ကိုယ်သဘောကျတဲ့ ကောင်မလေးနဲ့ နှစ်ယောက်တည်း စကားပြောရမယ်ဆိုရင် သူမရဲ့ စိတ်ဝင်စားမှုရအောင် ဘယ်လိုပြောကြမလဲ။ ဒီနေရာမှာ စကားဝိုင်းရဲ့ ခေါင်းစဉ် Tipic က အရေးကြီးလာပါတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့ အကြောင်းအရာက သူမစိတ်ဝင်စားတဲ့အရာနဲ့ ထပ်တူကျရင် တူနှစ်ကိုယ်နီးစပ်ဖို့ အမှတ်တိုးပြီလို့ ဆိုရမှာပါ။အဲ ခေါင်းစဉ်မှားပြီး သွားဆွေးနွေးမိရင် ရှေ့ဆက်ဖို့ ပြဿနာရှိနိုင်ပါတယ်။ ဒီတော့ ကောင်မလေးတစ်ယောက်နဲ့ စကားလက်ဆုံ ပြောတော့မယ်ဆိုရင် ယေဘုယျရှောင်ရှားသင့်တဲ့ အကြောင်းအရာတစ်ချို့အကြောင်းကို သိထားဖို့ လိုပြီ ဖြစ်ပါတယ်။
(၁) နိုင်ငံရေး
Photo: Shutter Stock
ကောင်မလေးတစ်ယောက်ကို သွား Q နေချိန်မှာ စကားမဟသင့်တာ နိုင်ငံရေး ဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာ အမြင်အမျိုးမျိုးနဲ့ ဖွဲ့စည်းထားတဲ့ ပန်းချီတစ်ချပ်လို ဖြစ်ပါတယ်။ သူ့အမြင်ကို သင်မသိသေးသရွေ့ စကားမစ သင့်တဲ့ အထဲမှာ ပါပါတယ်။ သူ့အမြင်နဲ့ သင့်အမြင် မကိုက်ဘူးဆိုရင်တော့ ငြင်းခုံတာနဲ့ ပွဲသိမ်းရမလားဆိုတာတောင် မသေချာပါဘူး။
(၂) သင့်ရည်းစားဟောင်း
Photo: shutterstock
ဒါကတော့ မရေးထားတဲ့ ဥပဒေပါ။ သင့်ရဲ့ Ex အကြောင်းဟာ သင့်ရဲ့ ရည်စားလောင်းရှေ့မှာ ကိုယ့်ဘက်က ဘယ်တော့မှ စမပြောသင့်တဲ့ အထဲမှာ ပါပါတယ်။ တကယ်လို့ သူမေးလာခဲ့ရင်လည်း သင့်အနေနဲ့ စကားမလွန်စေဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ ပုဂ္ဂိုလ်ရေးအကြောင်းအရာတစ်ခုကို ပြန်ပြောရာမှာ တရားသူကြီးတစ်ယောက်လို ခံစားချက်ကင်းကင်းနဲ့ ပြောနိုင်ရင် အကောင်းဆုံးပါ။
(၃) ဘာသာရေး
Photo: pexels
သင့်မှာ ဒါနဲ့ ပတ်သက်ပြီး ဆွေးနွေးစရာတွေ အများကြီး ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် ကောင်မလေးတစ်ယောက်နဲ့ သွားပြီး မဆွေးနွေးသင့်တဲ့ အထဲမှာ ဘာသာရေးလည်း ပါပါတယ်။ တကယ်လို့ ဘာသာရေးအကြောင်း ပြောချင်လာရင် ရည်းစားဖြစ်တဲ့အထိ စောင့်လိုက်ပါ။
(၄) အလုပ်အကိုင်
Photo: movin925
အလုပ်အကိုင်ကတော့ မပြောသင့်တဲ့ အကြောင်းအရာလို့ ပြောလို့မရပါဘူး။ တစ်ခုပဲ။ အများကြီး မပြောဖို့လိုပါတယ်။ တစ်မိနစ် နှစ်မိနစ်လောက်ဆို တော်ပါပြီ။ သင်ဟာ အလုပ်အင်တာဗျူးဝင်နေတာ မဟုတ်သလို အရောင်းအဝယ်လုပ်နေတာလည်း မဟုတ်ပါဘူး။
(၅) ကိုယ့်အကြောင်း
Photo: themodernman
ကိုယ်ရည်သွေးတာမျိုးနဲ့ ကိုယ့်အကြောင်းကို ပြောတာမျိုးက ရှောင်သင့်တဲ့ စကားအကြောင်းအရာထဲမှာ ပါပါတယ်။ လူတော်တော်များများဟာ သင့်မှာ ပိုက်ဆံဘယ်လောက် ရှိတယ်။ သင့်အိမ်ဘယ်လောက် ကြီးတယ်။ သင် ဘယ်လောက် အောင်မြင်နေသလဲဆိုတာတွေ စိတ်ဝင်စားတာ မဟုတ်ပါဘူး။ ဒီလိုတွေ ပြောနေရင် သင့်ကို ငပေါလို့ ထင်ချင် ထင်နိုင်ပါတယ်။ သင့်အကြောင်းကို သိပ်ပြောချင်ရင်လည်း တစ်ခွန်းစ နှစ်ခွန်းစနဲ့ အလျင်းသင့်မှ ပြောသင့်ပါတယ်။ အခုပြောတဲ့ အကြောင်းအရာတွေကို ရှောင်နိုင်ရင်တောင် သင်နဲ့ ကောင်မလေးအကြား စိုပြေအဆင်ပြေတဲ့ စကားဝိုင်းဖြစ်နိုင်ပါတယ်။