ဝိတ်ချချိန်မှာ တစ်ချို့အစားအသောက်တွေကို မစားဖြစ်အောင် ရှောင်ကြပြီး တစ်ချို့အစားအစာတွေကိုတော့ စားဖြစ်အောင် စားပေးဖို့လိုပါတယ်။ ခန္ဓာကိုယ်မှာ Diet လုပ်ရင်း Workout ဆင်းရင်းနဲ့ အဆီကျ မြန်စေဖို့အတွက် စားပေးရမယ့် အစားအစာတစ်ချို့လည်း ရှိပါတယ်။

(၁) Green Tea

Source: pexels

လက်ဖက်စိမ်းအဆီဟာ သဘာဝအဆီချဖို့ အကောင်းဆုံး ဖြည့်စွက်အစာထဲမှာ ပါပါတယ်။ Green Tea မှာ ဓါတ်တိုးဆန့်ကျင်နိုင်တဲ့ Epigallocatechin gallate (EGCG) ဓါတ်ပါရှိပြီး ကယ်လိုရီလောင်ကျွမ်းမှု မြင့်မားပါတယ်။ အဆိပ်အတောက်လည်း ဖယ်ရှားနိုင်ပြီး နာလန်ထ မြန်စေတဲ့ သဘာဝဖျော်ရည်လည်း ဖြစ်ပါတယ်။

(၂) L-Carnitine

Source: Myprotein

L-Carnitine ကတော့ အဆီလျှော့ဖို့နဲ့ စွမ်းအင် Level တွေ တိုးမြှင့်ဖို့အတွက် အထောက်အကူဖြစ်စေမယ့် အမိုင်နိုအက်ဆစ် ဓါတ်တစ်မျိုး ဖြစ်ပါတယ်။ အာဟာရသုတေသနတွေအရ အဆီချဖို့အတွက် Diet မလုပ်ဘဲ L-Carnitine နဲ့ Glutamine လို ဖြည့်စွက်အစာကို ၄ ပတ်စားတာနဲ့ ဝိတ်ကျနိုင်တယ်လို့ ဆိုပါတယ်။

(၃) Omega-3s

Source: pexels

အင်ဆူလင်တိုးပွားခြင်းဟာ အဆီချဖို့အတွက် အရေးကြီးဆုံး အပိုင်းထဲမှာ ပါပါတယ်။ Omega-3s ဟာ အင်ဆူလင်ပိုတိုးပွားစေနိုင်ပြီး ဆဲလ်နံရံတွေရဲ့ လုပ်ဆောင်မှုကို ချောမွေ့စေပါတယ်။ သတိထားရမှာက ကိုယ့်ရဲ့ Diet ထဲမှာ Omega 6s နဲ့ ပြည့်ဝဆီတွေ သိပ်မပါစေဖို့ လိုပါတယ်။

(၄) ရေညှိစိမ်း

Source: pexels

Spirulina ၊ ဂေါ်ဖီစိမ်း ၊ ခရမ်းချဉ်သီ ၊ မုန်လာဥ စတဲ့ အသီးအနှံတွေနဲ့ ဖော်စပ်ထားတဲ့ Green Powders တွေဟာလည်း ခန္ဓာကိုယ်ထဲက သကြားဓါတ်ကို လျှော့ချနိုင်ပြီး အမျှင်ဓါတ်ကြောင့် အင်ဆူလင် တိုးပွားနိုင်ပြီး အီစတိုဂျင်ဓါတ်ပြုမှု ပိုကောင်းလာစေပါတယ်။ Green Powders တွေဟာ အစာချေဖျက်မှု အားပေးလို့ ဆီးဝမ်းမှန်ပြီး အဆီပိုတွေပါ ချပေးနိုင်ပါတယ်။

(၅) BCAAs

Source: Cellucor

ကြွက်သားကြံခိုင်ဖို့နဲ့ စွမ်းအင်တွေ တက်လာဖို့ BCAAs လို့ ခေါ်တဲ့ Branched-Chain Amino Acids ကို ဖြည့်စွက်စာအနေနဲ့ စားပေးရပါတယ်။ Branched-Chain ဆိုတာဟာ ကြက်ဥ ၊ အသားနဲ့ နို့ထွက်ပစ္စည်းလိုမျိုး ပရိုတိန်းကြွယ်ဝတဲ့ အစားအစာတွေမှာ တွေ့ရတဲ့ ဓါတ်တစ်မျိုး ဖြစ်ပါတယ်။ BCAAs ဟာ ကြွက်သား ကြီးထွားလာစေခြင်း ၊ ကြွက်သားနာကျင်မှု သက်သာစေခြင်း ၊ လေ့ကျင့်ခန်းတွေလုပ်ရာမှာ သက်လုံကောင်းစေတဲ့ အကျိုးတွေပါ ပေးနိုင်ပါတယ်။