သင်သည် ဝီစကီကို ဘယ်အချိန်မှာ သောက်ဖြစ်ပါသလဲ။ မိမိအိမ်မှာ တစ်ယောက်တည်း စိမ်ပြေနပြေနဲ့ ဇိမ်ယူရင်း သောက်ဖြစ်ပါသလား၊ ဒါမှမဟုတ် မိတ်ဆွေ ဘော်ဒါတွေနဲ့ ဝိုင်းဖွဲ့ပြီး တပျော်တပါးတည်း သောက်ဖြစ်ပါသလား။

သင့်ရဲ့အကြိုက်ပေါ် မူတည်ပြီး ဝီစကီသောက်သုံးပုံလည်း ကွဲပြားသွားနိုင်သလို အမြည်းစားသုံးပုံကလည်း ကွဲပြားသွားနိုင်ပါတယ်။

အခုဆက်လက်ဖော်ပြပေးမှာကတော့ ဝီစကီချစ်သူ ယောကျာ်းများအတွက် ဝီစကီနဲ့ အလိုက်ဖက်ဆုံးဖြစ်တဲ့အမြည်းများပဲဖြစ်ပါတယ်။ သင့်ရဲ့အကြိုက်နဲ့ ကိုက်ရဲ့လားဆိုတာ အတူတူဆက်ဖတ်ကြည့်လိုက်ရအောင်။

Dark Chocolate

dark chocolate and whisky

ဝီစကီနဲ့ အလိုက်ဖက်ဆုံး အမြည်းကတော့ Dark Chocolate ပဲဖြစ်ပါတယ်။ ချောကလက်ရဲ့အရသာနဲ့ ဝီစကီရဲ့အရသာ ဘယ်လိုပေါင်းစပ်သလဲဆိုတာကိုတော့ သင်ကိုယ်တိုင် မြည်းစမ်းကြည့်သွားရင် ဆွေမျိုးမေ့သွားမှာအမှန်ပါပဲ။

ချိစ်

dark chocolate and whisky

ဝီစကီရော ချိစ်ရောမှာ တူညီတဲ့အရသာမျိုး ပိုင်ဆိုင်ထားကြပါတယ်။ သင့်အနေနဲ့ စူးရှရှဝီစကီကို ချိုမြတဲ့ ချိစ်နဲ့ တွဲဖက်နိုင်သလို အပျော့စားဝီစကီနဲ့ အနည်းငယ်ငန်သော ချိစ်နဲ့ တွဲဖက်မြည်းစမ်းနိုင်ပါတယ်။

ပင်လယ်စာ

dark chocolate and whisky

ပင်လယ်စာလို့ ပြောလိုက်တာနဲ့တင် သွားရေကျစရာကောင်းနေပြီမဟုတ်လား။ တကယ်လို့ ဝီစကီနဲ့ တွဲဖက်စားသုံးမယ်ဆိုရင်တော့ ဆိုဖွယ်ရာမရှိတော့ပါဘူး။ တကယ့်ကိုမှ နတ်ဘုံနတ်နန်းစည်းစိမ်တစ်ခုကို ပိုင်ဆိုင်ရပါလိမ့်မယ်။

အသားနှင့် အကြော်များ

 

dark chocolate and whisky

စတိပ်ခ် အသားပြားများ (သို့) အသားကင်များသည်လည်း ဝီစကီရဲ့တွဲဖက်တွေပါပဲ။ သင့်အနေနဲ့ အသားပြားတွေ အသားကင်တွေ လုပ်ရမှာအလုပ်ရှုပ်တယ်ဆိုရင်တော့ အာလူးချောင်းကြော်သည်လည်း အရွေးမမှားပါဘူး။

သင်ရော ဝီစကီသောက်ရင် ဘယ်အမြည်းနဲ့ အများဆုံး တွဲဖက်သောက်သုံးဖြစ်ပါသလဲ။

Source: Thewhiskeytrail.ie