Jeans ဖက်ရှင်ဟာ အမျိုးသားတွေ အကြိုက်အတွေ့ဆုံး အဝတ်အစားအမျိုးအစားထဲမှာ ပါပါတယ်။ Jeans တွေ လူကြိုက်များရတဲ့ အချက်ထဲက တစ်ခုက ဘာနဲ့တွဲဝတ်ဝတ် လိုက်ဖက်နေပြီး ခဏခဏလည်း လျှော်ဖွပ်စရာမလိုတာက အဓိကလို့ ပြောနိုင်ပါတယ်။ဒါပေမယ့်လည်း Jeans ချည်း တစ်ချိန်လုံး ဝတ်ရတာ ကြာလာရင် ငြီးငွေ့ကြမှာပါပဲ။ ကွီးတို့ Jeans ဘောင်းဘီအစား အခြား ဝတ်လို့ကောင်းမယ့် ဘောင်းဘီအမျိုးအစား ရှာနေတယ်ဆိုရင် ဒီဖက်ရှင်လေးတွေ ပြောင်းဝတ်ကြည့်နိုင်ပါတယ်။
(၁) Chino

Photo: thedailybeast
အခုခေတ်မှာ Chino တွေက Jeans ထက်တောင် ပိုပြီး လူကြိုက်များနေပါတယ်။ အသားကလည်း Jeans ထက် ပေါ့ပါးသလို အရောင်အသွေးကလည်း ပိုပြီး ဆွဲဆောင်မှု ရှိနေပါတယ်။ ဒီထက်ပို အရေးပါတဲ့ အချက်ကတော့ Chino တွေဟာ ရိုးရို အပြင်သွား ရုံးတက်တာအပြင် Formal ပွဲတွေမှာပါ ဝတ်နိုင်တဲ့ ဖက်ရှင် ဖြစ်လို့ပါပဲ။
(၂) Trouser

Photo: permanentstyle
Jeans တွေက Formal ဝတ်ဖို့ မသင့်တာကြောင့် ပွဲတက်ဖို့အတွက် ဘောင်းဘီရှာနေတယ်ဆိုရင် Trouser တွေ ဝတ်တာကောင်းပါတယ်။ Trouser တွေကတော့ အနောက်တိုင်းဝတ်စုံကုတ်နဲ့ အကျအန ဝတ်နိုင်တဲ့ ဖက်ရှင် ဖြစ်ပါတယ်။ Trouser တွေထဲမှာ နာမည်ကြီးတာက မီးခိုးရောင် ၊ အနက် ၊ အညိုနဲ့ နက်ပြာရောင်တွေပါ။
(၃) Joggers

Photo: hiconsumption
Joggers တွေက လူငယ်ပိုဆန်ပြီး ဒီနှစ်ပိုင်းတွေမှာ အဝတ်များလာတဲ့ ဖက်ရှင် ဖြစ်ပါတယ်။ အားသာချက်က ကိုယ်လုံးကိုယ်ပေါက် ပေါ်စေပြီး သက်တောင့်သက်တာ ရှိတာပါပဲ။ Joggers တွေကို ဂျက်ကတ်နဲ့ရော ရှပ်နဲ့ပါ လိုက်ဖက်သလို တစ်ချို့လည်း တီရှပ် ၊ Sneaker နဲ့ Loafers တွေနဲ့ တွဲဝတ်ကြပါတယ်။
(၄) Shorts

Photo: coolmaterial
အခုလို ပူအိုက်တဲ့ ရာသီမျိုးမှာ လုံးဝ Casual ပေါ့ပေါ့ပါးပါး ဝတ်ချင်တယ် ၊ ဖက်ရှင်လည်း မိချင်တယ်ဆိုရင် Shorts အတိုတွေ ဝတ်ကြည့်သင့်ပါတယ်။ Shorts တွေကို နောက်ပိုင်းမှာ ပုံစံအမျိုးမျိုးနဲ့ ဝတ်လာကြပြီး Jeans လို ရိုးအီနေတဲ့ ဖက်ရှင်အစား စမ်းဝတ်ဖို့အတွက် ရွေးချယ်စရာတစ်ခုပါပဲ။
(၅) Cargo

Photo: bewakoof
ဒီမှာ Free Style Pant လို့ ခေါ်ကြတဲ့ လူငယ်ဝတ် ဘောင်းဘီစတိုင်ပါ။ အရင်ကတည်းက ခေတ်စားခဲ့တာ ဖြစ်ပြီး အခုအထိလည်း ဝတ်နေကြတုန်းပါပဲ။ အနောက်နိုင်ငံတွေမှာတော့ Cargo ဖက်ရှင်နဲ့ မိသားစု နေ့လယ်စာစားတာ ၊ ကောင်မလေးနဲ့ ရုပ်ရှင်ကြည့်တာ ၊ သူငယ်ချင်းတွေနဲ့ ညနေခင်း House Party နွှဲရာမှာ ဝတ်နေကြပါတယ်။
