ယောင်္ကျားတစ်ယောက်ရဲ့ သွေးထဲမှာ စွန့်စားချင်တဲ့စရိုက်က ပါပြီးသားပါ။ ဒါကြောင့်ပဲ အမျိုးသားတွေရဲ့ ဝါသနာတွေကိုကြည့်လိုက်ရင် ကြမ်းကြမ်းတမ်းတမ်း လုပ်ဆောင်ရတဲ့ ကိုယ်လက်လှုပ်ရှားမှုကို အခြေခံတဲ့ ဝါသနာက များနေတာ ဖြစ်ပါတယ်။ စွန့်စားရတာ ဝါသနာပါပြီး ရင်တထိတ်ထိတ်ခံစားချက်ကို ကြိုက်တယ်ဆိုရင် အခုပြောမယ့် ဝါသနာလေးတွေ မွေးဖို့ ပြောချင်ပါတယ်။

(၁) တောတွင်းခရီးကြမ်းနှင်ခြင်း

Hiking-Best-Outdoor-Hobby-For-Men

Photo: Next Luxury

အလုပ်အားရက် ၊ ရုံးနားရက်မှာ သူငယ်ချင်းတွေနဲ့ တောတွင်းခရီးကြမ်းနှင်ရတာ တကယ့်လွတ်မြောက်မှုတစ်ခု ၊ စွန့်စားခန်းတစ်ခုပါပဲ။ တောတွင်းခရီးကြမ်းနှင်ခြင်းဟာ သဘာဝရဲ့ အသံ ၊ အမြင် နဲ့ အနံ့တွေကို ကိုယ်ပိုင်ဗေဒနဲ့ ခံစားရစေမယ့် လှုပ်ရှားမှုတစ်ခုလည်း ဖြစ်ပါတယ်။ အခန်းထဲမှာနေပြီး ပြေးစက်ပေါ် ပြေးတာထက် တကယ့်တောင်စစ်စစ်တွေ တက်ပြီး တောထဲ တိုးရတဲ့ အရသာက နှိုင်းယှဉ်လို့ မရပါဘူး။

(၂) ရေခဲပြင်စကိတ်စီးခြင်း

Skiing-Best-Outdoor-Hobby-For-Men

Photo: Next Luxury

Outdoor Hobbies တွေဟာ နွေရာသီအတွက်တင် မဟုတ်ပါဘူး။ နှင်းတွေကျနေပြီး နှင်းထုတွေ လွှမ်းချိန်မှာဆို ရေခဲပြင်စကိတ်စီးရတာလည်း စိတ်လှုပ်ရှားစရာအပြည့်နဲ့ ထူးခြားတဲ့ခံစားချက်ကို ပေးနိုင်ပါတယ်။ ရေခဲပြင်စကိတ်ကစားနည်းက သင်ရမခက်တဲ့ ဝါသနာထဲမှာ ပါပါတယ်။ သူငယ်ချင်းတွေဆီကပဲ သင်သင် Skiing Class ပဲ တက်တက် တတ်မြောက်နိုင်တဲ့ အားကစားနည်းဖြစ်ပါတယ်။

(၃) ကျောက်ဆောင်တက်ခြင်း

Rock-Climbing-Best-Outdoor-Hobby-For-Men

Photo: Next Luxury

မြင့်မား မတ်စောက်တဲ့ ကျောက်ဆောင်တွေ တက်ဖို့ သင်ကိုယ်တိုင် ကြံ့ခိုင်နေဖို့ လိုပါတယ်။ တောင်တက်ခြင်းဟာ တစ်ကိုယ်လုံးမှာ ရှိတဲ့ ကြွက်သားစိုင်အားလုံးကို လှုပ်ရှားပေးနေတဲ့ လေ့ကျင့်ခန်းဖြစ်သလို အန္တရာယ်များတာကြောင့် အာရုံတွေ ထက်မြက်အောင်ပါ လေ့ကျင့်ထားဖို့ လိုပါတယ်။ ကျောက်ဆောင်တက်ချိန်မှာ ကျွမ်းကျင်မှု ၊ အလေ့အကျင့်နဲ့ အတွေ့အကြုံအပြင် ဗီဇစိတ်ပါ အသုံးချရတာကြောင့် ရင်တလှပ်လှပ်ခုန်ရသလို ပျော်ရွှင်မှု ၊ စွန့်စားလိုစိတ်နဲ့ အောင်မြင်ပြီးမြောက်ခြင်းအပေါ် စိတ်ကျေနပ်မှုတွေပါ ရရှိနိုင်မှာပါ။

(၄) တောစခန်းထွက်ခြင်း

Camping-Best-Outdoor-Hobby-For-Men

Photo: Next Luxury

သူငယ်ချင်းတွေနဲ့ တောထဲ Camping ထွက်တဲ့အတွေ့အကြုံကလည်း တကယ့်အမှတ်တရနဲ့ စိတ်လှုပ်ရှားစရာအတွေ့အကြုံပါပဲ။ ဘယ်သူကများ ကိုယ်ချစ်ရတဲ့ မိတ်ဆွေအနည်းငယ်နဲ့ မီးပုံနံဘေးနား အတူဝိုင်းဖွဲ့ထိုင်ရင်း ဝိုင်ကောင်းကောင်း မြုံ့လို့ ကြယ်တွေသာတဲ့ ညကို မကြည့်ချင်ဘဲ နေပါ့မလဲ။ ဒီအတွေ့အကြုံဟာ ကလေးဘဝညတွေကို ပြန်အမှတ်ရစရာပါပဲ။

(၅) ငှက်ကြည့်ခြင်း

Bird-Watching-Best-Outdoor-Hobby-For-Men

Photo: Next Luxury

ငှက်ဝါသနာအိုးတွေဆိုတာ ဘယ်အချိန် ဘယ်ငှက်တွေ ဘယ်နား ဆိုက်လာမလဲ အမြဲစူးစမ်းနေရရင်ကို ပျော်နေကြတဲ့လူတွေပါ။ ငှက်မျိုးစိတ်ကို ဝါသနာအရ စူးစမ်းစုဆောင်းတဲ့သူတွေဟာ လမ်းညွှန်စာအုပ် ၊ ငှက်ကြည့်ဖို့ မှန်ပြောင်းတစ်လက် နဲ့ ကျောပိုးအိတ်လွယ်ပြီး တောတွေ တောင်တွေနဲ့ သဘာဝကြိုးဝိုင်းတွေထဲ လိုက်ရှာကြတော့တာပါပဲ။ ဝါသနာတူရာ မိတ်ဆွေအဖွဲ့လိုက်ဆို အလွန်ပဲ စိတ်လှုပ်ရှားပြီး ပျော်စရာကောင်းတဲ့ ခရီးစဉ်တစ်မျိုးဖြစ်ပါတယ်။

Featured Photo: OnDECK by DINGA