နည်းပညာများ တစ်စထက်တစ်စ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူသားတွေရဲ့ဖက်ရှင်အမြင်သည်လည်း ပြောင်းလဲလာတာကြောင့် တက်တူးထိုးခြင်းသည် ရှေးယခင်တုန်းကလိုမျိုး တားမြစ်ပိတ်ပင်ထားတဲ့အရာမဟုတ်တော့ပါဘူး။
တကယ်လို့ သင့်ရဲ့အနီးပတ်ဝန်းကျင်မှာ “တက်တူး ထိုးထားရင် အလုပ်ရမှာမဟုတ်ဘူး” လို့ ပြောလာခဲ့သည်ရှိသော သူတို့မှားကြောင်း ပြန်လည်ချေပနိုင်တဲ့ခေတ်ကို ရောက်လာပါပြီ။
တက်တူးထိုးခြင်းသည် အနုပညာတစ်ရပ်လို့ မြင်လာကြတဲ့ခေတ်ကို ရောက်လာတဲ့အခါ မိမိခန္ဓာကိုယ်မှာ ရေးထိုးထားတဲ့တက်တူးကို အချိန်အကြာကြီး ကြည့်ကောင်းနေအောင် အရောင်မှိန်မသွားအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်လာပါပြီ။
ဒီလိုထိန်းသိမ်းဖို့ဆိုရင် တက်တူးထိုးပြီးနောက် လိမ်းပေးရမယ့် တက်တူးလိုးရှင်းတစ်ချို့ရှိပါတယ်။
Dial Anti-bacterial Soap

တက်တူးထိုးပြီးစအချိန်မှာ ထိုနေရာသည် ပွန်းပဲ့ဒဏ်ရာ ရနေတာဖြစ်ပါတယ်။ ပိုးမဝင်အောင် သေချာဂရုစိုက်ပေးရပါမယ်။ တက်တူးဆရာက ညွှန်ကြားထားတဲ့ ရက်ပြည့်လို့ ရေဆေးနိုင်ပြီဆိုရင် ဒီ ဆပ်ပြာဖြင့် ရေဆေးနိုင်ပါတယ်။ ရေဆေးပြီးသွားပါကလည်း သဘာဝလေနဲ့သာ အခြောက်ခံပေးပါ။ ပုဝါနဲ့ သုတ်တဲ့အခါ ပုဝါမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားပိုးမွှားများ ဝင်ရောက်နိုင်ပါတယ်။
ဈေးနှုန်းကတော့ ၇ ဒေါ်လာ ကျသင့်ပါလိမ့်မယ်။
Aquaphor Healing Ointment Advanced Therapy

ဒီလိုးရှင်းလေးကတော့ သင့်ရဲ့တက်တူးထိုးထားတဲ့နေရာတဝိုက်ကို အစိုဓာတ်ထိန်းညှိပေးမှာဖြစ်ပြီး ပုံမှန်လိမ်းကျံပေးသင့်ပါတယ။် ဈေးနှုန်းကတော့ ၁၈.၉၉ ဒေါ်လာ ကုန်ကျပါလိမ့်မယ်။
Garden of Life Coconut Oil

အုန်းဆီသည် သဘာဝအဆီဖြစ်ပြီး အနာကျက်မြန်စေတဲ့ ဂုဏ်သတ္တိရှိပါတယ်။ ဒါ့အပြင် အရေပြား ရောင်ရမ်းခြင်းကို သက်သာစေပြီး Sensitive အသားအရေပိုင်ရှင်များအတွက်တောင် အသုံးပြုနိုင်တာကြောင့် တက်တူးချစ်သူများအားလုံး ဆောင်ထားသင့်ပါတယ်။ ဈေးနှုန်းကတော့ ၁၈.၆၀ ဒေါ်လာ ကုန်ကျပါလိမ့်မယ်။
Lubriderm Daily Moisture Lotion

ဒီလိုးရှင်းမှာ ဗီတာမင် B5 ပါဝင်တဲ့အတွက်ကြောင့် အသားအရေအတွက် အထူးကောင်းမွန်ပါတယ်။ ဈေးနှုန်းကတော့ ၈.၉၇ ဒေါ်လာကုန်ကျမှာဖြစ်ပါတယ်။
Dove DermaSeries

ဒီလိုးရှင်းကို လိမ်းကျံပေးမယ်ဆိုရင် တက်တူးထိုးထားတဲ့အသားအရေကို အစိုဓာတ်ထိန်းပေးတဲ့အပြင် တက်တူးအရောင်ကို ပိုမိုတောက်ပစေကာ ရုပ်လုံးပိုကြွစေပါတယ်။ ဈေးနှုန်းကတော့ ၇၄.၉၅ ဒေါ်လာ ကုန်ကျပါလိမ့်မယ်။
Source: Menshealth.com
Featured Image Source: Menshealth.com
