ဈေးသင့်ပြီး စွမ်းဆောင်ရည်မိုက်တဲ့ တက်ဘလက်ကောင်းကောင်း တစ်လုံးဝယ်ဖို့ စဉ်းစားနေပြီလား ? ဒါဆိုရင် ရွေးချယ်စရာတွေကတော့ ခပ်များများရယ်ပါ။ အမျိုးအစား အများကြီး ရှိတဲ့အထဲကမှ ကွီးတို့ သုံးမယ့် ဘတ်ဂျတ်အနေအထားနဲ့ အံဝင်ခွင်ကျဖြစ်စေမယ့် အသင့်လျော်ဆုံး 4G တက်ဘလက် အချို့ကို ရွေးချယ်ပေးချင်ပါတယ်။
(၁) Samsung Galaxy Tab A9+
Photo : CNET
Mid-Range ဈေးတန်းထဲမှာဆို ကွီးတို့ ရွေးချယ်သင့်တဲ့ တက်ဘလက် အမျိုးအစားက Samsung Galaxy Tab A9+ ပါပဲ။ မျက်နှာပြင်ဆိုဒ် ကြီးကြီးပါလို့ ရုပ်ရှင်တွေ ၊ ဂိမ်းတွေ အဝကြည့်/အဝဆော့လို့ ရသလို သွက်လက်မြန်ဆန်တဲ့ စွမ်းဆောင်ရည် ၊ ကျစ်ကျစ်လစ်လစ် ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ ထုတ်ထားပါတယ်။
(၂) Lenovo Tab M11
Photo : 9to5Google
4G တက်ဘလက်ထဲမှာ အထာကျကျသုံးလို့ အဆင်ပြေမယ့် အမျိုးအစားဆို Lenovo Tab M11 ရှိပါတယ်။ ပုံမှန် ရုံးသုံးကျောင်းသုံး ပေါ့ပေါ့ပါးပါး သုံးချင်သူတွေအတွက် အထူးသင့်လျော်ပြီး ဈေးအသင့်အတင့်နဲ့ စွမ်းဆောင်ရည်မဆိုးလှတဲ့ တက်ဘလက် တစ်လုံး ဖြစ်ပါတယ်။
(၃) Redmi Pad SE
Photo : Can Buy or Not
Xiaomi ဖန်တွေကတော့ Redmi Pad SE ကို သေချာပေါက် ကြိုက်မယ်လို့ ထင်ပါတယ်။ ထူးခြားချက်က Screen Size ကြီးကြီးနဲ့ Budget-friendly ဖြစ်တာပါ။ 4G ချိတ်ဆက်မှုပါဝင်ပြီး ဖျော်ဖြေရေးနဲ့ နေ့စဉ်သုံး Basic Tasks တွေကို လျင်မြန်သွက်လက်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
(၄) OnePlus Pad Go
Photo : Notebookcheck
OnePlus ကတော့ ဒီဇိုင်းပိုင်း ထူးခြားတဲ့ တက်ဘလက်တွေကြောင့် နာမည်ကြီးပါတယ်။ ဒီထဲမှာ Stylish ဖြစ်တဲ့ ဒီဇိုင်းနဲ့ ထွက်လာတဲ့ တက်ဘလက်တစ်လုံးကတော့ OnePlus Pad Go ပါ။ မြင်ဖူးနေကျ ပုံစံတွေထဲက ကွဲထွက်နေပြီး လှပကျော့ရှင်းတဲ့ ဒီဇိုင်းနဲ့ ဘယ်နေရာမဆို ပေါ့ပေါ့ပါးပါး အလွယ်တကူ သယ်ဆောင်သွားလို့ရတဲ့ စွမ်းဆောင်မြင့်တဲ့ တက်ဘလက်တစ်လုံး ဖြစ်ပါတယ်။
Source : Analytics Insight
Featured Photo : Gadgets 360