အချစ်စစ်နဲ့ချစ်ကြတဲ့သူတွေက ရှားပါတယ်။ လူတွေက ဟိုတယောက်နဲ့တွဲလိုက်ပျက်သွားလိုက် နောက်တယောက်နဲ့ပြန်တွဲလိုက်နဲ့ ယနေ့ခေတ်မှာ အချစ်စစ်ဟာ တော်တော်ရှားသွားပါပြီ။တချို့လူတွေကြတော့ တစ်ဘဝလုံးတူတူနေကြတယ်။ တူတူအသက်တွေကြီးသွားကြတယ်။ ကလေးတွေကိုတူတူပြုစုပျိုးထောင်ပေးတယ်။ ဒီလူတွေကတကယ်ကို အာကျစရာကောင်းပါတယ်။ အနုပညာနဲ့နိုင်ငံရေးလောကတွေမှာ အချစ်စစ်ဟာ ပိုလို့တောင် တွေ့ရခဲပါတယ်။ ဒီနေ့မှာတော့ ရှားမှရှား အချစ်စစ်နဲ့ချစ်ကြတဲ့ Celebrity စုံတွဲတွေအကြောင်းပြောပြပေးသွားမှာပါ။

Barack Obama နဲ့ Michelle Obama

Barack Obama and Michelle Obama

Source : Entertainment Tonight

Obama ကိုတော့လူတိုင်းသိကြမယ်ထင်ပါတယ်။ Barack Obama နဲ့ Michelle Obama တို့ဟာ ၁၉၈၉ မှာတယောက်နဲ့တယောက် တွေ့ခဲ့ကြတာပါ။ Michelle ဟာ Obama ပထမဆုံးသူမကို ဒိတ်လုပ်ဖို့ ပြောတဲ့အချိန်မှာပဲ လက်ခံခဲ့တာပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ သူမဟာ Obama ကအဲ့ဒီတုန်းက စိတ်ဝင်စားဖို့မကောင်းဘူးလို့ ဝန်ခံပြောကြားခဲ့ပါသေးတယ်။

၂၀၁၆ ခုနှစ်ကထွက်ခဲ့တဲ့ Southside with You ဇာက်ကားက သူတို့နှစ်ယောက်ရဲ့အကြောင်းရိုက်ထားတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ၁၉၉၂ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။ အခုဆိုရင် အိမ်ထောင်သက် ၂၆ နှစ်ရှိပါပြီ။

Will Smith နဲ့ Jada Pinkett Smith

Will Smith and Jada Pinkett Smith

Source : Page Six

Will Smith နဲ့ Jada Pinkett Smith တို့က ၁၉၉၄ မှာဆုံခဲ့ကြတာပါ။ The Fresh Prince of Bel-Air ဆိုတဲ့ တီဗီ စီးရီးမှာ Jada က Will Smith ရဲ့ကောင်းမလေးနေရာကနေ လာအရွေးခံတဲ့အချိန်မှာတွေ့ခဲ့ကြတာပါ။

Jada ဟာ အရွေးမခံရပေမဲ့ Will Smith နဲ့ ၁၉၉၅ ခုနှစ်မှာ တကယ့်အပြင်ဘဝမှာ တွဲဖြစ်ခဲ့ကြပါတယ်။ ၂ နှစ်လောက်တွဲပြီး ၁၉၉၇ မှာလက်ထက်ခဲ့ကြပါတယ်။ ယခုလက်ရှိ သားတယောက်နဲ့သမီးတယောက် ရနေပါပြီ။Will Smith နဲ့ Jada Pinkett Smith တိုရဲ့အိမ်ထောင်သက်တမ်းဟာ ၂၃ နှစ်ရှိပါပြီ။

David Beckham နဲ့ Victoria Beckham

David Beckham and Victoria Beckham

Source: Hello Magazine

သူတို့နှစ်ယောက်ကတော့ ၁၉၉၇ မှာတွေ့ကြပြီးတော့ ၁၉၉၉ မှာလက်ထပ်ခဲ့ကြပါတယ်။ အိမ်ထောင်သက် ၂၁ နှစ် ကျော်တဲ့ထိ တူတူရှိနေကြဆဲပါ။ အခုဆိုရင် ကလေး ၄ ယောက်ရှိနေပါပြီ။

၂၁၀၇ မှာ သူတို့နှစ်ယောက်က မင်္ဂလာပွဲ နောက်တခါကျင်းပပြီးတော့ ကတိသစ္စာဆိုခဲ့ကြပါသေးတယ်။ “သူက ကျမရဲ့ဖူးစာရှင်အမှန်ပါ။ သူဟာပြီးပြည့်စုံတဲ့ ယောက်ကျားတယောက်ပါ။ ကျမက အရမ်းကံကောင်းတဲ့ မိန်းမတယောက်ပါ” ဆိုပြီးတော့ Today Show မှာ Victoria ကပြောခဲ့ပါသေးတယ်။

Tom Hanks နဲ့ Rita Wilson

Tom Hanks and Rita Wilson

Source: Brain Sharper

အသက် ၆၂ နှစ်စီရှိကြပြီဖြစ်တဲ့ Tom Hanks နဲ့ Rita Wilson တို့ဟာ Hollywood ရုပ်ရှင်လောကရဲ့ လေးစားမှုခံရတဲ့ စုံတွဲပါ။ သူတို့နှစ်ယောက်ဟာ ၁၉၈၁ ခုနှစ်မှာ တွေ့ခဲ့ကြတာပါ။

၁၉၈၈ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီးတော့း ယနေ့တိုင်တိုင် တယောက်နဲ့တယောက်ချစ်နေကြဆဲပါ။ကင်မရာရှေ့မှာကော ကင်မရာနောက်မှာပါ တယောက်လိုအပ်တာရှိရင်နောက်တယောက်က ဖြည့်ဆည်းပေးနေကြဆဲပါ။

Robert Downey Jr. နဲ့ Susan Levin

Robert Downey Jr. and Susan Levin

Source: Pop Sugar

Iron Man မင်းသား Robert Downey Jr. နဲ့ Susan Levin တို့ဟာ ၂၀၀၃ မှာစတင်တွေ့ခဲ့ကြပါတယ်။ ၂၀၀၅ ခုနှစ်မှာလက်ထပ်ခဲ့ကြပြီးတော့ အိမ်ထောင်သက် ၁၄ နှစ်ရှိနေပါပြီ။

Susanကကျနော့အတွက်သူငယ်ချင်းကောင်းတယောက်လိုပါပဲ”  “Robert နဲ့အတူနေရင်ကျမဘယ်တော့မှ မပျင်းပါဘူး” ဆိုပြီး တယောက်အပေါ်မှာထားတဲ့ နောက်တယောက်အမြင်ကို The Oprah Winfrey Show မှာပြောခဲ့ကြပါသေးတယ်။