ဖိအားတွေ သိပ်များနေသလား။ စိုးရိမ်သောကကြောင့် အိပ်ရေးပျက် အစားပျက်ဖြစ်ပြီး မွန်းကြပ်နေပြီလား။ ဒါဆိုရင် သောကကို ခပ်မြန်မြန် ဖယ်ရှားပေးဖို့ လိုနေပြီ ဖြစ်ပါတယ်။

(၁) ဝမ်းဗိုက်နဲ့ အသက်ရှုနည်း

Source: Mindful.org

Belly လို့ ခေါ်တဲ့ ချက်ကို ဗဟိုပြုတဲ့ ဗိုက်နဲ့ အသက်ရှုတာပါ။ ဒီလေ့ကျင့်ခန်းလုပ်မယ်ဆိုရင် သက်တောင့်သက်တာနေပြီး မျက်လုံးမှိတ်ထားတာကနေ စရပါမယ်။ ပုခုံးတွေ လျှော့ထားပြီး အသက်ကို ဖြည်းဖြည်းချင်း နှာခေါင်းနဲ့ ရှုရပါမယ်။ ဗိုက်ရဲ့ ဖောင်းခြင်း ပိန်ခြင်းကို ခံစားမိအောင် လုပ်ရပါမယ်။ အသက်ပြန်ရှုထုတ်ရင်တော့ ပါးစပ်နဲ့ ထုတ်ရမှာပါ။ အကြိမ်ကြိမ် လုပ်မယ်ဆိုရင် စိတ်သောက ခပ်မြန်မြန် လျော့ပါးသွားတာ တွေ့ရမှာပါ။

(၂) Buteyko အသက်ရှုနည်း

Source: Método DeRose Floripa

ခပ်မြန်မြန်အသက်ရှုတဲ့ ပုံစံဖြစ်ပြီး အောက်ဆီဂျင်ကို ပိုရအောင် နက်နက်ရှိုင်းရှိုင်း ရှူသွင်းရတာပါ။ ဖြည်းဖြည်းချင်း ရနိုင်သမျှ ရှည်ရှည် ဆွဲဆန့်ပြီး အသက်ရှုရပါမယ်။ အသက်ရှုထုတ်ပြီးတာနဲ့ နှာခေါင်းကို လက်ချောင်းတွေနဲ့ ပိတ်ထားပြီး အောင့်ထားရပါတယ်။ ပြီးမှ ပြန်ရှုရတာပါ။ အသက်ကို အောင့်နိုင်သမျှ အောင့်ထားပြီးမှ ပြန်ရှုသွင်းရပါတယ်။

(၃) ၁ : ၄ :၂ အသက်ရှုနည်း

Source: The New York Times

၁ အချိုး ၄ အချိုး ၂ အသက်ရှုနည်းဟာ ပထမဆုံး ၅ စက္ကန့်ကြာ အသက်ရှုရမှာပါ။ ပြီးရင် စက္ကန့် ၂၀ ကြာအောင် အောင့်ထားပြီး ၁၀ စက္ကန့် ကြာအောင် အသက်ပြန် ရှုထုတ်ရတာပါ။ တကယ်လို့ ဒါက ကြာတယ်ဆိုရင် ၃ စက္ကန်အ့ သက်ရှု ၊ ၁၂ စက္ကန့် အောင့်ထားပြီး ၆ စက္ကန့် ပြန်ရှုထုတ်ရပါတယ်။

(၄) မျှခြေအသက်ရှုနည်း

Source: Men’s Journal

ဖြည်းဖြည်းချင်း အသက်ရှု ၊ အသက်ရှုနေတုန်း ၁ ကနေ ၄ အထိ ရေ ၊ အသက်ရှုထုတ်ရင်လည်း ၁ ကနေ ၄ အထိ ရေပြီး ရှုထုတ်ပါ။ ဒါကို ထပ်တလဲလဲ လုပ်ရင် စိတ်သက်သာရာ ရပါတယ်။

(၅) တစ်လှည့်စီ အသက်ရှုနည်း

Source: Verywell Fit

နှာခေါင်းကို ဖွင့်လိုက်ပိတ်လိုက် လုပ်ပြီး အသက်ရှုတာပါ။ ပထမဆုံး ညာလက်နဲ့ ညာဘက် နှာခေါင်းပေါက်ကို ပိတ်ပြီး အသက်ရှုပါ။ ပြီးရင် ဘယ်လက်နဲ့ ဘယ်ဘက် နှာခေါင်းပေါက်ကို ပိတ်ပြီး ညာဘက်နှာခေါင်းနဲ့ အသက်ရှုရမှာ ဖြစ်ပါတယ်။ ဒါမျိုးကို တစ်လှည့်စီ လုပ်ပြီး အသက်ရှုသွားရမှာပါ။