ပုံမှန်အားဖြင့် အသားခြောက်တယ်ဆိုတာ ‌‌ရေသောက်နည်းလို့ ဖြစ်တတ်ပါတယ်။ ရာသီဥတု အပူအအေးနဲ့လည်း ဆိုင်ပါသေးတယ်။ စိုထိုင်းဆ နည်းတဲ့ နေရာတွေမှာ နေထိုင်သူတွေဟာ အသားခြောက်တဲ့ဒဏ်ကို ပိုခံရတတ်ပါတယ်။
တစ်ခါတစ်လေမှာ လူရဲ့ နေမှုထိုင်မှုပုံစံပေါ်လည်း မူတည်ပါတယ်။ တကယ်လို့ ကိုယ်က အသားအ‌ရေခြောက်တတ်တယ်ဆို‌ရင် ပိုပြီး ဂရုစိုက်ဖို့ လိုပါတယ်။ အခုပြောမယ့် အမှားတွေကိုလည်း တတ်နိုင်သမျှ ရှောင်ရှားကြဖို့ အကြံပြုလိုက်ပါတယ်။

(၁) ဆပ်ပြာနဲ့ မျက်နှာသစ်ခြင်း

Photo: mensxp

ဆပ်ပြာနဲ့ မျက်နှာသစ်ခြင်းဟာ အသားအရေ ခြောက်သွေ့ကြမ်းတမ်းစေတဲ့အပြင် ယားယံမှုပါ ဖြစ်နိုင်ပါတယ်။ မျက်နှာအသားအရေဟာ ကျန်တဲ့ အသားအရေတွေထက် နုနယ်ပါတယ်။ ဒါကြောင့် မျက်နှာအတွက် သီးသန့်ထုတ်ထားတဲ့ Facial Form ပဲ သုံးသင့်ပါတယ်။

(၂) မတည့်တဲ့ မျက်နှာအလှကုန်ပစ္စည်း သုံးခြင်း

Photo: mensxp

အသားအရေခြောက်တတ်သူတွေက သာမန်လူတွေထက် အရေပြားက ထိခိုက်လွယ်တတ်ပါတယ်။ အထူးသဖြင့် ကိုယ့် Skin Type နဲ့ မကိုက်တဲ့ အလှကုန်တွေ သုံးရင် သိသိသာသာ ထိခိုက်ပျက်စီးတတ်ပါတယ်။ ဒီတော့ မျက်နှာအလှကုန်တွေ ဝယ်ခါနီး ကိုယ့်အသားအရေနဲ့ အဆင်ပြေမပြေကို အရင်ကြည့်ပါ။

(၃) အစိုထိန်းခရမ် မသုံးခြင်း

Photo: mensxp

နေ့တိုင်း အစိုထိန်းခရမ် Moisturizer သုံးတာဟာ မျက်နှာအသားအရေ ခြောက်သွေ့တတ်သူတွေအတွက် အထူးသင့်လျော်ပါတယ်။ အနည်းဆုံး တစ်နေ့ကို ၂ ကြိမ် ၃ ကြိမ် အသုံးပြုပေးသင့်ပါတယ်။ ညဘက်မှာဆိုရင်တော့ Night Cream ဒါမှမဟုတ် Serum တစ်ခုခု သုံးပါ။

(၄) နေပူထဲ အနေများခြင်း

Photo: Freepik

မနက်ခင်းအစောပိုင်း နေရောင်ခြည်အောက် လမ်းလျှောက်ပေးတာဟာ ကျန်းမာရေးအတွက် ကောင်းပါတယ်။ ဒါပေမယ့်လည်း ပြင်းထန်တဲ့ နေရောင်ထိတွေ့မှု များလာရင်တော့ အသားအရေပျက်စီးမှာ အမှန်ပါပဲ။ ဒီလိုပါပဲ။ အဲကွန်းရှေ့တည့်တည့်အိပ်တာ ၊ ကြာကြာထိုင်တာမျိုးကလည်း အသားအရေကို ခြောက်စေနိုင်လို့ သတိထားရှောင်ကြဉ်သင့်ပါတယ်။

(၅) နှုတ်ခမ်းကို လျှာနဲ့ မကြာခဏ သပ်ခြင်း

Photo: mensxp

အသားအရေခြောက်တဲ့ ဒဏ်ခံစားရချိန်မှာ နှုတ်ခမ်းတွေလည်း အလားတူ ခြောက်သွေ့ အက်ကွဲနိုင်ပါတယ်။ ဒီလိုအချိန်မှာ နှုတ်ခမ်းကို လျှာနဲ့ မကြာမကြာ သပ်တာဟာ ခဏပန်းတော့ သက်သာရာရပေမယ့် ရေရှည်မှာ ရေဓါတ်ခမ်းလျှောက်နိုင်ပါတယ်။ ဒါကြောင့် လျှာနဲ့ နှုတ်ခမ်းကို သပ်တင်မယ့်အစား အစိုထိန်းပေးမယ့် Lip Balm ပဲ နှုတ်ခမ်းမှာ လိမ်းပေးသင့်ပါတယ်။