အရက်အသောက်များလွန်းပြီး နောက်တစ်နေ့မှာ တစ်နေ့လုံး ငေါင်စင်းစင်းနဲ့ မအီမလည်ဖြစ်ဖူးကြမှာပါ။ ဒါကို အရက်နာကျခြင်း Hangover ဖြစ်တယ်လို့ ခေါ်ကြပါတယ်။ Hangover ဖြစ်ပြီဆိုရင် ပျို့ချင် အန်ချင်လာပြီး ခေါင်းကိုက်တာ ရေဓါတ်ခမ်းခြောက်တာနဲ့ နာရီပေါင်းများစွာကြာအောင် မအီမသာဖြစ်တာမျိုး ခံစားရနိုင်ပါတယ်။ တချို့ဆို အလင်းကို မခံနိုင်တာမျိုး ရှိနိုင်ပါတယ်။ Hangover ဟာ ရောဂါမဟုတ်ပေမယ့် ဖြစ်လိုက်ရင် အလဲအကွဲခံစားရတတ်ပါတယ်။ ဒါကြောင့် Hangover ဖြစ်ပြီဆိုရင် သက်သာစေဖို့ အခုပြောမယ့် အစားအစာလေးတွေကို မှီဝဲပေးနိုင်ပါတယ်။
(၁) ငှက်ပျောသီး

Photo: Freepik
အယ်လ်ကိုဟောဟာ ကိုယ်တွင်းထဲက ရေဓါတ်ကို ထိန်းနိုင်အောင် ကူညီပေးနိုင်တဲ့ ဟော်မုန်းထုတ်လုပ်မှုကို ပိတ်ပေးနိုင်လို့ ရေဓါတ်ခမ်းခြောက်နိုင်ပါတယ်။ နောက်ပြီး ပိုတက်ဆီယမ်နဲ့ ဆိုဒီယမ်လို အီလက်ထရိုလိုဒ်တွေလည်း ဆုံးရှုံးနိုင်ပါတယ်။ ငှက်ပျောသီးဟာ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အစားအသောက်ဖြစ်ပြီး နေ့စဉ်အာဟာရတန်ဖိုးရဲ့ ၁၂ ရာခိုင်နှုန်းကို ငှက်ပျောသီးတစ်လုံးက ပေးနိုင်ပါတယ်။
(၂) ဖရဲသီး

Photo: Freepik
Hangover နဲ့ ဆက်စပ်ပြီး ဖြစ်တဲ့ ခေါင်းကိုက်ဝေဒနာဟာ ရေဓါတ်ခမ်းခြောက်ခြင်း နဲ့ ဦးနှောက်ထဲ သွေးစီးဆင်းမှု လျော့ပါးခြင်းတွေကြောင့် ဖြစ်ပါတယ်။ ဖရဲသီးစားပေးခြင်းအားဖြင့် ဒီဝေဒနာတွေကို ကုစားပေးနိုင်ပါတယ်။ ဖရဲသီးမှာ ရေဓါတ်ကြွယ်ဝတဲ့အပြင် သွေးစီးဆင်းမှုကို တိုးပွားစေတဲ့ L-citrulline ကြွယ်ဝလို့ ဖြစ်ပါတယ်။
(၃) ပျားရည်

Photo: Freepik
ပျားရည်မှာ အသီးကရတဲ့ အချိုရည် ဖရူတို့စ်ပါတာကြောင့် Hangover လက္ခဏာတွေ သက်သာစေနိုင်ပါတယ်။ ဖရူတို့စ်ဟာ ကိုယ်တွင်းထဲက အယ်လ်ကိုဟောတွေ မြန်မြန်ဆန်ဆန် ဖယ်ရှားရာမှာ အထောက်အကူပြုနိုင်ပါတယ်။
(၄) အစေ့အဆံတွေ

Photo: Freepik
အစေ့အဆံတွေမှာ မဂ္ဂနီဆီယမ်မြင့်မားပါတယ်။ မဂ္ဂနီဆီယမ်ဓါတ်ချို့တဲ့ရင် Hangover လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။ အရက်တွေ အသောက်များရင် ဆဲလ်တွေထဲက မဂ္ဂနီဆီယမ်တွေ လျော့ပါးလာစေနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ဓါတ် ကြွယ်ဝလာဖို့ အယ်လ်မွန်လို အစေ့အဆံတွေက ဖြည့်ဆည်းပေးနိုင်ပါတယ်။
(၅) ကြက်ခေါက်ဆွဲစွပ်ပြုတ်

Photo: Freepik
ကြက်စွပ်ပြုတ်ဆိုရင် အအေးမိခြင်းနဲ့ တုပ်ကွေးအတွက် ဓါတ်စာအဖြစ် နာမည်ကျော်ပါတယ်။ တကယ်တော့ ကြက်စွပ်ပြုတ်ဟာ အရက်နာကျခြင်းအတွက်လည်း အထောက်အကူဖြစ်ပါတယ်။ ကြက်စွပ်ပြုတ်ဟာ ရေဓါတ်ပြန်ဖြည့်တင်းနိုင်သလို ဆိုဒီယမ်လိုအပ်ချက်ပါ ဖြည့်ဆည်းပေးနိုင်ပါတယ်။
