စီးကရက်သောက်လေ့ရှိသူတစ်ယောက်အတွက် ဆေးလိပ်ဖြတ်ခြင်းဟာ အကြီးမားဆုံးစိန်ခေါ်မှု တစ်ခုလို့ဆိုရမှာပါ။ ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေပေမယ့် ဖြတ်ဖို့ရန်ခက်ခဲပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ဆေးလိပ်ဖြတ်ချင်တဲ့ အမျိုးသားတို့အတွက် ဆေးလိပ်ဆက်မသောက်ဖြစ်အောင် တားဆီးပေးနိုင်မယ့် အလေ့အကျင့်တွေကို မျှဝေပေးချင်ပါတယ်။

(၁) ဆေးလိပ်ဖြတ်ချင်တဲ့ အကြောင်းအရင်းကို ချရေးထားပါ

Make a list of reasons to quit
Photo : WebMD

သင်ကို ဘယ်အရာတွေက ဆေးလိပ်ဖြတ်ဖို့ ဆုံးဖြတ်ချက်ချစေခဲ့တာလဲ။ ကျန်းမာရေးကြောင့်လား ၊ မိသားစုအတွက်လား စသည်ဖြင့် ခိုင်လုံတဲ့အကြောင်းပြချက်တစ်ခုခုကို စာအုပ်မှာချရေးထားပါ။ ဒီလို ရေးထားခြင်းဟာ သင့်ကိုဆေးလိပ်ဖြတ်ဖို့ တွန်းအားတစ်ခုဖြစ်စေပါတယ်။

(၂) နီကိုတင်း အစားထိုးကုထုံးခံယူပါ

Consider Nicotine Replacement Therapy

Photo : Medical News Today

ဆေးလိပ်ဖြတ်လိုက်တဲ့အခါ နီကိုတင်းဖြတ်ခြင်းကြောင့် ခေါင်းကိုက်ခြင်း ၊ စိတ်တိုလွယ်ခြင်းစိတ်အတက်အကျမြန်ခြင်း ၊ အားအင်ကုန်ခမ်းခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ နီကိုတင်း အစား ထိုးနိုင်မယ့် ပီကေတွေ ၊ ငုံဆေးပြားတွေ မှီဝဲနိုင်ပြီး လိုအပ်ရင်လိုအပ်သလို ကျွမ်းကျင်တဲ့ဆရာဝန်နဲ့တိုင်ပင်ပြီး နီကိုတင်း အစားထိုးကုထုံး ခံယူသင့်ပါတယ်။

(၃) သောက်စရာတွေပြောင်းလဲပါ

Change your drink

Photo : Healthline

အချိုရည်များ၊ အရက်၊ ကိုလာ၊ လက်ဖက်ရည်နှင့် ကော်ဖီစတဲ့သောက်စရာတွေဟာ စီးကရက်ရဲ့အရသာကို ပိုကောင်းစေတာကြောင့် စီးကရက်နဲ့ တွဲဖက်သောက်လေ့ရှိကြပါတယ်။ သင်ဟာ ဆေးလိပ်ဖြတ်နေပြီဆိုရင် ဒီလိုသောက်စရာတွေကို ကန့်သတ်လိုက်ပါ။ ရေနဲ့ လက်ဆတ်တဲ့ အသီးဖျော်ရည်တွေကိုသာ များများသောက်ပေးသင့်ပါတယ်။

(၄) လှုပ်လှုပ်ရှားရှားနေပါ

Young man runner tying shoelaces

Photo : Freepik

လှုပ်လှုပ်ရှားရှားနေပေးတာဟာ နီကိုတင်းဓာတ်တောင့်တမှုကို တားဆီးပေးပြီး ဆေးလိပ်သောက်ချင်စိတ်ကိုလျော့ကျစေပါတယ်။ ဒါ့ကြောင့် ဆေးလိပ်သောက်ချင်တဲ့အခါ အပျော့စား ကိုယ်လက်လှုပ်ရှားမှုလေးတွေလုပ်တာ ၊ လမ်းလျောက်တာ ၊ စက်ဘီးနင်းတာ စတဲ့ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်ပေးသင့်ပါတယ်။

(၅) ဆေးလိပ်ကင်းစင်တဲ့ နေရာတွေသွားပါ

Make non-smoking friends

Photo : Pinterest

ဆေးလိပ်ဖြတ်ပြီဆိုတာနဲ့ ဆေးလိပ်သောက်တက်တဲ့ သူငယ်ချင်းတွေနဲ့ခဏလောက်အဆက်သွယ်ဖြတ်ထားလိုက်ပါ။ ဆေးလိပ်မသောက်တဲ့ သူငယ်ချင်းတွေနဲ့ များများအချိန်ကုန်ဆုံးပြီး ဆေးလိပ်ကင်းစင်တဲ့ စာကြည့်တိုက် ၊ ဈေးဝယ်စင်တာတွေနှင့် တခြားသောဆေးလိပ်သောက်ခွင့်မရှိတဲ့ နေရာတွေမှာ များများအချိန်ကုန်ဆုံးခြင်းဖြင့် ဆေးလိပ်မသောက်ဖြစ်အောင် ထိန်းချုပ်နိုင်ပါလိမ့်မယ်။

Featured Photo : Cancer Research Malta