ရေမွှေးဆွတ်ခြင်းက မိမိကိုယ်ကိုယုံကြည်မှုရှိစေသလို၊ စိတ်ဖိစီးမှုများကိုလည်း လျော့ကျစေပြီး သက်သောင့်သက်သာခံစားရအောင် ကူညီပေးနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ သင်းပျံ့တဲ့မွှေးရနံ့တွေက မှတ်ဥာဏ်ကောင်းတွေကို မမေ့လျော့စေဖို့အတွက် အထောက်အကူပြုပါတယ်။ ဒါ့အပြင် ခံစားချက်ကောင်းတွေခံစားရအောင်လည်း ကူညီပေးပါသေးတယ်။ စာဖတ်သူကွီးတို့ရော ဘယ်လိုရည်ရွယ်ချက်ကြောင့် ရေမွှေးဆွတ်တာကြတာလဲ။

ရေမွှေးအသုံးပြုတဲ့အခါမှာလည်း နည်းမှန်လမ်းမှန်အသုံးပြုသင့်ပါတယ်။ ရေမွှေးဆွတ်တာများသွားတဲ့အခါ တစ်ဖက်လူကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပြီး မိမိအဝေးကနေပြေးထွက်ချင်စိတ်ပေါက်အောင် လှုံ့ဆော်နေတတ်ပါတယ်။ ဒါ့ကြောင့် စာဖတ်သူတို့အတွက် ရေမွှေးကို နည်းမှန်လမ်းမှန်ဘယ်လိုအသုံးပြုသင့်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

မှားယွင်းတဲ့ရေမွှေးအမျိုးအစားကို အသုံးပြုမိခြင်း

Source: shutterstock.com

ရေမွှေးနံ့တွေက အမျိုးမျိုးအစားစားရှိပါတယ်။ ဒါပေမဲ့ အမျိုးသားတွေက ကိုယ်ရဲ့ကိုယ်သင်းနံ့နဲ့မလိုက်ဖက်တဲ့ရနံ့တွေကိုသာ ရွေးချယ်ဝယ်ယူမိတတ်ကြပါတယ်။ သင့်ရဲ့ ကိုယ်သင်းနံ့ကို ဖုံးကွယ်ပေးနိုင်မယ့် ရေမွှေးအမျိုးအစားကိုသာ ရွေးချယ်ဖို့ လိုအပ်ပါတယ်။ နို့မဟုတ်ရင် သင့်ခန္ဓာကိုယ်ချွေးနံ့ကသပ်သပ်၊ သင့်ရေမွှေးနံ့က သပ်သပ်စီဖြစ်သွားပါလိမ့်မယ်။

ကိုယ်တိုင်ကိုယ်ကျ မရွေးချယ်ဘဲ သူများကို ရွေးချယ်ခိုင်းခြင်း (သို့) လက်ဆောင်ရရှိခြင်း

Source: 95design9.tk

လက်ဆောင်ရတာကတော့ ကောင်းတဲ့လက္ခဏာဖြစ်ပေမယ့် လက်ဆောင်ပေးတဲ့သူက သူကြိုက်တဲ့ရေမွှေးနံ့ကို လက်ဆောင်ပေးမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် တချို့အမျိုးသားတွေကကျတော့ သူတို့ရဲ့ ချစ်သူကောင်မလေးကို ရေမွှေးရွေးခိုင်းလေ့ရှိပါတယ်။ ဒါဆိုရင်တော့ ကိုယ်နဲ့လိုက်ဖက်တဲ့ရနံ့ကို ရွေးချယ်ဝယ်ယူနိုင်မှာမဟုတ်တော့ပါဘူး။

ရေမွှေးပြောင်းသုံးတဲ့အခါ ဘူးအကြီးဝယ်သုံးခြင်း

Source: alibaba.com

လက်ရှိသုံးနေတဲ့ရေမွှေးနံ့ကို မကြိုက်လို့ အသစ်တစ်ခုစမ်းသုံးချင်တဲ့အခါ တစ်ကြိမ်တည်းနဲ့ ဘူးအကြီးမဝယ်မိပါစေနဲ့။ ဘူးအသေးလေးပဲ အရင်စမ်းသုံးကြည့်ပြီး ကြိုက်တယ်ဆိုမှ ဘူးအကြီးဝယ်ရပါမယ်။

ရေမွှေးဆွတ်တဲ့အခါ ပြုလုပ်မိတဲ့အမှားကတော့

Source: executivestyle.com.au

မိမိခန္ဓာကိုယ်အပေါ်ကနေ စီး၍ဖြန်းခြင်း၊ လက်ကောက်ဝတ်အတွင်းမှာ ဆွတ်၍ လက်နှစ်ဖက်ကို ပွတ်တိုက်ခြင်း၊ သာမန်ထက် လွန်ကဲစွာ ဆွတ်ခြင်းတို့ကို ရှောင်ကြဉ်သင့်ပါတယ်။

ရေမွှေးကို နည်းမှန်လမ်းမှန် ဘယ်လိုဆွတ်ရမလဲ

ရေချိုးပြီးလို့ ရေခြောက်အောင် သုတ်ပြီးသွားတဲ့အခါ အဝတ်မဝတ်ခင် ရေမွှေးဆွတ်ရပါမယ်။ ရင်အုပ်ပေါ်မှာ ဆွတ်ပါ၊ နားရွက်အနောက်နဲ့ လည်ပင်းအနောက်ဘက်ခြမ်းဆီမှာ ဆွတ်ပါ။ လက်ကောက်ဝတ်နှစ်ဖက်ကို မပွတ်ဘဲ ဒီအတိုင်းဆွတ်ရပါမယ်။ ဒါကတော့ ရေမွှေးနံ့လေး တစ်နေ့တာလုံးတာရှည်ခံဖို့အတွက် ကူညီပေးနိုင်ပါတယ်။

ရေမွှေးကို ဘယ်နေရာမှာ ထားသိုထားရမလဲ

Source: wikihow.com

နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့တဲ့နေရာ၊ ရေချိုးခန်းထဲမှာ (သို့) ကားထဲမှာ ထည့်ထားခြင်းကို ရှောင်ကြဉ်ရပါမယ်။ ကားတွင်ထည့်သည့် အမွှေးနံ့ရေမွှေးကလွဲ၍ ကားထဲမှာ မည်သည့်ရေမွှေးမှ မထည့်ပါနဲ့။ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုများတဲ့အခါ သင့်ရေမွှေးနံ့က တဖြည်းဖြည်း ရနံ့ပြယ်သွားတတ်ပါတယ်။