီး Amazon India နဲ့ တရားဝင် iQOO ရဲ့ Official India Store တွေမှာ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

Featured Photo : GSMArena.com