ဝါသနာဆိုတာ သိပ်အသုံးဝင်ပါတယ်။ ဝါသနာကောင်းတစ်ခု ရှိထားရင် လူလည်း မပျင်းရသလို ဖန်တီးမှုအားလည်း ထက်သန်ပါတယ်။ ဝါသနာတွေက သင့်ရဲ့ လူမှုဆက်ဆံရေးကိုလည်း ပိုအဆင်ပြေစေနိုင်ပါတယ်။ သင့်မှာ ချစ်သူရှိတယ်ဆိုရင်တော့ ပျော်စရာကောင်းတဲ့ အချစ်ရေးကို ပုံဖော်ပေးမယ့် ဝါသနာလေးတွေ မျှဝေပေးချင်ပါတယ်။

(၁) ပျော်ပွဲစား စခန်းထွက်ခြင်း

Camping-Best-Hobbies-For-Couples

Photo: NextLuxury

Camping ထွက်တဲ့ အလေ့အထဟာ အခုဆို ကျွန်တော်တို့နိုင်ငံမှာလည်း ခေတ်စားလာပါပြီ။ Camp ထွက်တယ်ဆိုတာ စွန့်စားခန်းပါတဲ့ ဝါသနာတစ်ရပ်ဖြစ်သလို အသစ်အဆန်းအတွေ့အကြုံတစ်ခုကို အတူတူ မျှဝေရင်ဆိုင်တဲ့ လုပ်ဆောင်ချက်တစ်ခုလည်း ဖြစ်ပါတယ်။ သင့်ချစ်သူနဲ့ အတူ ပျော်စရာကောင်းပြီး စိတ်လှုပ်ရှားရတဲ့အမှတ်တရတစ်ခု ဖန်တီးချင်ရင် Camping ထွက်တဲ့ ဝါသနာလည်း လိုက်စားသင့်ပါတယ်။

(၂) ယောဂ

Yoga-Best-Hobbies-For-Couples

Photo: NextLuxury

ယောဂဟာ လူရဲ့စိတ် ၊ ရုပ်နဲ့ ခံစားမှုရသကို ပိုပြီး အကျိုးများစေတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ယောဂကစားခြင်းဟာ လူတိုင်း ရှိသင့်တဲ့ ဝါသနာတစ်ခုလို့တောင် ပြောနိုင်အောင် အကျိုးကျေးဇူးကြီးမားပါတယ်။ ချစ်သူနဲ့အတူ ယောဂကစားမယ်ဆိုရင် စိတ်မွန်းကြပ်ဖိစီးမှုတွေ သက်သာရုံတင် မဟုတ်ဘဲ စိတ်ပိုင်းဖြေလျှော့မှုကို အတူတူ လုပ်ဆောင်နိုင်ပါလိမ့်မယ်။

(၃) ပျိုးဥယျာဉ်စိုက်ခြင်း

Gardening-Best-Hobbies-For-Couples

Photo: NextLuxury

သစ်ပင်ပန်းပင်လေးတွေ စိုက်တယ်ဆိုတာ သိပ်နူးညံ့ပြီး စိတ်အထိုင်ကျစေတဲ့အလုပ်ထဲမှာ ပါပါတယ်။ ဥယျာဉ်စိုက်တာဟာ အတူတူ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ Teamwork Exercise တစ်မျိုးလည်း ဖြစ်လို့ အချင်းချင်း ပိုဆက်သွယ်မှုရှိစေနိုင်ပါတယ်။ ဒါ့အပြင် ကိစ္စတစ်ခုကို အတူတူ ဖြစ်မြောက်အောင်မြင်အောင် လုပ်နိုင်တဲ့အပေါ် ကျေနပ်မှု ၊ ပန်းတိုင်တစ်ခုကို အတူတူ လျှောက်လှမ်းနိုင်တဲ့အတွက် အားရမှုတွေလည်း ပေးစွမ်းနိုင်ပါတယ်။

(၄) အချက်အပြုတ်

Cooking-Best-Hobbies-For-Couples

Photo: NextLuxury

ဒီခေတ်မှာ ဟင်းချက် ထမင်းချက်ကို အမျိုးသားတွေလည်း လုပ်နေကြပြီ ဖြစ်ပါတယ်။ မီးဖိုချောင်ကို ချစ်သူနဲ့ အတူဝင်ခြင်းဟာ နေ့စဉ်ဘဝထဲက ကြုံနေကျ ပြဿနာတစ်ခုကို အတူအဖြေရှာခြင်း ဖြစ်သလို ၊ နှစ်ယောက်အတူပေါင်းပြီး ပိုကောင်းတဲ့လက်ရာတစ်ခု ဖန်တီးလိုက်တာလည်း ဖြစ်ပါတယ်။ ဟင်းချက်တာကိုလည်း ပေါ့သေးသေးလို့ မအောက်မေ့စေချင်ပါဘူး။ ထမင်းဟင်းတွေဟာ မေတ္တာ ၊ စေတနာနဲ့ ဂရုစိုက်မှုရဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်နေပါတယ်။

(၅) ပုံဆွဲခြင်း

Drawing-Best-Hobbies-For-Couples

Photo: NextLuxury

အချိန်ရရင် သင့်ကောင်မလေးနဲ့ ပန်းချီဆွဲနည်းလေ့လာဖို့ အကြံပေးချင်ပါတယ်။ ပုံဆွဲခြင်းဆိုတာ ဖန်တီးပုံဖော်မှုတစ်ရပ်ဖြစ်ပါတယ်။ ဖန်တီးခြင်းဆိုတာ အတူတူဆို ပိုလို့ အသက်ဝင်ပြီး အဓိပ္ပါယ်တွေ မြင်သာပါတယ်။ နောက်ပြီး နှစ်ယောက်သား အတူရေးဆွဲခဲ့တဲ့ ပန်းချီတွေဟာ ချစ်ခြင်းမေတ္တာနဲ့ ပေါင်းစည်းခြင်းရဲ့ အမှတ်လက္ခဏာအဖြစ် ကျန်နေခဲ့မှာပါပဲ။

Featured Photo: NextLuxury