ယနေ့ခေတ်တွင် တက်တူးထိုးခြင်းက အမျိုးသားများအကြား ဖက်ရှင်တစ်ခုလို ရေပန်းစားနေပါတယ်။ ခန္ဓာကိုယ်ရှိ တက်တူးပုံများက မိမိရဲ့စိတ်နေစိတ်ထားကို ဖော်ပြနိုင်သလို မိမိအတွက် အမှတ်ရစရာများအဖြစ်လည်း ဖော်ပြနိုင်ပါတယ်။

တက်တူးထိုးတဲ့အခါ ခန္ဓာကိုယ်မှာ တစ်သက်လုံးစွဲထင်သွားမယ့်အရာ ဖြစ်တဲ့အတွက်ကြောင့် တက်တူးမထိုးခင်ကတည်းက ဘယ်ပုံကို ထိုးချင်တာလဲ။ ဘာ့ကြောင့်ထိုးချင်တာလဲ။ နောက်ဆယ်နှစ်ကြာတဲ့အခါမှာရော ဒီပုံကို ထိုးလိုက်လို့ နောင်တရသွားနိုင်မလား စတဲ့ မေးခွန်းများဖြင့် မိမိကိုယ်ကို ပြန်မေးကြည့်လိုက်ပါ။

သင့်အနေနဲ့ တက်တူးထိုးရတာ အင်မတန်နှစ်သက်ခုံမင်တယ်ဆိုရင်တော့ ဘယ်လိုတက်တူးမျိုးက လက်ရှိမှာ ရေပန်းစားနေသလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

တက်တူးအသေးစားများ

Photo: Pinterest.com

လက်ချောင်းများပေါ်မှာ (သို့) လည်ပင်းပေါ်မှာ တက်တူးအသေးစား ထိုးခြင်းက ယနေ့ခေတ်မှာ ခေတ်စားနေပါတယ်။ အရွယ်အစားက သေးတဲ့အတွက်ကြောင့် မိမိဖုံးချင်တဲ့အချိန်မှာ အလွယ်လေး ဖုံးထားလို့ရပါတယ်။

တိရစ္ဆာန်ပုံ တက်တူးများ

Photo: Henatattoo.blogspot.com

သင့်အနေနဲ့ စွန်ရဲတစ်ကောင်လို လွတ်လွတ်လပ်လပ် ပျံသန်းချင်တာလား။ ဒါမှမဟုတ် ခြင်္သေ့တစ်ကောင်လို ရဲရင့်မှုကို ဖော်ပြချင်တာလား။ မိမိနှစ်သက်ရာ တိရစ္ဆာန်ပုံကို ခန္ဓာကိုယ်ပေါ်မှာ တက်တူးထိုးခြင်းအားဖြင့် မိမိရဲ့စိတ်နေစိတ်ထားကို ဖော်ပြခြင်းကလည်း ယခုနောက်ပိုင်းမှာ ခေတ်စားလာပါပြီ။

လူပုဂ္ဂိုလ်ရဲ့ရုပ်ပုံတက်တူးများ

Photo: Jeanniealyce.blogspot.com

ကိုယ်ချစ်မြတ်နိုးတဲ့ ချစ်သူပုံကို တက်တူးထိုးခြင်း၊ မိမိလေးစားရတဲ့ ခေါင်းဆောင်ပုံတက်တူးထိုးခြင်းကလည်း ယနေ့ခေတ်မှာ ခေတ်စားလာပြီး ထိုကဲ့သို့ ရေးထိုးထားခြင်းရဲ့ မိမိရဲ့ခံယူချက်ကို ဖော်ပြနိုင်ပါတယ်။

ကြယ်ပုံတက်တူးများ

Photo: Askideas.com

မှောင်မိုက်တဲ့ ညကောင်းကင်ယံမှာ ဓူဝံကြယ်တစ်လုံးရဲ့တာဝန်က မှန်ကန်တဲ့ လမ်းကြောင်းကို လမ်းညွှန်ပြသပေးသလိုပဲ ကြယ်ပုံသဏ္ဍာန်တက်တူးများကလည်း မျှော်လင့်ခြင်း၊ ဆုတောင်းပြည့်ခြင်း၊ လမ်းညွှန်ပြသပေးခြင်းတို့ကို ကိုယ်စားပြုပါတယ်။

နတ်သမီးပုံတက်တူးများ

Photo: Pinterest.com

မိမိကြံရွယ်သမျှအရာအားလုံး အောင်မြင်ပြည့်ဝဖို့ရန်အတွက် နတ်ကောင်းနတ်မြတ်များရဲ့အကူအညီယူသလိုမျိုးပဲ နတ်သမီးပုံတက်တူးများကလည်း ကာကွယ်ပေးခြင်း၊ လမ်းညွှန်ပေးခြင်းတို့ကို ညွှန်ပြပေးနေပါတယ်။ နတ်သမီးပုံတက်တူး ထိုးထားခြင်းအားဖြင့် သင်က တစ်ယောက်တည်း မဟုတ်ကြောင်း၊ သင့်ဘေးနားမှာ နတ်ကောင်းနတ်မြတ်များ လိုက်ပါစောင့်ရှောက်ပေးကြောင်းကို အမြဲအမှတ်ရနေစေမှာပါ။

ဘော်ဒါတို့အားလုံးလည်း မိမိကြိုက်နှစ်သက်ရာ တက်တူးပုံများ ရေးထိုးထားကာ မိမိရဲ့ခံယူချက်နဲ့ စိတ်နေစိတ်ထားများကို ခန္ဓာကိုယ်ပေါ်တွင် ရေးထိုးဖော်ပြနိုင်ပါတယ်။