Introverts တွေအတွက်တော့ ဝါသနာဆိုတာဟာ သူတို့ကိုယ်တိုင်အတွက် ကုထုံးတစ်ခုဖြစ်ပါတယ်။ သူတို့က လူတွေကြားထဲမှာ နာရီပေါင်းများစွာ ပြောဆိုဆက်ဆံပြီးတဲ့နောက် စိတ်အေးလက်အေးနဲ့ ကိုယ်ပိုင်အချိန်မှာ ဝါသနာပါတာတစ်ခုခုလုပ်ရင်း ကိုယ့်ကိုယ်ကို ပြန်လည် recharge လုပ်တတ်ကြပါတယ်။

ဟုတ်ပါတယ် ရုပ်ရှင်တွေ၊ ဗွီဒီယိုဂိမ်းတွေရှိပေမယ့် Introvert တွေအတွက် အကောင်းဆုံးဝါသနာတွေက သပ်သပ်ရှိပါတယ်။ အခုပြောပြပေးမှာက Introvert တွေနဲ့အကိုက်ညီဆုံး ဝါသနာကောင်းလေးတွေထဲက ၅ ခုအကြောင်းပါ

(၁) ဟင်းချက်တာ

Man Cooking
Photo : The Globe and Mail

ဟင်းချက်တာက Introvert တွေအတွက် သင့်တော်တဲ့ဝါသနာတစ်ခု ဖြစ်ပါတယ်။ ကိုယ်တိုင်အတွက်ရော တခြားသူတွေအတွက်ပါ ပျော်ရွှင်စေတဲ့ ကိုယ်တိုင်ဖန်တီးနိုင်တဲ့အတွက် ဟင်းချက်ခြင်းက အကျိုးရှိစေတဲ့ ဝါသနာတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် တစ်ယောက်တည်း လုပ်ဆောင်နိုင်သလို ချက်ပြုတ်နည်းအသစ်တွေ၊ ပါဝင်ပစ္စည်းတွေနဲ့ အိုင်ဒီယာအသစ်တွေကို စမ်းသပ်လို့ရတဲ့အတွက် ပိုပျော်စရာကောင်းပါတယ်။

(၂) ယောဂ (သို့) တရားထိုင်တာ

 Meditation

Photo : Torrance Memorial Medical Center

တကယ်လို့ Introvert တွေအနေနဲ့ စိုးရိမ်ပူပန်မှုများတာ၊ စိတ်မငြိမ်မသက်ဖြစ်တာတွေကို လျှော့ချဖို့ဆိုရင် mindfulness meditation လုပ်တာက များစွာအကျိုးရှိတာကို တွေ့ရပါတယ်။ Introvert တွေအတွက် တရားထိုင်တာနဲ့ ယောဂလေ့ကျင့်ခြင်းက လူမှုဆက်ဆံရေးနဲ့ပတ်သတ်တဲ့ စိတ်ဖိစီးမှုဖြစ်တာနဲ့ ပုံမှန်စိတ်ဖိစီးတဲ့အခြေအနေတွေကို သက်သာစေဖို့ကူညီပေးပါတယ်။

(၃) အပင်စိုက်တာ

Transplanting home plants
Photo : Freepik

နောက်ထပ်ဝါသနာတစ်ခုက အပင်စိုက်တာပါ။ အပင်စိုက်တာရဲ့ အကျိုးကျေးဇူးတွေက သဘာဝတရားနဲ့ ထိတွေ့ဆက်ဆံရတာကိုနှစ်သက်တဲ့ Introvert တွေအတွက် ပြီးပြည့်စုံတဲ့စိတ်ကျေနပ်စရာလုပ်ဆောင်မှုတစ်ခုပါ။ အပင်စိုက်ခြင်းကနေ ပိုပြီးတော့လည်း စိတ်ရှည်သည်းခံတတ်စေပါတယ်။ ဒီအတွက် မြေနေရာအများကြီးရှိဖို့မလိုပါဘူး အိမ်တွင်းစိုက်အပင်လေးတွေနဲ့ အရင်စမ်းသပ်ကြည့်လို့ရပါတယ်။

(၄) စာရေးတာ

man Typing
Photo : Freepik

Introvert တွေက အမှားလုပ်မိတဲ့အခါ ခေါင်းထဲမှာအချိန် အကြာကြီးတွေးနေ တတ်တဲ့အတွက် အချိန်ဖြုန်းသလို ဖြစ်နေတတ်ပါတယ်။ ဒါက အတွေးလွန်ခြင်းရဲ့အကျိုးတစ်ခုဖြစ်ပြီးတော့ ဒါကိုတားဆီးနိုင်တဲ့နည်းက ချရေးတာပဲ ဖြစ်ပါတယ်။ Introvert တွေအနေနဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ စာစုတွေဖြစ်ဖြစ် ကိုယ့်ရဲ့ကိုယ်ပိုင်ဘဝအကြောင်းကိုဖြစ်ဖြစ် ဘလော့ဂ်ရေးသားတာမျိုးလုပ်လို့ရပါတယ်။ ဒီလိုအင်တာနက်မှာ ဘလော့ဂ်ရေးတာမျိုးကနေ ဝင်ငွေလည်း ရနိုင်ပါတယ်။

(၅) စာဖတ်တာ

Reading Book
Photo : Online Teachers UK

စာဖတ်ခြင်းအလေ့ကတော့ Introvert တွေမှ မဟုတ်ပါဘူး။ လူတိုင်းအတွက် ကောင်းမွန်တဲ့ ဝါသနာတစ်ခု ဖြစ်ပါတယ်။ စာဖတ်ခြင်းဟာ စိတ်ရဲ့ ငြိမ်သက်အေးချမ်းရာ ဝါသနာတစ်ခု ဖြစ်သလို စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို လျော့ပါးစေပြီး စိတ်ခွန်အားပေးနိုင်မယ့် အကျိုးကျေးဇူးတွေ များစွာရရှိနိုင်ပါတယ်။ Introvert တွေအနေနဲ့ စာဖတ်ခြင်းဟာ အကောင်းဆုံးအချိန်ကုန်ဆုံးမှုတစ်ခု ဖြစ်စေမှာပါ။

Featured Photo : Creative Boom