သင်ဟာအောင်မြင်ဖို့ ကြိုးစားနေသူတစ်ယောက်လား။အောင်မြင်မှုလမ်းကြောင်းဆိုတဲ့ ပန်းခင်းလမ်းလို့ဖြောင့်တန်းနေမှာမဟုတ်ဘူးဆိုတာတော့သင်လည်းမှန်းဆမိမယ်ထင်ပါတယ်။ အောင်မြင်ဖို့ဘာတွေလုပ်ဆောင်ရမလဲ ဘယ်အချက်တွေရှောင်ကျဉ်ရမလဲစသည်ဖြင့်သင့်အနေနဲ့ သဲသဲကွဲကွဲမသိသေးဘူးဆိုရင်တော့ လက်ရှိကမ္ကာတစ်ဝှမ်းကအောင်မြင်ကျော်ကြားနေတဲ့ပုဂ္ဂိုလ်တွေရဲ့ လေးစားအတုယူဖွယ်စရိုက်လက္ခဏာတစ်ချို့ကိုလေ့လာကြည့်ရအောင်။

(၁) ကိုယ့်ကိုယ်ကို စီမံခန့်ခွဲခြင်း

Source : Shutterstock

အောင်မြင်နေသူတိုင်းရဲ့ နောက်ကွယ်ကသော့ချက်တစ်ခုက ကိုယ့်ကိုယ်ကို စီမံခန့်ခွဲနိုင်ခြင်းပါပဲ။ကိုယ့်ကိုယ်ကိုစနစ်ကျတဲ့ လူတစ်ယောက်အဖြစ်အသေးအမွှားလေးကမစဂရုစိုက်ကြပါ တယ်။ကိုယ့်ရဲ့အချိန် ကိုယ့်ရဲ့အလုပ် ကိုယ့်ရဲ့တစ်နေ့တာဖြတ် သန်းမှုတွေအားလုံးကို စနစ်တကျစီမံခန့်ခွဲခြင်းဖြင့် အောင်မြင်မှုကိုရယူကြတာဖြစ်ပါတယ်။ကိုယ့်ကိုယ်ကို စီမံခန့်ခွဲနိုင်မှလည်း ကုပ္မဏီလုပ်ငန်းတွေ Organizationတွေကိုပါ စီမံခန့်ခွဲလာနိုင်မှာဖြစ်ပါတယ်။

 

(၂) အကောင်းမြင်စိတ်ရှိခြင်း

Source : Shutterstock

လောကမှာအကောင်းနဲ့အဆိုးဆိုတာအမြဲတမ်းဒွန်တွဲနေတာပါ။ဒါပေမယ့်လူတော်တော်များများက မကောင်းတဲ့အရာတွေ ကိုပဲအရင်ဆုံးမြင်မိကြပါတယ်။အားလုံးသိတဲ့ဥပမာလေးတစ် ခုနဲ့ပြောမယ်ဆိုရင် စက္ကူအဖြူပေါ်က မှင်စက်အမဲလေးတစ်စက်လိုပါပဲ။အများစုကစက္ကူအဖြူထက် မှင်စက်အမဲလေးကိုပဲ ပိုပြီးသတိထားမိကြတာဖြစ်ပါတယ်။မကောင်းမြင်စိတ်တွေများနေရင်လူဘောင်လောကမှာအောင်မြင်ရဖို့တော်တော်လေးကိုအလှမ်းဝေးသွားပါလိမ့်မယ်။

 

(၃) အာရုံစူးစိုက်မှု အားကောင်းခြင်း

Source : Shutterstock

အောင်မြင်သူတွေဟာအလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် အာရုံ စူးစိုက်မှုအပြည့်ရှိကြပါတယ်။သင်္ချာပုစ္ဆာတစ်ပုဒ်ကိုအဖြေထုတ်သလိုပါပဲ။လိုချင်တဲ့ရလဒ်တစ်ခုမရမချင်းအာရုံလွင့်ပျယ် သွားခြင်း လက်လျော့လိုက်ခြင်းမျိုးဘယ်တော့မှမလုပ်ကြပါဘူး။ဒီတစ်ခုလုပ်နေချိန်မှာလည်းဒီတစ်ခုကိုပဲအပြည့်အဝအာရုံ စိုက်ထားကြပြီးနောက်ထပ်တစ်ခုအပေါ် အာရုံပြောင်းသွားခြင်းမရှိပါဘူး။ဒါကလည်းအောင်မြင်ခြင်းရဲ့ အဓိကအကြောင်း အရင်းတစ်ချက်ပါ။

 

(၄) တခြားသူတွေရဲ့ အကြံဥာဏ်တွေကို ထည့်စဉ်းစားပေးတက်ခြင်း

Source : Shutterstock

ကိုယ့်ကိုယ်ကိုယုံကြည်တယ်ဆိုတာကောင်းတဲ့အချက်တစ်ခုပါ။ဒါပေမယ့်အောင်မြင်သူတွေကတော့ ကိုယ့်ကိုယ်ကိုလည်း အပြည့်အဝယုံကြည်သလို လိုအပ်ရင်လိုအပ်သလိုတခြားသူ တွေပေးတဲ့အကြံဥာဏ်တွေကိုလည်း ထည့်သွင်းစဉ်းစားပေးတက်ကြပါတယ်။ကိုယ့်အကြံကပဲကောင်းတယ်ဆိုတဲ့တယူသန်စိတ်မျိုးမရှိကြပါဘူး။လူတစ်ယောက်ထဲရဲ့အကြံထက် မတူညီတဲ့လူတွေရဲ့ အကြံဥာဏ်တွေကိုပေါင်းစပ်ပြီး အကောင်းဆုံး အဖြေတစ်ခုထုတ်ခြင်းက ရလဒ်ကောင်းတွေပိုင်ဆိုင်စေတယ် ဆိုတာကိုကောင်းကောင်းလက်ခံထားကြပါတယ်။

 

(၅) လေ့လာမှုအသစ်တွေ လုပ်ဆောင်ခြင်း

Source : Shutterstock

အောင်မြင်သူတွေဟာမိမိတက်ထားတဲ့သိထားတဲ့ပညာတွေနဲ့ မတင်းတိမ်နိုင်ကြပါဘူး။အချိန်တိုင်းမဟုတ်ရင်တောင်အားလပ်တဲ့အချိန်တွေမှာလေ့လာမှုအသစ်တွေကိုအမြဲလုပ်ဆောင်လေ့ရှိကြပါတယ်။သင်ယူခြင်းကဘယ်တော့မှပြီးဆုံးသွားတယ် ဆိုတာမရှိတာကြောင့် မိမိကိုယ့်ကိုယ်တစ်ခုမဟုတ်တစ်ခုတော့ လေ့လာသင်ယူနေပြီး ဝမ်းစာတွေဖြည့်တင်းကြတာဖြစ်ပါတယ်။လေ့လာမှုအသစ်တွေလုပ်ဆောင်လေအတွေးအခေါ်အသစ် အမြင်အသစ်တွေပိုမိုရရှိပြီး အောင်မြင်မှုလမ်းကြောင်းကိုသွားရာမှာ ပိုမိုလွယ်ကူလျင်မြန်နိုင်မှာဖြစ်ပါတယ်။