အသက် ၃၀ အရွယ် ယောင်္ကျားတစ်ယောက်ဟာ ရင့်ကျက်တဲ့အရွယ်ကို ရောက်ပြီလို့ ပြောနိုင်ပါတယ်။ ဒီအရွယ်မှာ အရာရာဟာ အရေးပါလာပြီဖြစ်ပါတယ်။ လူလတ်ပိုင်းမှာ သင်ပေါင်းတဲ့ အပေါင်းအသင်း ၊ လုပ်တဲ့အလုပ် ၊ ထားတဲ့ ရည်းစားကနေ ဝါသနာအထိ သင့်ဘဝကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။ ဒါကြောင့် အသက် ၃၀ တန်းတွေအတွက် အကျိုးများပြီး ထားရှိသင့်တဲ့ ဝါသနာလေးတွေအကြောင်း ပြောပြချင်ပါတယ်။

(၁) ဥယျာဉ်စိုက်ခြင်း

Gardening

Photo; parenting

သစ်ပင်ပန်းပင်စိုက်တဲ့ ဝါသနာမျိုးက လူတိုင်း ရှိသင့်တဲ့ ဝါသနာမျိုးပါ။ မြေပိုလေး နည်းနည်းရှိရင် ကိုယ့်ခြံ ကိုယ့်ဝင်းထဲမှာ အပင်လေးတွေ စိုက်ကြည့်သင့်ပါတယ်။ သစ်ပင်စိုက်တာဟာ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ပြီး ဖြစ်သလို လေကောင်းလေသန့်ရှုရှိုက်ပြီး နေရောင်ခြည်နဲ့ထိတွေ့ရလို့ ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းစေပါတယ်။

(၂) ကိုယ်ခံပညာ

Martial Arts

Photo; parenting

Martial Arts ဆိုတဲ့ဘက်စုံ ကိုယ်ခံပညာက ကျား/မ မရွေး တတ်မြောက်ထားသင့်တဲ့ ပညာရပ်တစ်ခု ဖြစ်ပါတယ်။ ဝါသနာအနေနဲ့လည်း ရှိသလို အရေးအကြောင်းဆို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခုခံနိုင်ဖို့ပါ သင်ထားသင့်ပါတယ်။ ကိုယ်ခံပညာကျွမ်းကျင်မှုဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုမြင့်မားစေသလို အရေးပေါ် လိုအပ်ချိန်မှာလည်း ထုတ်သုံးနိုင်မှာပါ။ Martial Arts ပညာတွေက အများကြီးရှိပါတယ်။ မွေ့ထိုင်း , တိုက်ကွမ်ဒို ၊ ဘောက်ဆင် ၊ ထိုက်ကျိ စတဲ့ ကိုယ်ခံပညာတွေထဲက ကြိုက်ရာတစ်မျိုးမျိုးသာ ရွေးသင်သင့်ပါတယ်။

(၃) ခရီးသွားခြင်း

Travelling

Photo; parenting

ခရီးသွားတဲ့ ဝါသနာရှိတာ ကောင်းပါတယ်။ ခရီးသွားတယ်ဆိုတာ ယဉ်ကျေးမှုအမျိုးမျိုး ၊ လူတန်းစားအသီးသီး နဲ့ ဒေသန္တရဗဟုသုတအစုံကို လေ့လာဖို့ အကောင်းဆုံးအခွင့်အရေးလည်း ဖြစ်ပါတယ်။ တစ်ယောက်တည်း စက်ဘီးလေးနဲ့ ခရီးထွက်တာကနေ သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက်ခရီးသွားတာအထိ ခရီးသွားမှုတိုင်းဟာ အကောင်းဆုံးအတွေ့အကြုံတွေ ရစေမှာ ဖြစ်သလို အမှတ်တရကောင်းတွေအဖြစ်လည်း ထင်ကျန်စေမှာပါ။

(၄) ဓါတ်ပုံရိုက်ခြင်း

Photography

Photo; parenting

အခုခေတ်မှာ ဓါတ်ပုံရိုက်တာကို ဝါသနာအရရော ပညာရပ်တစ်ခုအနေနဲ့ပါ လေ့လာဖို့ အချိန်ကောင်းပါပဲ။ ဓါတ်ပုံစွမ်းရည်ကောင်းတဲ့ စမတ်ဖုန်းတွေနဲ့တင် အကောင်းစားဓါတ်ပုံတွေ ရိုက်နိုင်ပါတယ်။ ဓါတ်ပုံရိုက်တာကို ပညာရပ်တစ်ခုလို လိုက်စားချင်တယ်ဆိုရင်တော့ ကင်မရာကောင်းကောင်းတစ်လုံး ဝယ်ပြီး သေချာလေ့လာဖို့ ပြောချင်ပါတယ်။ ဓါတ်ပုံပညာဟာ အမြဲတမ်း စိတ်ဝင်စားဖို့ကောင်းသလို အနုပညာရပ်တစ်ခုအနေနဲ့ပါ မြတ်နိုးဖို့ကောင်းပါတယ်။

(၅) ပုံတူပစ္စည်းလေးတွေ ဖန်တီးခြင်း

Modelmaking

Photo; parenting

ငယ်ငယ်က အရုပ်ကလေးတွေ Model ချိုးဖူးတဲ့ ဝါသနာရှိရင် သင့်အသက် ၃၀ တန်းမှာ ဒီဝါသနာကို ပြန်အသက်သွင်းဖို့ ပြောချင်ပါတယ်။ လေယာဉ်ပျံ ၊ သင်္ဘော နဲ့ကားလို ပုံစံတူ Miniature လေးတွေ ဖန်တီးရတာဟာ ဖန်တီးဉာဏ်ကို ထက်သန်စေတဲ့အပြင် အသက်ကြီးတဲ့အထိ ကြည်နူးစရာဝါသနာတစ်ရပ်အဖြစ် ရှိနေမှာ ဖြစ်ပါတယ်။

Featured Photo: nextluxury