အိမ်မွေးတိရစ္ဆာန်လေးတွေဆိုတာ လူတွေအတွက် မိတ်ဆွေကောင်းလေးတွေလို့ ပြောရင်မမှားနိုင်ပါဘူး။ လူနှင့်တိရစ္ဆာန်လေးတွေကြားက ဆက်နွယ်မှုကအံ့သြစရာကောင်းပြီး သူတို့လေးတွေက ရယ်မောစေတယ် ပျော်ရွှင်စေတယ် စိတ်မကောင်းဖြစ်တဲ့အချိန်နှစ်သိမ့်မှုပေးကြပါတယ်။ဒီနေ့မှာတော့ တိရစ္ဆာန်လေးတွေမွေးထားခြင်းဖြင့်ရရှိနိုင်မယ့်အကျိုးကျေးဇူးလေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) အထီးကျန်ခြင်းမှ ကင်းဝေးစေတယ်

Source : Daily Express

ဒီဘက်ခေတ်မှာ လူအများစုကြုံတွေ့နေရတဲ့ စိတ်ပိုင်းဆိုင်ပြဿနာတစ်ခုက အထီးကျန်ခြင်းပါ။ နည်းပညာတွေတိုးတက်ပြောင်းလဲလာတယ်ဆိုပေမယ့် လူတွေရဲ့ လက်တွေ့ဘဝမှာတော့ အထီးကျန်ခြင်းတွေက ပိုများလာပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေကတော့ လူတွေရဲ့ အထီးကျန်ခြင်းတွေကို ဖြေဖျောက်ပေးနိုင်မယ့် အကောင်းဆုံးအဖော်မွန်လေးတွေပါပဲ။ သင်နဲ့ အတူတူအိပ်ယာနိုးမယ့်မယ့် သင်အလုပ်ကပြန်အလာကိုစောင့်ကြိုနေမယ့်သူ အချိန်တိုင်းသင့်အနားမှာရှိနေပေးမယ့်သူလေးတွေဖြစ်တာကြောင့် သူတို့လေးတွေရှိရင် အထီးကျန်ခြင်းဆိုတာရှိမှာမဟုတ်ပါဘူး။

(၂) စိတ်ဖိစီးမှုလျော့ကျစေတယ်

Source : Medical News Today

စိတ်ဖိစီးမှုတွေဟာ လူတွေရဲ့ စိတ်ရောကိုယ်ပါကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့အကြီးမားဆုံးပြဿနာတစ်ခုဖြစ်ပါတယ်။ အံ့သြစရာကောင်းတာတစ်ခုက အိမ်မွေးတိရစ္ဆာန်လေးတွေမွေးထားတဲ့သူတွေဟာ အိမ်မွေးတိရစ္ဆာန်လေးတွေမမွေးထားတဲ့သူတွေထက် သွေးပေါင်ချိန်နှင့် ကိုယ်လက်စထရောပမာဏလျော့နည်းပြီး စိတ်ဖိစီးမှုနည်းကြတာဖြစ်ပါတယ်။ ခွေးလေးတွေနဲ့ လမ်းလျောက်ထွက်တာ ကြောင်လေးတွေကိုပွတ်သပ်ပေးတာ အလှမွေးငါးလေးတွေကိုထိုင်ကြည့်ပေးတာ စတာတွေက တကယ်ပဲသင့်ရဲ့ စိတ်ဖိစီးမှုကိုလျော့ကျစေနိုင်ပါတယ်။

(၃) ကျန်းမာပျော်ရွှင်စေတယ်

Source : Dreamstime

အိမ်မွေးတိရစ္ဆာန်လေးတွေက သင့်ကိုစိတ်ရော ခန္ဓာကိုယ်ကိုပါကျန်းမာပျော်ရွှင်ခြင်းတွေ ပေးစွမ်းနိုင်ပါတယ်။ သူတို့လေးတွေနဲ့ အတူ ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကို ဖန်တီးနိုင်ပါတယ်။ ခွေးလေးတွေကြောင်လေးတွေက သင်နဲ့ အတူတူ ဆော့ကစားဖို့လိုလားကြပြီး သူတို့နဲ့ အတူတူဆော့ပေးခြင်း ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပြီးသားဖြစ်တာကြောင့် ကျန်းမာတဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

(၄) မိတ်ဆွေအသစ်တွေတိုးစေနိုင်တယ်

Source : My Modern Met

အိမ်မွေးတိရစ္ဆာန်လေးတွေပိုင်ဆိုင်ထားသူတွေဟာ မျက်နှာပွင့်ကြတယ်ဆိုတာသိပါသလား။ လေ့လာတွေ့ရှိချက်တွေအရ ချစ်စရာကောင်းပြီးဖော်ရွေပျူငှာတဲ့ နှစ်လိုဖွယ်အိမ်မွေးတိရစ္ဆာန်လေးတွေဟာ လူချစ်လူခင်များကြတာကြောင့် အိမ်နီးနားချင်းတွေသာမက ကိုယ်နှင့်တစ်ခါမှမဆုံဖူးသေးတဲ့သူတွေကပါ ရင်းရင်းနှီးနှီးမိတ်ဆွေဖွဲ့လာတာမျိုးတွေရှိတက်ပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေကချစ်ခြင်းမေတ္တာကိုပေးစွမ်းနိုင်တဲ့ အကောင်းဆုံးအဖော်လေးတွေပါ။

(၅) စိတ်လုံခြုံမှုကိုပေးတယ်

Source : Freepick

ခွေးလေးတွေကြောင်လေးတွေရှိထားခြင်း သင့်ကိုပိုပြီးလုံခြုံတဲ့ခံစားမှုမျိုးပေးစွမ်းနိုင်ပါတယ်။ သခင်အပေါ်ကျရောက်လာတဲ့ အန္တရာယ်တွေကိုလည်းအကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ တစ်နည်းအားဖြင့် တစ်ချို့သောခွေးလေးတွေဆိုရင် အိမ်အတွက် လုံခြုံမှုကိုအပြည့်အဝတာဝန်ယူတက်ကြပြီး သူတို့ရဲ့ သခင်အပေါ် သစ္စာစောင့်သိကြပါတယ်။ တစ်ယောက်တည်းအိမ်မှာနေတဲ့အချိန်တွေဆိုလည်း အနားမှာနေပြီး သင့်ကိုကာကွယ်စောင့်ရှောက်ပေးမှာဖြစ်တာကြောင့် စိတ်လုံခြုံမှုကိုခံစားရစေပါတယ်။